Category: News
-

လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း
လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ အပတ်စဉ် ၂ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့ပါတယ်။ PLA တပ်ရင်း ၂၂၂ ဟာ လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ တပ်ရင်း တစ်ခု ဖြစ်သလို လီဆူ လူမျိုးစုတွေ အများစု နေထိုင်တဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားတာကြောင့် သင်တန်းဆင်းပွဲနဲ့အတူ လီဆူ တိုင်းရင်းသား တပ်ဖွဲ့ Lisu – National…
-

ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ
မကွေးတိုင်း၊ ငဖဲမြို့ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ထိုတိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်ရှိ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ငဖဲမြို့နယ်ရဲစခန်းတို့အတွင်း ပေါက်ကွဲမှုများကြားခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။ သို့သော် စစ်ကောင်စီလက်အောက်ခံတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်းလည်း ၎င်းတို့ကပြောသည်။ “မိုင်းကွဲသံလား၊ လက်နက်ကြီးပစ်သံလားမသိဘူး။ မနက်အစောကြီးမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီလိုမျိုးတခါမှ မကြားဖူးဘူးဆိုတော့လန့်သွားတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။ ထိုတိုက်ခိုက်မှုသည် PDF များကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြပြီး ထွေအုပ်ရုံးအတွင်း ပေါက်ကွဲမှုကြောင့် မြို့နယ် ဒုဦးစီးမှုးအဆောင်ထဲနားကို ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်းဆိုသည်။ ရဲစခန်းအတွင်းကျရောက်သည့် ဗုံးသီးမှာမပေါက်ကွဲကြောင်းလဲ စစ်ကောင်စီဘက်ကဝါဒဖြန့်ထားသည်။ အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများကပြောသည်။
-

ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ်-၁၀၁ ခြေမြန်တပ်မဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ ၂၅၁နှင့် ခလရ ၂၅၂ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း ရော့ကတ်များသည် အကြမ်းဖက် စစ်တပ် တပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး…
-

ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေ
ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး AA က ခမရ ၅၆၃ တိုက်ခိုက်ကာ ခမရ ၅၆၂ကို AAပိတ်ဆို့ထား ဂွမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး AA က ဂွမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၃ကို AA က ဝင်ရောက်တိုက်ခိုက်နေပြီး ကျန်ရှိသည့် ခမရ ၅၆၂ကိုလည်း ပိတ်ဆို့ထားပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ဂွမြို့ လေယာဉ်ကွင်းဟောင်းနှင့် ကမ်းခြေဦးရပ်ကွက်တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ခမရ ၅၆၃ တပ်ရင်းအတွင်း အဆောက်အဦးများလက်နက်ကြီးကျည်ထိမှန် ပျက်စီးမှုများရှိကြောင်း သိရသည်။ “ခမရ ၅၆၃ထဲ မီးတွေလောင်နေပါတယ်။ တပ်မိသားစုတွေတော့မရှိတော့ဘူး။ ရဟိုင်းကွင်းရွာတွေကို AA မရောက်ခင်ကတည်းက တပ်မိသားစုတွေကို စစ်တပ်က ငသိုင်းချောင်းဘက်ရွှေ့လိုက်တာ။ တိုက်ပွဲက ပိုပြင်းထန်လာတယ် စစ်တပ်ခံစစ်က…
-

ICJ တွင် တရားစွဲဆိုထားမှု တရားလို ဂမ်ဘီယာ ဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထား
မြန်မာ အပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ICJ တွင် တရားစွဲဆိုထားမှု တရားလို ဂမ်ဘီယာ ဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထား တရားလိုနိုင်ငံဘက်မှ ရပ်တည်သော နိုင်ငံပေါင်း ၁၁ ခုရှိလာ မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုတွင် တရားလိုဂမ်ဘီယာနိုင်ငံဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထားလာကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ICJ က တရားဝင်သတင်းထုတ်ပြန်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ရန် လျှောက်ထားသော နိုင်ငံပေါင်း ၁၁ ခု ရှိလာနေပြီဖြစ်ပြီး အဆိုပါနိုင်ငံများက တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ…