Author: Baby Yit Lone

  • စစ်ဆင်ရေးလိုအပ်ချက်အရ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း

    စစ်ဆင်ရေးလိုအပ်ချက်အရ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း

    စစ်ဆင်ရေးလိုအပ်ချက်အရ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဟာ စစ်ဆင်ရေးလိုအပ်ချက်အရ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အဆိုပါတပ်ရင်းက နိုဝင်ဘာ ၂၀ရက်မှာ ကြေညာပါတယ်။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)ကနေ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ Rangoon Warriors PDF တပ်ရင်းက တပ်ရင်းမဖြစ်တည်လာမီ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းတွေကို ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ ထုတ်ပြန်အသိပေးခဲ့ရာ မြို့ပြစစ်ဆင်ရေးတွေအပါအဝင် စစ်ကောင်စီ တပ်ရင်းဌာနချုပ်နဲ့ တပ်စခန်းတွေ သိမ်းပိုက်ခဲ့ရာမှာ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီ ၅ရက်ကစတင်၍ ရန်ကုန်တိုင်း ပကဖရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

  • မူဆယ်တွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် အင်အားဆက်တိုက်ဖြည့်နေ

    ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်မြို့သို့ ရဟတ်ယာဥ်ဖြင့် စစ်အင်အားများ ထပ်မံဖြည့်တင်းနေကြောင်း မူဆယ်ဒေသခံနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နှင့် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းများတွင် စစ်တပ်ရဟတ်ယာဥ်များ မူဆယ်၊ ဟိုမွန်ရပ်ကွက်ပြင်ပကပ်လျက် ဂေါက်သီးလေ့ကျင့်ရေးကွင်းအတွင်းသို့ ဆက်တိုက်ဆင်းလျက်ရှိနေပြီး စစ်တပ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့ရသည့် မူဆယ်ဒေသခံများက ပြောသည်။ “ပထမ ဒီက စကခ-၁၄ တပ်တွေနဲ့ချိန်းတာထင်နေတာ။ မဟုတ်ဘူးဘဲ။ လူတွေ အဆင်းပဲရှိပြီး အတက်မရှိတော့ အင်အားဖြည့်နေတာဘဲလေ။ ခန့်မှန်းတာတော့ တစ်ခေါက် ၂၀နဲ့တွက်တောင် ၂၀၀ လောက်ရှိမယ်” ဟု ဟိုမွန်ရပ်နေဒေသခံတစ်ဦးက ပြောသည်။ မူဆယ်သို့ စစ်တပ်အင်အားဖြည့်ခြင်းမှ TNLA ထိန်းချုပ် နမ့်ခမ်းထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထိန်းချုပ်ထားသည့် ၁၀၅ မိုင်နှင့်…

  • မာန်အောင်မှ ရန်ကုန်သို့ တက္ကသိုလ်သွားတက်မည့်ကျောင်းသား/ကျောင်းသူများကို အကြမ်းဖက်စစ်တပ်က ကြိုတင်မဲပေးပြီးမှ သွားခွင့်ပြု

    မာန်အောင်မှ ရန်ကုန်သို့ တက္ကသိုလ်သွားတက်မည့်ကျောင်းသား/ကျောင်းသူများကို အကြမ်းဖက်စစ်တပ်က ကြိုတင်မဲပေးပြီးမှ သွားခွင့်ပြု

    ရခိုင်ပြည်၊ မာန်အောင်မြို့နယ်မှ ရန်ကုန်သို့ တက္ကသိုလ်သွားရောက်တက်မည့်ကျောင်းသား/ကျောင်းသူများကို အကြမ်းဖက်စစ်တပ်က ကြိုတင်မဲပေးပြီးမှ သွားရောက်ခွင့်ပြုကြောင်း သတင်းရရှိသည်။ အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားဆဲ မာန်အောင်မြို့တွင် ကျောင်းသူ/ကျောင်းသားတချို့မှာ ရန်ကုန်တွင် တက္ကသိုလ်သွားရောက်တက်ရမည်ဖြစ်၍ အကြမ်းဖက်စစ်တပ်၏ ဌာနဆိုင်ရာ ထွေ/အုပ်ရုံးများတွင် စာတင်ထားရပြီး ကြိုတင်မဲပေးပြီးမှ သွားရောက်ခွင့် ခွင့်ပြုသည့်စာ ရရှိသည်ဟု မာန်အောင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ရန်ကုန်ကိုကျောင်းသွားတက်ဖို့ ရုံးတွေမှာစာတင်ရတယ်။ သွားခွင့်စာကျပြီဆိုတာနဲ့ ကြိုတင်မဲထည့်ပေးရတယ်။ ကြိုတင်မဲထည့်ပြီးမှ ခွင့်ပြုတဲ့သဘောပေါ့။ ခုလက်ရှိ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေ ကြိုတင်မဲထည့်နေကြရတယ်”ဟု ပြောသည်။ ကြိုတင်မဲများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ထည့်ခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။ မာန်အောင်မှ-ရန်ကုန်သို့ ကုန်တင်သင်္ဘောများ အဝင်အထွက်ရှိပြီး သင်္ဘောဖြင့် ထွက်ခွာခွင့်ရရန် သက်ဆိုင်ရာ ရဲဌာနနှင့် ထွေ/အုပ်တို့ထံမှ ခရီးသွားထောက်ခံစာ တင်ရသည်ဟု ဒေသခံများက ပြောသည်။ မာန်အောင်တကျွန်းလုံးအနေဖြင့် ယခုနှစ်…

