Author: Baby Yit Lone

  • My First of May

    My First of May

    My First of May (2025) ဒီဇာတ်လမ်းကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ မိသားစုဒရာမာပဲလို့ ပြောရမှာပေါ့သွမ့်ရှူယန် ဆိုတဲ့ လူတစ်ယောက် သူဟာ တစ်ချိန်က ဟောင်ကောင် ချန်ပီယံ သုံးကြိမ်တောင် ရဖူးတဲ့သူ … ဒါပေမဲ့ အခုတော့ ခြေထောက်မသန်တော့တဲ့အတွက် အားကစားနည်းပြ အလုပ်လုပ်ရင်း၊ တစ်ခါတစ်လေ လက်မှတ်မှောင်ခိုလုပ်တယ်လို့တောင် အပြောခံရတဲ့ဘဝနဲ့ ရုန်းကန်နေရတယ်။ သူ့ဘဝရဲ့ အဓိက စိန်ခေါ်မှုကတော့… သူ့သမီးလေး အားစီ ပါ…သမီးလေးက မသန်စွမ်းဘီးတပ်ကုလားထိုင်နဲ့ အသက်ရှူစက်ကို အသုံးပြုနေရပြီး ရောဂါကလည်း ဆိုးရွားလာတယ် ဒါကြောင့် သွမ့်ရှူယန်ဟာ အိမ်ငှားခသက်သာတဲ့ အခန်းကျဉ်းလေးမှာ ခိုအောင်းနေရင်း ၊ သူ့သမီးနဲ့ အမေ့ကို ပိုက်ဆံပို့ပေးနေရတယ်…ဒါ့အပြင်… သူ့အမေနဲ့လည်း အဆင်မပြေဘူး။ အမေက အစိုးရအိမ်ရာ လေးယောက်စာ အခန်းကို လက်ဝါးကြီးအုပ်ထားတာမို့ စစ်ဆေးရေး…

  • Derelict

    Derelict

    Derelict (2025) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ ဗြိတိန်နိုင်ငံက ဘတ်ဂျက်အနည်း ဆုံးနဲ့ ရိုက်ကူးထားပေမဲ့ အနုပညာတန်ဖိုးမြင့်မားတဲ့ ဒရာမာကား Derelict ကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ် Derelict ရုပ်ရှင်ဟာ ပုံမှန် အစ၊ အလယ်၊ အဆုံး ဖွဲ့စည်းပုံအတိုင်း မဟုတ်ဘဲ၊ အချိန်ကာလကို နောက်ပြန်လှည့်ပြီး ဇာတ်လမ်းကို ပိုင်းခြား တင်ဆက်ထားတဲ့ (Non-linear Narrative) ပုံစံမျိုးကို အသုံးပြုထားပါတယ်။ ဒီဇာတ်ကားဟာ အဓိက ဇာတ်ကောင်နှစ်ဦးရဲ့ ဘဝကို အပြိုင်ပြသပြီး၊ သူတို့ရဲ့ ကံကြမ္မာ ဘယ်လို ရောယှက်သွားတယ်ဆိုတာကို ဖော်ပြပါတယ်။ အက်ဘီဂေးဟာ ဖခင်ဖြစ်သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အတွက် ပြင်းပြတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ လက်စားချေလိုစိတ် တွေ လွှမ်းမိုးနေတဲ့ လူငယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဖခင်ကို သတ်ခဲ့တဲ့…

  • ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    စစ်တပ်​ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ဖြိုး​​ရေးပါတီကနိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ၊ သုဝဏ္ဏမှာလုပ်ခဲ့တဲ့ မဲဆွယ်​ဟော​ပြောပွဲ လာတဲ့သူတွေကို ကျပ်၂၀၀၀၀ ပေးမယ်ဆိုပြီး ၇၀၀၀ ကျပ်ပဲ​ပေးတယ်လို့ ပွဲကိုသွားရောက်သူတွေကပြောပါတယ်။ အဆိုပါမဲဆွယ်ဟောပြောပွဲကို ကြံဲ့ဖွံ့က စည်ကားစေဖို့အတွက် ခရိုင်အလိုက် လူတွေကိုစုခိုင်းပြီး YBS ယာဉ်နဲ့အကြို/အပို့ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ခရိုင်အလိုက်ပွဲလာတဲ့သူတွေကို ကြံ့ခိုင်ရေးပါတီက တစ်ယောက်ကို ၂၀၀၀၀ ပေးမယ်လို့ ရပ်ကွက်ထဲမှာ​ပြောပြီးလူစုခေါ်ခဲ့တာလို့ ပွဲသွားခဲ့သူအချို့က​ပြောပါတယ်။ “ပိုက်ဆံလည်းမရဘူး။ သူတို့က ၂၀,၀၀၀ ပေးမယ်ဆိုပြီးပြောတယ်။ထမင်းလည်းကျွေးမယ်ပေါ့။ တစ်ကယ်တမ်းကြမပေးဘူး။ ကျွေးတာတောင်မဖြစ်စလောက်လေး။ ၇,၀၀၀ ပဲပေးတယ်။ အဲဒါတောင် လိုက်တောင်းနေရတာ။ တော်တော်နဲ့မပေးဘူး” လို့ ကြံ့ဖွံ့ပါတီ​ ဥက္ကဌ ဦးခင်ရီ​ဟော​ပြောမဲဆွယ်တဲ့ပွဲကိုတတ်ရောက်သူတဦးကပြောပါတယ်။ ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲမှာ ပိုက်ဆံ​​ပေးမယ်ဆိုပြီးလူစုခဲ့တာ​ကြောင့် လူဦးရေတစ်သောင်းခန့်တက်​ရောက်ခဲ့တယ်လို့ဆိုပါတယ် ။ပွဲကိုစစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်ယူထားပေးတယ်လို့လည်းစုံစမ်း သိရပါတယ်။ အလားတူ ကြံ့ဖွံ့ ပါတီ အမတ်​လောင်းဆိုသူ​တွေကလည်း စစ်တပ်​ရွေး​ကောက်ပွဲအတွက်…

  • ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွာကို လာမှာဖြစ်တဲ့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဈေးသွားဝယ်တဲ့ ရပ်ကျေးပါတီဥက္ကဋ္ဌတယောက် နိုဝင်ဘာ ၂၂ ရက် မနက်က ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ မနက်အစောပိုင်းက နေအိမ်ကနေ ဈေးဝယ်ထွက်လာတဲ ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တယောက်ဟာ ကျွတ်ကန်ကျေးရွာအဝင်မှာ စကားများ ရန်ဖြစ်ပြီး ဓားနဲ့အထိုးခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “ကြံ့ခိုင်ရေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မျိုးမြင့်သိန်း လာမယ်ဆိုလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရွှေတောင်ရွာမှာ ဈေးသွားဝယ်တာ၊ ကျွတ်ကန်ရွာအဝင်မှာ လူငယ်တွေနဲ့ စကားများပြီး ဓားနဲ့ထိုးခံရတာ။ ဈေးတောင် မရောက်ဘူး၊ ပွဲချင်းပြီး သေသွားတယ်။” သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာအုပ်စုက ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။ “ရန်ဖြစ်…

  • စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်တွေ ဝိုင်းရံထားတဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်း အထိုင်ချလုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ ဟန်မပျက်ဆက်ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲဒီကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ စစ်တပ်ပတ်လည်ရှိနေတဲ့ ခရေပင်လမ်းခွဲနဲ့ တညင်းကုန်းလမ်းဆုံကြားမှာ အထိုင်ချပြီး လုပ်ငန်းလုပ်ကိုင်နေတာလို့ ကိုယ်တိုင်ငွေလိမ်ခံရပြီး အဲဒီနေရာရောက်ခဲ့ဖူးသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။ မြို့ခံတွေ ငွေလိမ်လည်ခံလာရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်မှာ ကျားဖြန့်ရုံးရှိတဲ့ နေရာဆီ လူအဝင်၊ အထွက် တင်းကျပ်ထားပြီး လုပ်ငန်းဆက်ရှိနေသေးတဲ့ လှုပ်ရှားမှုတွေ ဆက်တွေ့ရတယ်လို့ ကိုယ်တိုင်ငွေလိမ်ခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။ “ငွေလိမ်ဖို့ အရင်ဆုံး ချိတ်ဆက်ပေးတဲ့ တယောက်လည်း ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ။ သူတို့ သွား လာလှုပ်ရှားတာတွေလည်း မြင်နေရတာဆိုတော့ လုပ်ငန်းဆက်ရှိနေသေးတယ်လို့ ပြောလို့ရတယ်။” အဲဒီကျားဖြန့်လုပ်ငန်းအနီးဝန်းကျင်မှာ ၆၄၆ တပ်၊ တညင်းကုန်း စစ်သားစုဆောင်းရေးတပ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်တပ်လိုင်းခန်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတို့…