လက်နက်ကြီးကျည်တွင် “၁၅ နှစ်မြောက် AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု ရေးသား၍ ပစ်ခတ်ခဲ့သော တပ်ကြပ်ကြီး မျိုးမင်းထွန်း AA ထံတွင် လက်နက်ချ အညံ့ခံ

လက်ကမြင်းကြောထ၍ AA ကို ပစ်ခတ်ခဲ့မိဟု ဝန်ခံထွက်ဆို

AA ကို အွန်လိုင်းပေါ်တွင် သရော်လှောင်ပြောင်ခဲ့သော စစ်ကောင်စီတပ်သားတစ်ဦးလည်း အမ်းတိုက်ပွဲတွင်သေဆုံး

ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်တွင် “၁၅ နှစ်မြောက် AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု ရေးသား၍ ပစ်ခတ်ခဲ့သော အမှတ် ၃၇၄ အမြောက်တပ်မှ တပ်ကြပ်ကြီး မျိုးမင်းထွန်းသည် AA ထံတွင် လက်နက်ချ အညံ့ခံ၍ စစ်သုံ့ပန်းအဖြစ် AA ၏ ဖမ်းဆီးမှု ခံထားရ​ကြောင်း သိရှိရသည်။

အမ်းအခြေစိုက် အမှတ် ၃၇၄ မှ တပ်ကြပ်ကြီးမျိုးမင်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ AA တပ်တော်၏ ၁၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်တွင် “၁၅ နှစ်မြောက် AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု ရေးသားပြီး ပစ်ခတ်ခဲ့မှုအပေါ် လက်ကမြင်းကြောထ၍ ပစ်ခတ်ခဲ့မိကြောင်း ၊ ယခု စစ်သုံ့ပန်းဖြစ်လာချိန်တွင် တပ်ကြပ်ကြီးမျိုးမင်းထွန်း က ထိုသို့ ဝန်ခံထွက်ဆိုလာခြင်းဖြစ်သည်။

“၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက် အာရက္ခတပ်တော် တပ်မွေးနေ့မှာ ဟောင်ဝစ်ဇာကျည်ပေါ်မှာ ၁၅ နှစ်မြောက် ရခိုင်တပ်တော်၏ တပ်မွေးနေ့လက်ဆောင်ဟု လက်ကမြင်းကြောထ ရေးသားပစ်ခတ်ခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် အာရက္ခတပ်တော်ထံမှာ လက်နက်ချ အညံ့ခံပြီး ဖမ်းဆီးခံထားရပါတယ်” ဟု စစ်သုံ့ပန်း အမြောက်တပ်မှ တပ်ကြပ်ကြီး မျိုးမင်းထွန်းက ပြော ဆို သည်။

ထို့ပြင် AA ကို အွန်လိုင်းပေါ်တွင် လှောင်ပြောင်သရော်ခဲ့သော ၎င်းတို့စစ်တပ်မှ တပ်သားတစ်ဦးမှာလည်း အမ်းတိုက်ပွဲတွင် သေဆုံးသွားကြောင်း စစ်သုံ့ပန်း တပ်ကြပ်ကြီး မျိုးမင်းထွန်းက ထွက်ဆိုထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *