Category: News

  • ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက်

    ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက်

    မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့(ဒီဇင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၉ ရက်ကစ၍ မတ္တရာမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ထို့နေ့နံနက် ၉နာရီတွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၈)မိုင်ခန့်သာ ကွာဝေးသော ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိသော ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရခဲ့သည်ဟု အသိပေးထားသည်။ ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDF က အသိပေးသည်။ “ထန်းပင်ကုန်းက မတ္တရာအရှေ့ခြမ်းမှာရှိတာ။ အဲဒီတိုက်ပွဲဲတုန်းက လက်နက်ကြီးတွေလည်း တအားပစ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF က ထပ်မံအသိပေးသည်။ မန္တလေး…

  • တပ်ကြပ်ကြီး မျိုးမင်းထွန်း AA ထံတွင် လက်နက်ချ အညံ့ခံ ၊ လက်ကမြင်းကြောထ၍ AA ကို ပစ်ခတ်ခဲ့မိဟု ဝန်ခံထွက်ဆို

    တပ်ကြပ်ကြီး မျိုးမင်းထွန်း AA ထံတွင် လက်နက်ချ အညံ့ခံ ၊ လက်ကမြင်းကြောထ၍ AA ကို ပစ်ခတ်ခဲ့မိဟု ဝန်ခံထွက်ဆို

    လက်နက်ကြီးကျည်တွင် “၁၅ နှစ်မြောက် AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု ရေးသား၍ ပစ်ခတ်ခဲ့သော တပ်ကြပ်ကြီး မျိုးမင်းထွန်း AA ထံတွင် လက်နက်ချ အညံ့ခံ လက်ကမြင်းကြောထ၍ AA ကို ပစ်ခတ်ခဲ့မိဟု ဝန်ခံထွက်ဆို AA ကို အွန်လိုင်းပေါ်တွင် သရော်လှောင်ပြောင်ခဲ့သော စစ်ကောင်စီတပ်သားတစ်ဦးလည်း အမ်းတိုက်ပွဲတွင်သေဆုံး ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်တွင် “၁၅ နှစ်မြောက် AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု ရေးသား၍ ပစ်ခတ်ခဲ့သော အမှတ် ၃၇၄ အမြောက်တပ်မှ တပ်ကြပ်ကြီး မျိုးမင်းထွန်းသည် AA ထံတွင် လက်နက်ချ အညံ့ခံ၍ စစ်သုံ့ပန်းအဖြစ် AA ၏ ဖမ်းဆီးမှု ခံထားရ​ကြောင်း သိရှိရသည်။ အမ်းအခြေစိုက် အမှတ် ၃၇၄ မှ…

  • ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိ

    ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိ

    အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိ အာရက္ခဒေသ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိမိတို့ အာရက္ခတပ်တော်အနေဖြင့်လည်း ရန်သူ၏ မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင်…

  • နေပြည်တော်တွင် အမျိုးသား အားကစားပွဲတော် ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရဟု မင်းအောင်လှိုင် ပြော

    နေပြည်တော်တွင် အမျိုးသား အားကစားပွဲတော် ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရဟု မင်းအောင်လှိုင် ပြော

    ရခိုင်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆုံးရှုံးသွားချိန် နေပြည်တော်တွင် အမျိုးသား အားကစားပွဲတော် ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရဟု မင်းအောင်လှိုင်ပြော ရခိုင်ပြည်တွင် ယမန်နေ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက ဆုံးရှုံးသွားချိန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် အမျိုးသားအားကစားပွဲတော်ကို ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခုအမျိုးသားအားကစားပွဲတော်တွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်စကားအချို့ကို ပြောလိုပါကြောင်း၊ မိမိတို့ အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ ကဏ္ဍအလိုက်ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်း ဆောင်နေကြသူများဖြစ်ကြကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေ ခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကိုနိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ် ကြောင်း…

  • မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုတရားခံများ ဖမ်းမိဟုဆို

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုတရားခံများ ဖမ်းမိဟုဆို

    လောင်းကစားလုပ်ကာ ငွေလိုလို့ ကျောင်းနေဘက် သူငယ်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ် ဟုဆို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ဆရာဝန်က အွန်လိုင်းလောင်းကစား လုပ်ကာ ငွေလိုလို ကျောင်းနေဖက်သူငယ်ချင်း ဆရာဝန်ကို ပြန်ပေးဆွဲ သတ်ဖြတ်တာ ဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာ ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြားနေ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ဒေါက်တာအောင်မြင့်မြတ်ထွန်း (၃၃ နှစ်)ကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်းနဲ့ ၁၀၅ လမ်းကြားရှိ ငွေလရောင် ဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာ အောင်ဇင်ဖြိုး…