Category: News

  • မိုးကောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ် အထိနာပြီးပြန်ဆုတ်ခွာ

    ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ရှမ်းနီတပ်-SNA ပူးပေါင်းစစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။ အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ ရက် နံနက်တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ KIA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်ရာ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ “မိုးကောင်းဘက်ကိုပြန်ဆုတ်သွားတာဟုတ်တယ်။ ဒါပေမယ့် တိုက်ပွဲက မပြီးဘူးလို့ ကျနော်တို့သုံးသပ်တယ်။ စစ်ရေးအသင့်အနေအထားမှာရှိတယ်”ဟု မိုးကောင်းမြို့နယ်တွင် လက်ရှိ ‌ရှိနေသော အဆိုပါသတင်းရင်းမြစ်ကပြောသည်။ စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။ တိုက်ပွဲသည် မိုးကောင်းမြို့နယ် ဆားမှော် နှင့် ကညင်မြိုင်ရွာအနီးတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟုဒေသခံများကပြောသည်။ “မြို့ကနေ သေနတ်သံတွေအတိုင်းသားကြားနေရတယ်။…

  • မုံရွာတွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ က အရှင်ဖမ်းမိ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ်ကို အရှင်ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် သတင်းထောက်လှမ်းရေး ပြုလုပ်နေစဉ် အောင်ကိုလတ်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ အဖွဲ့က စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်၍ အရေးယူမှု အပိုင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ” စစ်ခွေးတွေနဲ့ ပတ်သက်မှုကတော့ အဲကောင်ကရှိတယ်။ အဲကောင်က ကိုစိန်ဝင်းကို သတ်ပြီးတော့ ဒလန် လုပ်နေတာ အဲကောင်…

  • ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

    ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

    အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ ၎င်းက “သူ့ကို သေသေချာချာ စစ်ဆေးပြီးတော့မှ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတအောင်တော့ ကျနော်တို့ စီရင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ၎င်းကိုယ်ရေးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ရှိ လက်ကျန်စခန်းဖြစ်သော အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) အား AA မှ မသိမ်းပိုက်မီ ထွက်ပြေးခဲ့သော်လည်း AA က အရှင်ဖမ်းမိခဲ့ ခြင်း ဖြစ်သည်။ စကခ-၁၅ သည် ဘူးသီးတောင်အခြေစိုက် ဖြစ်သော်လည်း စကခ-၁၅ ဌာနချုပ်အား AA က…

  • လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    မုံရွာမှာ အလုပ်သွားအလုပ်ပြန်ချိန် စစ်အုပ်စုက ပေါ်တာဆွဲ၊ လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက ပြည်သူတွေ အလုပ်သွား၊ အလုပ်ပြန်ချိန်ကို စောင့်ဆိုင်းကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်နေပြီး လေးရက်အတွင်း အမျိုးသား လူငယ် ၅၀ ၀န်းကျင် ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၁ရက်ကနေ ဒီကနေ့ ၁၄ရက်အထိ လေးရက်တာအတွင်း မုံရွာ မြို့တွင်းနေရာအနှံ့နဲ့ မြို့အဝင်အထွက် လမ်းမတွေမှာ စစ်အုပ်စုက စောင့်ဆိုင်းကာ လူငယ်အမျိုးသားတွေကို အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းတာလို့ ဆိုပါတယ်။ “အဓိကတော့ ညနေပိုင်း အလုပ်ပြန်တဲ့ အချိန် ဖမ်းတာ…

  • စစ်အုပ်စုနဲ့ ပျူတွေအထိုင်ချထားနဲ့  ကျွန်းလှနယ် မဒေါင်ရွာစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

    စစ်အုပ်စုနဲ့ ပျူတွေအထိုင်ချထားနဲ့ ကျွန်းလှနယ် မဒေါင်ရွာစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

    စစ်ကိုင်းတိုင်း ကျွန်းလှနယ် မြောက်ခြမ်းက မဒေါင်ရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ ကို စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့ စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဒီဇင်ဘာလ ၁၃ ရက် မနေ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ မဒေါင်ရွာ စစ်အုပ်စုနဲ့ပျူစောထီး အထိုင်စခန်းကို ကန့်ဘလူခရိုင် တော်လှန်ရေးအဖွဲ့တွေက အချိန် ၅ နာရီကျော်ကြာ တိုက်ခိုက်ပြီး သိမ်းယူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ မဒေါင်ရွာတိုက်ပွဲမှာ စစ်အုပ်စု တစ်ယောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး အနီးအနားက ပျူစောထီးစခန်းတွေရရှိနေရာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲကနေ MA 1 တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၄၆၀ တောင့်၊ ကျည်ဘောက် ငါးဘောက်၊ နင်းမိုင်းအကြီးတစ်လုံး၊ အသေးခြောက်လုံး၊ ဦးထုပ်နှစ်လုံးနဲ့ icon တစ်လုံး…