Category: News
-

ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်သော အဆိုတော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ
ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်သော အဆိုတော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ပြုလုပ်မည့် နှသစ်ကူးည ဖျော်ဖြေပွဲဖြစ်သော Yangon Countdown Festival (YC Fest) ကို စစ်ကောင်စီက အဆိုတော်၊ လုပ်ငန်းရှင် အာဘွိုင်း(Ah Boy)ကို ဦးဆောင်စီစဉ်ခိုင်းထားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ “ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ၊ နှစ်ရက်တိတိ ကျိုက္ကဆံအားကစားကွင်းမှာပြုလုပ်မဲ့ New Year Countdown ပွဲ YC Fest ဟာ အကြမ်းဖက်စစ်တပ်ကနေ ခရိုနီ Ah boy နဲ့အပေါင်းအပါတွေကိုစီစဉ်ခိုင်းတဲ့ပွဲဖြစ်ပါတယ်”ဟု အဆိုပါဖျော်ဖြေပွဲအကြောင်း သိထားသူတစ်ဦးက ပြောသည်။ YC Fest ပွဲကို ဒီဇင်ဘာလဆန်းပိုင်းတွင် ဖေစ်ဘွခ်ပေချ်တစ်ခုသီးသန့်လုပ်၍စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်တွင် EDM Festival…
-

ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံ လက်လွှတ်ရ
စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံ လက်လွှတ်ရ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA အရှင် ဖမ်းဆီးရမိထား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ…
-

AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်
AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းအားဖမ်းမိ ဂွမြို့ရှိခမရ(၅၆၃)ကိုလည်းသိမ်းပိုက်ပြီးမြို့ကို စတင်ထိန်းချုပ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းမိထားကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်း ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်နေ့ ) နံနက်ပိုင်းတွင် ဖမ်းဆီးလာခြင်းဖြစ်ပြီး နပခကိုလည်းအပြီးသတ် သိမ်းယူလိုက်ပြီဟုဆိုသည်။ သို့သော်စစ်ကောင်စီကမူ လေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေဆဲဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ နပခသိမ်းပိုက်ရေးတိုက်ပွဲနှင့်ပတ်သက်၍ AAက ယမန်နေ့ညနက်ပိုင်းတွင် နောက်ဆုံး သတင်းထုတ်ပြန်စဉ် လက်နက်ချ အညံ့ခံထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြားမှ ကယ်ထုတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူထုတ်ပြန်ခဲ့သည်။ ထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နပခမှ အရာရှိများသည် ၎င်းတိုအားထား၍ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နပခထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း AAထံဝန်ခံထားသည်။ AAတပ်ဖွဲ့ဝင်ကလည်း နပခထိပ်တန်းအရာရှိများနှင့်ပတ်သက်၍ မေးမြန်းနေသည်ကိုတွေ့ရသည်။ နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည်လည်း ထွက်ပြေးနေကြောင်း…
-

အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်း အဝေးခေါ်
ဧရာဝတီတိုင်းအတွင်းသို့ AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်မည်ကို စိုးရိမ်၍ အင်္ဂပူမြို့နယ်တွင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးခေါ် ဧရာဝတီတိုင်းအတွင်းသို့ AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး အင်္ဂပူမြို့နယ်တွင် ရပ်ကွက်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အရေးပေါ် အစည်းအဝေးများ ခြိမ်းခြောက် ခေါ်ယူနေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အင်္ဂပူမြို့နယ်အတွင်း AA ဝင်ရောက် တိုက်ခိုက်မည်ကို အကြမ်းဖက် စစ်တပ်က စိုးရိမ်နေပြီး မဲဇလီကုန်းမြို့ ရပ်ကွက် ၁ ၊ ၂ ၊ ၃၊ ၄ အတွင်းရှိ အသက် ၃၅…
-

မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြစ်
မနာလိုလို့ သတ်တာလို့ ဆိုပြီး ငွေကျပ် သိန်း ၃၀၀၀ တောင်းလို့ ငွေပေးပေမယ့် ပုပ်ပွနေတဲ့ အလောင်းသာ ပြန်ရ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် အသက် ၃၃နှစ်အရွယ် သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦးကို အသိမိတ်ဆွေ ဆေးခန်းပိုင်ရှင် ဆရာဝန်က ပြန်ပေးဆွဲ သတ်ဖြတ်မှု ဒီဇင်ဘာလ ၁၇ရက်က ဖြစ်ပွားခဲ့ တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ “ရက်ရက်စက်စက် အသတ်ခံရတာပါ။ မနာလိုလို့ သတ်တာတဲ့။ သတ်တဲ့ ဆရာဝန်က ရိုးရိုးဆရာဝန်ပေါ့။ ဆေးခန်းတော့ ဖွင့်ထားတယ်။ သေဆုံးတာက ခွဲစိပ် ဆရာဝန်လေ။ အခု စစ်ဆေးတော့ ဆေးရုံ ဆေးခန်းတွေ ပိုင်တော့ မနာလိုဘူးလို့ ပြောတယ်တဲ့” လို့ သေဆုံးသူ ဆရာဝန်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။…