Category: News

  • “ကျနော် အမေ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်ရုံသက်သက်ပါ’ ဟု  ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း ပြော

    “ကျနော် အမေ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်ရုံသက်သက်ပါ’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း ပြော

    အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က လက်ရှိတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ၎င်း၏ သက်ကြီးရွယ်အို မိခင်ဖြစ်သူကို ပြန်လည်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုလိုက်သည်။ “ကျနော့်ဖခင်ဟာ အဲဒီအချိန်က ကျနော့်မိခင် အကျဉ်းကျနေတာကြောင့် သူမကို နောက်ထပ်ပြန်မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ ကျနော်ကတော့ သူမကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရဖို့နဲ့ သူမ ကျန်းမာရေးကောင်းမွန်ကြောင်း သိခွင့်ရဖို့ပဲ ရိုးရိုးရှင်းရှင်း လိုချင်တာပါ”ဟု ကိုထိန်လင်းက အမေရိကန် NPR သတင်းဌာနထံသို့ ပြောဆိုသည်။ ကိုထိန်လင်း၏ ဖခင် ဗြိတိန်ပညာရှင် မိုက်ကယ်အဲရစ် (Michael Aris) သည် ၁၉၉၉ ခုနှစ်၊ လန်ဒန်မြို့ရှိ ၎င်း၏ ၅၃ နှစ်မြောက် မွေးနေ့တွင် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်တပ်က မိုက်ကယ်အဲရစ်ကို…

  • အတ္တလန္တိတ်ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယဖြစ်စဉ်ကြောင့် လူ ၃ ဦး သေဆုံး

    အတ္တလန္တိတ်ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယဖြစ်စဉ်ကြောင့် လူ ၃ ဦး သေဆုံး

    အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခရီးနှင်နေသည့် ခရီးသည်တင်သင်္ဘောတစင်းပေါ်တွင် လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံးတဦးမှာ ကြွက်များမှတဆင့် လူသို့ကူးစက်တတ်သော ရှားပါးရောဂါဖြစ်သည့် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။ လက်ရှိတွင် ကျန်းမာရေးတာဝန်ရှိသူများသည် အာဂျင်တီးနားနိုင်ငံ အူရွှာအာမြို့မှ ကိပ်ဗာဒီသို့ ခရီးနှင်နေသည့် MV Hondius သင်္ဘောပေါ်တွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြသည်။ ကူးစက်ခံရသူ တဦးကို အတည်ပြုနိုင်ခဲ့ပြီး အခြားခရီးသည် အနည်းဆုံး ငါးဦးခန့်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ “ရောဂါဖြစ်ပွားသူ ခြောက်ဦးထဲမှာ သုံးဦး သေဆုံးသွားခဲ့ပြီး တဦးကတော့ လက်ရှိ တောင်အာဖရိကမှာ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ရှိနေပါတယ်” ဟု…

  • ဒေါပုံတွင် စစ်ရှောင်ရိုဟင်ဂျာ ၅၀ ခန့်ကို အုပ်ချုပ်ရေးနှင့်မဘသဘုန်းကြီးများက ဖမ်းဆီးပြီး ရဲစခန်းပို့

    ဒေါပုံတွင် စစ်ရှောင်ရိုဟင်ဂျာ ၅၀ ခန့်ကို အုပ်ချုပ်ရေးနှင့်မဘသဘုန်းကြီးများက ဖမ်းဆီးပြီး ရဲစခန်းပို့

    ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ မေ ၂ ရက်နေ့ ညနေ ၅ နာရီက ရခိုင်ပြည်နယ်က စစ်ရှောင်လာတဲ့ ရိုဟင်ဂျာ ၅၀ နီးပါးကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ မဘသ ဘုန်းကြီးတွေက ဖမ်းဆီးပြီး ရဲစခန်းကိုပို့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ ညနေ ၅ နာရီ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် နဂါးနီ ၂ လမ်း တိုက်အမှတ် ၄၇ နဲ့ ၄၈ မှာ ရောက်ရှိနေတဲ့ စစ်ရှောင်ရိုဟင်ဂျာတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်ဆေးပြီးနောက် မဘသဘုန်းကြီးတွေကို ခေါ်ကာ ရဲစခန်းကို ပို့ခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။ “ရခိုင်ကနေ စစ်ရှောင်လာတဲ့ ကလေးတွေနေတဲ့တိုက်ကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ် မှူးတွေက ဝင်စစ်တယ်။ စစ်ဆေးနေရင်း မဘသ…

  • မနောဖြူစင်ဆရာတော်

    မနောဖြူစင်ဆရာတော်

    မြန်မာ့လူမှုကွန်ယက် (Facebook/TikTok) ပေါ်တွင် “ထေရာဝံသာလင်္ကာရ (ခေါ်) မနောဖြူစင်ဆရာတော်” ဟူသော ဘွဲ့အမည်ခံကာ သာသနာ့အရှက်ရဖွယ် ပြုမူနေသူတစ်ဦး၏ အကြောင်းကို ရဟန်းရှင်လူအများ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။ ​အဆိုပါပုဂ္ဂိုလ်သည် နေပြည်တော်၊ ပျဉ်းမနား၊ ကန်ဦးကျေးရွာ (အုန်းတောကျောင်း) တွင် သီတင်းသုံးသည်ဟု အမည်ခံထားသော်လည်း လက်တွေ့တွင် ရဟန်းသံဃာတစ်ပါး၌ ရှိသင့်ရှိထိုက်သည့် ဝိနည်းသိက္ခာများ လုံးဝကင်းမဲ့နေသည်ကို တွေ့ရှိရပါသည်။ ၎င်းသည် လိင်တူချစ်သူများစွာနှင့် ပတ်သက်မှုရှိခြင်း၊ ကလေးသူငယ်များ (ကျား/မ မရွေး) အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုများ ပြုလုပ်ခြင်းတို့ကြောင့် ရဟန်းသံဃာတို့ လိုက်နာအပ်သည့် ‘ပါရာဇိက’ ကံထိုက်ထားပြီးဖြစ်သော အလဇ္ဇီတစ်ဦး ဖြစ်ပါသည်။ ​ထို့အပြင် ၎င်းသည် ပထမငယ်တန်းသာ အောင်မြင်ထားသော်လည်း ဓမ္မာစရိယနှင့် လင်္ကာရဘွဲ့များစွာ ရရှိထားသယောင် လိမ်ညာလှည့်ဖြား၍ သာသနာတော်ကို အလွဲသုံးစား…

  • NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။ ​နေရာ​ဒေသ နဲ့ အချိန်ကာလကိုဖော်ပြမထားပေမယ့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့PDFတပ်မှူးအချို့ဟာ မြို့ပေါ် လူနေရပ်ကွက် အခုမှာ အရပ်ဝတ်တွေနဲ့ သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်နေကြတာ တွေ့ရပါတယ်။ မိနစ်ဝက်ခန့်သာရှိတဲ့ ရုပ်သံမှာ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက အခု နေရာဟာ ပဲခူးတိုင်းအတွင်း စိုးမိုးထားတဲ့နေရာလို့ ပြောပါတယ်။ “ငါ့အကိုလည်းတောထဲမှာမဟုတ်တော့ဘူး။ ငါ့အကိုလည်း မြို့ပေါ်မှာ…