  • ထိုင်ဝမ်၊ ဂျပန်၊ အ​မေရိကန်တို့ ပူး​ပေါင်း​နေချိန် ဇော်မင်းထွန်းက တရုတ်ဖက်က ရပ်တည်​ကြောင်း ထုတ်​ဖော်

    ထိုင်ဝမ်၊ ဂျပန်၊ အ​မေရိကန်တို့ ပူး​ပေါင်း​နေချိန် ဇော်မင်းထွန်းက တရုတ်ဖက်က ရပ်တည်​ကြောင်း ထုတ်​ဖော်

    “တရုတ်နိုင်ငံ၏ One China Policy တိုင်းကို မြန်မာအစိုးရ အနေဖြင့် အမြဲတမ်းထောက်ခံရပ်တည် နေကြောင်း ဇော်မင်းထွန်းပြော။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း ဖြစ်ကြောင်း၊ တရုတ်ရဲ့ အချုပ်အခြာအာဏာ နယ်မြေတွေကို လေးစားကြောင်း၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတို့ကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ များဖြစ်ကြောင်းကို ပြီးခဲ့လတောင်က ယာယီသမ္မတ ဦးမင်းအောင်လှိုင်က ပြောထားပြီးသား ဖြစ်ပါတယ်။” တပ်မတော်သတင်းမှန် ပြန်ကြားရေး ဗိုလ်ချုပ် ဇော်မင်းထွန်း ဂျပန် စစ်ဦးစီးချုပ်နှင့် အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တွေ့ဆုံ ဂျပန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူချီကူရာ ဟီရိုရာကီဟာ အမေရိကန် ရေတပ် စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးကြောင်း ဂျပန်…

  • Dersu Uzala

    Dersu Uzala

    Dersu Uzala (1975) Dersu Uzalaဟာ ကူရိုဆာဝါရဲ့ သမိုင်းဦးအစလည်း ဖြစ်ခဲ့သလို ကူရိုဆာဝါရဲ့ အချိုးအကွေ့တစ်ခုလည်း ဖြစ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို မရိုက်ခင်ကာလက ခေတ်ရဲ့အပြောင်းအလဲနဲ့ အခြေအနေတွေကြား ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝရော လူမှုဘဝရော တော်တော်ပျက်ကပ်ဆိုက်နေခဲ့တဲ့ကာလတစ်ခုဖြစ်ခဲ့တယ်။ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေဟာ ကျရှုံးနေခဲ့ပြီး စိတ်ရောလူပါ ထောင်းထောင်းကြေနေတဲ့ ကူရိုဆာဝါဟာ သတ်သေဖို့အထိလုပ်ခဲ့တယ်။ ပြောကြသလိုဆိုရင်တော့ ဂျပန်မှာ သူ့ကားကို ထုတ်ပေးမယ့်သူတောင် မရှိခဲ့ဘူး။ ဒီရုပ်ရှင်ကိုလည်း ရုရှဘက်က ထုတ်ပေးထားတယ်။ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုနဲ့ ကူရိုဆာဝါရဲ့ နောက်ဆုံး Eraကို စတင်နိုင်ခဲ့တဲ့ သဘောပါပဲ။ နိုင်ငံခြားရုပ်ရှင်ဆုအနေနဲ့ အော်စကာရတောင် ရခဲ့တယ်။ ဆိုပေမဲ့ ရုရှကားအနေနဲ့ ရခဲ့တာပါ။ ရုရှအတွက်တော့ တန်သွားတယ် ပြောရမှာပဲ။ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေဟာ ဂျပန်ဘက်က အော်စကာအတွက် စာရင်းတင်တာ…