📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Hoard (2023)

Hoard ဆိုတဲ့ ဇာတ်ကားလေးကတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ အတိတ်ရဲ့အရိပ်မည်းတွေကြောင့် စိတ်ဒဏ်ရာ ရနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပုံဖော်ရိုက်ကူးထားပြီး နာမည်ကြီး Stranger Things သရုပ်ဆောင်ဖြစ်တဲ့ Joseph Quinnလည်းပါဝင်သရုပ်ဆောင်ထားတဲ့Psychological Drama, Coming-of-Ageကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

မာရီယာဆိုတဲ့ကောင်မလေးဟာ အမှိုက်တွေနဲ့မလိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းတတ်တဲ့ရောဂါ(Hoarding Disorder) ရှိတဲ့ မိခင်နဲ့ခံစားချက်ခိုင်မာပြင်းထန်တဲ့ရင်းနှီးဆက်နွှယ်မှုတွေရှိလျက် ကြီးပြင်းလာရပြီး မိခင်မတော်တဆဖြစ်တာကြောင့် မွေးစားမိဘတွေနဲ့အတူနေခဲ့ရပါတယ်။

သူဟာ သူ့အမေရှိခဲ့တဲ့ Hoarding Disorderကြောင့်နေထိုင်ခဲ့ရတဲ့ဘဝပုံစံကိုမေ့လုနီးပါးဖြစ်ချိန် ဆယ်စုနှစ်အကြာမှာ မိုက်ကယ်ဆိုတဲ့ကောင်လေးဟာသူ့ဘဝထဲကိုဝင်ရောက်လာခဲ့ပါတော့တယ်။

မာရီယာနဲ့ မိုက်ကယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ပြင်းထန်မှုဆက်နွှယ်ခြင်းက သူမရဲ့ စိတ်ဒဏ်ရာတွေကိုပြန်လည်ပေါ်ပေါက်လာစေပြီး သူမရဲ့အမေလိုအမှိုက်တွေနဲ့မလိုအပ်တဲ့ ပစ္စည်းတွေကို လိုက်စုဆောင်းပြီး အတိတ်က သူ့အမေနဲ့ ရှိခဲ့တဲ့ ပုံရိပ်တွေကိုပုံဖော်နေမိပါတော့တယ်။

သူမအမေဟာ မတော်တဆဖြစ်တုန်းက မသေဆုံးခဲ့ဘဲ ၁၀နှစ်ကြာမှ သေဆုံးသွားတာကို သိလိုက်ရတာကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာထပ်ရသွားပြီး မိုက်ကယ်ဟာလဲသူ့ကောင်မလေး ကိုယ်ဝန်ရှိနေတာသိလိုက်ရတော့ ပိုဆိုးသွားပါတယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ဒီစိတ်ဒဏ်ရာတွေကနေ လွတ်မြောက်သွားနိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဗျာ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်