Category: News
-

အမေရိကန်တွင် ဗုဒ္ဓနေ့နှင့် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်
အမေရိကန်တွင် ဗုဒ္ဓနေ့နှင့် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်နေပြီး မြန်မာသံဃာတော်များက အညိုရောင်သင်္ကန်းများဖြင့် တညီတညွတ်တည်း တက်ရောက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ဟွန်ဒေါင်ကျောင်းတိုက် (Huong Dao Vipassana Bhavana Center) တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်နှင့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲတော်ကို မေလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပူဇော်ပွဲတော်အတွင်း မြန်မာသံဃာတော်များက အဘိဓမ္မာပိဋကတ်တော်များကို ရွတ်ဖတ်ပူဇော်ကြရာတွင် သံဃာ့ညီညွတ်မှုကို ရှေ့ရှု၍ အညိုရောင်သင်္ကန်းများကို တညီတညွတ်တည်း ဝတ်ရုံကာ မြန်မာသံဃာအပါး ၅၀ ကျော်က စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြသည်။ ယင်းသို့ ဝတ်ရုံခြင်းမှာ မည်သည့်ဖိအားမှ မပါဝင်ဘဲ သံဃာတော်များ၏ ဆန္ဒအလျောက် တစ်သွေးတစ်သားတည်း ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း…
-

စတီးကွင်းများစွပ်ရာက ပြန်ချွတ်မရတဲ့ထိုင်းအမျိုးသား
လိင်အင်္ဂါမှာ စတီးကွင်းများစွပ်ရာက ပြန်ချွတ်မရတဲ့ထိုင်းအမျိုးသားတဦးကိုအရေးပေါ်ကယ်ဆယ်ခဲ့ရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လတ်ပုရောဆေးရုံ (Lat Phrao Hospital) အရေးပေါ်ဌာနတွင် အမျိုးသားတစ်ဦး၏ လိင်အင်္ဂါနှင့် ဝှေးစေ့တို့၌ စတီးလက်စွပ် သုံးကွင်း စွပ်မိနေသည့် ဖြစ်စဉ်တစ်ခု မေလ ၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် စွပ်မိနေသည့် လက်စွပ်များကို ပုံမှန်နည်းလမ်းဖြင့် ချွတ်၍မရတော့သဖြင့် ဆေးရုံဘက်က “လက်စွပ်ဖြတ်တောက်ရေး အထူးအဖွဲ့” ထံ အကူအညီတောင်းခံခဲ့ရာ Ruamkatanyu ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများက အထူးကိရိယာများအသုံးပြုကာ အခမဲ့ သွားရောက်ဖြတ်တောက် ပေးခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကူညီရေးအဖွဲ့များက အများပြည်သူများအနေဖြင့် ဆင်ခြင်စရာ သင်ခန်းစာတစ်ခုအဖြစ် သိရှိနိုင်ရန်နှင့် ယခုကဲ့သို့ အင်္ဂါအစိတ်အပိုင်းများတွင် ပစ္စည်းများ စွပ်မိခြင်းသည် အလွန်အန္တရာယ်များကြောင်း အသိပေးထုတ်ပြန်ထားသည်။
-

ဖလမ်းသို့ ဝန်ထမ်းပို့သည့် စစ်အုပ်စုတပ်ကို ချုံခိုတိုက်ခိုက်
ဗိုလ်ကြီးအပါ ၅ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ Non-CDM ဝန်ထမ်းများကို ပို့ဆောင်သည့် စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးဇင်မျိုးမြတ် အပါအဝင် ငါးဦးသေဆုံးကြောင်း CDF-CDM Siyin တပ်ဖွဲ့ထံက သိရသည်။ ယမန်နေ့ (မေလ ၆ ရက်) နံနက်ပိုင်းက ကလေးမြို့နှင့် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအကြားရှိ ဟိန်းဇင်ရွာနှင့် ထေးဇန်ရွာအကြား ကော်ဖီခြံအကွေ့တွင် ဆိုင်ကယ်များ၊ ကားများဖြင့် တက်လာသည့် စစ်အုပ်စုတပ်ကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ “ကျနော်တို့ ဖရဲသီး(အတွင်းသတင်းပေး) ဆီက အတိအကျသတင်းရတဲ့အတွက် စောင့်ပြီး ချုံခို တိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးယူတက်လာတဲ့ ရှေ့ဆုံးယာဉ်တွေနဲ့ အလယ်က ဝန်ထမ်းတွေကို ကျော်လွန်ပြီး နောက်ဆုံးက လိုက်ပါလာတဲ့ယာဉ်ကို အချိန်ကိုက် တိုက်ခိုက်ခဲ့တာပါ” ဟု CDF-CDM Siyin…
-

၁၅ မိနစ်အတွင်း အားလုံးကို ဖျက်ဆီးသွားတဲ့ ကြောက်ခမန်းလိလိ လေပြင်းမုန်တိုင်း
🚨 ၁၅ မိနစ်အတွင်း အားလုံးကို ဖျက်ဆီးသွားတဲ့ ကြောက်ခမန်းလိလိ လေပြင်းမုန်တိုင်း 🚨 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ (မေ ၆ ရက်) နေ့လယ်ပိုင်းက မျှော်လင့်မထားလောက်အောင် ပြင်းထန်တဲ့ မိုးသက်လေပြင်း တိုက်ခတ်သွားခဲ့ပါတယ်။ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ စတင်ခဲ့တဲ့ ဒီလေပြင်းဟာ ၁၅ မိနစ်လောက်သာ ကြာမြင့်ခဲ့ပေမယ့် မြို့ပေါ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ လေတိုက်နှုန်း အရမ်းပြင်းထန်တဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးတွေပါ ကျဆင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီသဘာဝဘေးအန္တရာယ်ကြောင့် လမ်းဘေးဝဲယာက သက်တမ်းရင့် သစ်ပင်ကြီးတွေ ပြိုလဲတာ၊ လျှပ်စစ်မီးတိုင်တွေနဲ့ ဓာတ်အားကြိုးတွေ ပြတ်ကျတာ၊ ကြီးမားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ လဲကျပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် တရားရုံးလမ်းကနေ ခရေပင်လမ်းတစ်လျှောက်၊ လားရှိုးမိုတယ်အနီးတစ်ဝိုက်မှာ သစ်ပင်ကြီးတွေနဲ့…
-

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် APHR တောင်းဆို၊ “Proof of Life” ကမ်ပိန်းကို ထောက်ခံ
အာဆီယံထိပ်သီးအစည်းအဝေး(၄၈ ကြိမ်မြောက်)အတွက် အာဆီယံခေါင်းဆောင်များ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ စုဝေးကြစဉ် မြန်မာတွင် စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်သည်။ အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း ကြီးထွားလာနေသော နိုင်ငံတကာ၏ တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင်ရန် APHR က တိုက်တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တပ်ခ်တို့နှင့်အတူ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံ အပါအဝင် အစိုးရအသီးသီးကလည်း တောင်းဆိုထားကြသည်။ ထိပ်သီးအစည်းအဝေး မစတင်မီ လေးရက်အလို ဧပြီ ၃၀ ရက်နေ့တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်နေအိမ်တခုသို့ စစ်အုပ်စုက ပြောင်းရွှေ့လိုက်ခြင်းမှာ ထိုတောင်းဆိုချက်များကို ဖြည့်ဆည်းပေးရာ…