Category: News

  • မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

    မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

    ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သား အလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွား စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သားအလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွားကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာ- မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းရန် ချောင်းဦးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး…

  • တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို   AA က ထပ်မံသတင်းထုတ်ပြန်

    တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို AA က ထပ်မံသတင်းထုတ်ပြန်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်နေပြီး စစ်သည်များသာမက တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို AA က ထပ်မံသတင်းထုတ်ပြန် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း ထပ်မံထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်း AA က ထုတ်ပြန်သည့် ဗီဒီယိုတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံတွင် မီးများလောင်ကျွမ်းနေပြီး စစ်သည်များသာကမဘဲ တပ်မိသားစုဝင် အမျိုးသမီး၊ ကလေးများပါ အလံဖြူထောင်ထားသည့်မြင်ကွင်းများကို AA က ထုတ်ပြန်သည်။ AA က ထုတ်ပြန်သည့် ဗီဒီယိုတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆောက်အအုံတစ်ခု မီးလောင်နေသည်ကို ဒရုန်းဖြင့် ရိုက်ကူးထားရာ အဆိုပါ အဆောက်အအုံမှာ စစ်ရုံးအဖြစ် အသုံးပြုသည့်နေရာဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက…

  • အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး

    အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး

    မီးလောင် ကြေမွ ပျက်စီး နေသော ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို အာရက္ခတပ်တော် AA က ဗီဒီယိုနှင့်တကွ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် AA က အမ်းဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ခဲ့ပြီးနောက် တခုတည်းသာ ကျန်ရှိသော နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ အဆိုပါ ဗီဒီယိုတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း ထပ်မံထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ၁၆…

  • မာနယ်ပလောနယ်မြေ နို့ဒေးတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးအရှင်ဖမ်းမိ၊ အလောင်း ၁၀ လောင်းတွေ့ရှိ

    မာနယ်ပလောနယ်မြေ နို့ဒေးတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးအရှင်ဖမ်းမိ၊ အလောင်း ၁၀ လောင်းတွေ့ရှိ

    KNU ဗဟိုဌာနချုပ်ဟောင်းတည်ရှိရာ တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသတွင် အခြေချတပ်စွဲ ထားသည့်စစ်ကောင်စီတပ်စခန်းတွေကို KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ကသိမ်းပိုက်ခဲ့သည့် ၉၁၃ (နို့ဒေး) တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးကိုအရှင်ဖမ်းမိပြီး အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု KNLA သတင်းရင်းမြစ်ထံမှ သတင်းရရှိပါတယ်။ ၉၁၃ (နို့ဒေး) တပ်စခန်းသည် ကဆော၀ါးလေး (ဆင်ဖြူတောင်)တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ခန့်ပြန်လည်ပူးပေါင်းနေထိုင်သည့်တပ်စခန်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိမည်ဟုသတင်းရင်းမြစ်ကခန့်မှန်း သည်။ နို့ဒေးတပ်စခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ‌တပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံးသွားပြီး တချို့လည်းထွက်ပြေး ခဲ့တာရှိကာ ဒီဇင်ဘာ ၁၇ ရက်နေ့ညတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးဖမ်းဆီးရမိခဲ့တာြဖစ်သည်ဟု KNLA သတင်းရင်းမြစ်ကဆိုသည်။ နို့ဒေးစခန်းမှစစ်ကောင်စီလက်နက်များလည်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ ဒါ့အပြင် KNU…

  • အမ်း နပခဌာနချုပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ ဗီဒီယိုရုပ်သံ AA ထုတ်ပြန်

    အမ်း နပခဌာနချုပ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ ဗီဒီယိုရုပ်သံ AA ထုတ်ပြန်

    ရခိုင်ပြည်နယ် အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အတွင်းကနေ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA)က ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချပေမဲ့ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့ စစ်ရေး အခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက်ကပေါ့၊ ဂျက်ဖိုက်တာ နှစ်စင်းရယ်၊ Y-8 ရယ်၊ Y-12 ရယ်၊ စုံနေတာပဲ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေလည်း ပါတယ်” လက်နက်ချလာသူတွေဟာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလို့ AA က…