Category: News
-

မန္တလေးမှာ လူငယ်ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်
မန္တလေးမြို့က အသက် ၃၀ ဝန်းကျင် သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာ အောင်- – – ဟာ သူတာဝန်ကျတဲ့ ဆေးရုံကို ဒီဇင်ဘာ ၁၇ ရက်က ထွက်သွားပြီး အိမ်ပြန်ချိန်မှာ ရောက်မလာခဲ့ပါဘူး။ အဲ့ဒီနောက် မိသားစုကို သိန်း သုံးထောင်နဲ့ ရွေးဖို့ ဆက်သွယ်လို့ မိသားစုက စီစဥ်ပေးခဲ့ပေမယ့် ဒီကနေ့မနက်စောကမှ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးနားမှာ ပြန်ပေးဆွဲခံရသူရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်လောကသားတယောက် ပြောပြတာက ” လွန်ခဲ့တဲ့ နှစ်ရက်က ဆရာဝန်လေး ပြန်ပေးဆွဲခံရပြီး သိန်း ၃၀၀၀ တောင်းလို့ ငွေလွှဲပေးခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှ ဆရာဝန်ရဲ့ အလောင်းကို ပြန်တွေ့ရတာ၊ ပြန်ပေးဆွဲသူကိုလည်း ဖမ်းမိပြီလို့ သိရပါတယ်။ ငွေတောင်းသူလို့ သံသယရှိသူက…
-

မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ
ငွေကျပ် သိန်း ၃၀၀၀ တောင်းလို့ ငွေပေးပြီး ပြန်ရွေးပေမယ့် အလောင်းသာ ပြန်ရဟုဆို မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ ငွေညှစ်ခံရပြီးနောက် သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က မန္တလေးမြို့ရှိ နေအိမ်ကနေ ဆေးရုံကို အသွားမှာ မီနီအိုးဝေနဲ့ ပြန်ပေးဆွဲ ဖမ်းခေါ်ခံရပြီး ငွေကျပ်သိန်း ၃၀၀၀ တောင်းလို့ ငွေလွှဲပေးခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်း လမ်းဘေး စွန့်ပစ်ထားတဲ့ ဆရာဝန်ရဲ့ အလောင်းကို ပြန်တွေ့ရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။ “မနက်ပိုင်း ဆေးခန်းအသွားမှာ ပြန်ပေးဆွဲ ခံရပြီး အသတ် ခံလိုက်ရတာပါ။ သိန်း ၃၀၀၀ ပေးလိုက်ရတယ်လို့ ကြားပါတယ်။ အလောင်းကို ဒီနေ့ မနက်…
-

နပခ အတွင်း ပိတ်မိနေသည့် စစ်ဆေးဗိုလ်ဆရာဝန်များ AA ထံလက်နက်ချ
စစ်ခေါင်းဆောင်က စစ်ဆရာဝန်များပါ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမည်ဟုပြောနေစဥ် နပခ အတွင်း ပိတ်မိနေသည့် စစ်ဆေးဗိုလ်ဆရာဝန်များ AA ထံလက်နက်ချ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ် လာပါက စစ်ဆရာဝန်များသည်လည်း ခြေလျင်စစ် သည်များနှင့်အတူ စစ်ဆင်ရေးတာဝန်ကိုပါ ထမ်းဆောင်ရမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)သင် တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများတွင် လိုအပ်လာပါက စစ်ဆရာဝန်များပါ ဝင်ရောက်တိုက်ခိုက်ပေးရန် လိုအပ်ပြီး စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ရမည်ဟု သင်တန်းဆင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့များသည် တိုက်ပွဲအတွင်း၌ဖွဲ့စည်းပုံပျက်၍ ကစဉ့်ကလျားထွက် ပြေး၊ သေဆုံးမှုများနှင့် အလံဖြူထောင်အညံ့ခံမှုတို့ကြောင့် တပ်တွင်း စိတ်ဓာတ်ပျက်ပြားကာ စစ်ခေါင်း ဆောင်ကိုယ်တိုင် သင်တန်းဆင်းဗိုလ်လောင်းများနှင့် တပ်ရင်းများသို့ သွားရောက်ကာ ယခုလိုစည်းရုံးပြော ဆိုနေရမှုများရှိကြောင်း…
-

မန္တလေးမှာ ည ၈ နာရီကျော်ရင်အပြင်မထွက်ဖို့ ရဲတွေက နီးစပ်ရာကိုသတိပေးနေ
မန္တလေးမြို့မှာ ည၈နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကနီးစပ်ရာတွေကိုသတိပေးထားတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။ စစ်မှုထမ်းအတွက်ပေါ်တာဆွဲမှုတွေဆက်တိုက်ဖြစ်လာပြီးတဲ့နောက်မှာ မြို့နယ်ရဲမှူးတွေကိုယ်တိုင်က နီးစပ်ရာကိုသတိပေးတာတွေပြုလုပ်နေသလို ဝန်ထမ်းအိမ်ယာထဲကမိသားစုတွေကိုယ်တိုင်လည်း အပြင်မထွက်ကြဖို့သတိပေးထားတယ်လို့ နီးစပ်သူတွေဆီကနေသိရပါတယ်။ ဒီလိုသတိရပေးခံရပြီးတဲ့နောက် ချမ်းအေးသာစံမြို့နယ်မှာ ည၇နာရီဆိုရင် စတိုးဆိုင်၊အထည်ဆိုင်တွေအားလုံးပိတ်ကြပြီး ည၈နာရီမာရှယ်လော(စစ်အုပ်ချုပ်ရေး)ဆိုပြီး ပြန်ကြရတယ်လို့ စျေးဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။ “ကျွန်မတို့ကို ရဲမှူးသမီးကိုယ်တိုင်ဖုန်းဆက်သတိပေးတာ။ည၈နာရီနောက်ပိုင်းအပြင်မထွက်ဖို့ကို။အခုစျေးထဲမှာ ည၈နာရီဆိုလူမရှိတော့ဘူး”လို့ စျေးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးကပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတိပေးချက်မှာတော့ မာရှယ်လောထုတ်ထားတယ်လို့သတိပေးတာမျိုးမဟုတ်ဘဲ မီးပျက်တဲ့အချိန်နဲ့ ည၈နာရီနောက်ပိုင်းတွေမှာအပြင်မထွက်ကြဖို့၊အကယ်၍ စစ်မှုထမ်းဖိုသာ ဆွဲခံရပါက ယခုအချိန်မှာငွေဘယ်လောက်ပေးပေးပြန်ထုတ်လို့ မရနိုင်တာမို့ ဂရုစိုက်ကြဖို့ကိုသတိပေးထားတာလို့ ဒုရဲတပ်ကြပ်အမျိုးသမီးတဦးကပြောပါတယ်။ မန္တလေးမြို့မှာ စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပြီး မြို့အစွန်တွေမှာတော့ နေအိမ်တွေနဲ့အလုပ်ရုံ၊စက်ရုံတွေထဲအထိ အဓမ္မ ဝင်ဆွဲတာတွေဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ စစ်မှုထမ်းအပတ်စဥ်၈အတွက် အမျိုးသားလိုအပ်ချက်တွေများနေပြီး စစ်တပ်ကစိုးမိုးထားနိုင်တဲ့ဒေသတွေမှာ ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပါတယ်။ အခုအခါ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့ ပိုမိုဖမ်းဆီးခေါ်ဆောင်နေပြီးတော့ ဒီဇင်ဘာလ(၁)ရက်နေ့ကနေ (၁၅) ရက်နေ့ အထိ နှစ်ပတ်အတွင်းမှာမန္တလေးမြို့မှ လူငယ် (၁၂၅)ဦး…
-

ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်
ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် မြကံသာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၁ ပါး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် ကား…