📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မူဆယ်တွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် အင်အားဆက်တိုက်ဖြည့်နေ

ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်မြို့သို့ ရဟတ်ယာဥ်ဖြင့် စစ်အင်အားများ ထပ်မံဖြည့်တင်းနေကြောင်း မူဆယ်ဒေသခံနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နှင့် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းများတွင် စစ်တပ်ရဟတ်ယာဥ်များ မူဆယ်၊ ဟိုမွန်ရပ်ကွက်ပြင်ပကပ်လျက် ဂေါက်သီးလေ့ကျင့်ရေးကွင်းအတွင်းသို့ ဆက်တိုက်ဆင်းလျက်ရှိနေပြီး စစ်တပ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့ရသည့် မူဆယ်ဒေသခံများက ပြောသည်။

“ပထမ ဒီက စကခ-၁၄ တပ်တွေနဲ့ချိန်းတာထင်နေတာ။ မဟုတ်ဘူးဘဲ။ လူတွေ အဆင်းပဲရှိပြီး အတက်မရှိတော့ အင်အားဖြည့်နေတာဘဲလေ။ ခန့်မှန်းတာတော့ တစ်ခေါက် ၂၀နဲ့တွက်တောင် ၂၀၀ လောက်ရှိမယ်” ဟု ဟိုမွန်ရပ်နေဒေသခံတစ်ဦးက ပြောသည်။

မူဆယ်သို့ စစ်တပ်အင်အားဖြည့်ခြင်းမှ TNLA ထိန်းချုပ် နမ့်ခမ်းထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထိန်းချုပ်ထားသည့် ၁၀၅ မိုင်နှင့် လားရှိုးဘက်သို့ စစ်ရေးဖိအားပေးရန် ဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

MNDAA နှင့် ညှိနှိုင်းနေဆဲ အကြပ်အတည်းများ၊ မိုးကုတ်၊ မိုးမိတ်မြို့များအတွင်း ပြန်လည်ဝင်ရောက်းရေး ကိစ္စများကို စစ်ကောင်စီ စစ်ရေးအရဆက်လုပ်မည်လား၊ တရုတ်ကိုဘဲ ဆက်ဖိအားပေးရန် တောင်းဆိုနေမည်လား ဆုံးဖြတ်ရခက်နေသည့်အပြင် ကျားဖြန့်ကိစ္စများဖြင့် ဘေးကြပ်နံကြပ်ဖြစ်နေသည်ဟု စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

“ကိုးကန့်က နယ်မြေက လျော့ပေးဖို့မရှိဘူးဆိုရင် စစ်တိုက်မလား၊ တရုတ်ကပဲ အရင်လို ဂိတ်တွေပိတ်၊ ဖြတ် ၅ ဖြတ်လုပ်မလားပေါ့။ ဘာပဲဖြစ်ဖြစ် ကျားဖြန့်စောချစ်သူကိစ္စ၊ အမေရိကန်ဖိအားကိစ္စတွေနဲ့ စစ်အုပ်စု ပြာနေပြီ” ဟု ၎င်းကဆိုသည်။

လက်ရှိ မြေပြင်သတင်းအရ သီပေါ တံတားပိတ်ထားဆဲဖြစ်ကာ ဟိုယဘက်တွင် နှစ်ဘက်အင်အားများ ဖြည့်ထားကြကြောင်း သိရသည်။

ထူးခြားသည်က ဟိုယနှင့်တန့်ယန်းကြားတွင် ရှမ်းတပ်ယူနီဖောင်းဝတ် အများအပြား တွေ့မြင်လာရသည်ဟု ကားသမားများထံမှ သိရသည်။

“ကျနော်တို့က သွားနေကြ ဘယ်သူဘာဆိုတာ သိတယ်။ အခုက ရှမ်းတပ်သာပြောတာ ရှမ်းတပ်မဟုတ်ဘူး၊ “ဝ” တွေ၊ ကြည့်တာနဲ့သိသာတယ်” ဟု လားရှိုး- မန္တလေး ပြေးဆွဲနေကျ ကားသမားတစ်ဦးကမဲခေါင်သို့ ပြောသည်။

ရှမ်းမြောက်လူထုကမူ ၁၀၂၇ လို စစ်မက်ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး ထပ်မံစစ်ဘေးရှောင်ရန် ပြင်ဆင်နေကြရကြောင်း စုံစမ်းသိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်