မွေးမြူထားတဲ့ မျောက်က ကိုက်လို့ ၆ နှစ်အရွယ် ကလေးငယ် သေဆုံး

ထိုင်းမှာ ကြိုးချည်ပြီး မွေးမြူထားတဲ့ မျောက်က ကိုက်လို့ ၆ နှစ်အရွယ် ကလေးငယ် သေဆုံး

ထိုင်းနိုင်ငံ နခွန်စီသမ္မရတ်ခရိုင် စီချွန်မြို့နယ်အတွင်းရှိ နေအိမ်တလုံးဘေးမှာ ကြိုးရှည်နဲ့ ချည်ပြီ မွေးမြူထားတဲ့ မျောက်တကောင်က တိုက်ခိုက်ခဲ့လို့ ၆ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက် နံနက်ပိုင်းက နခွန်စီသမ္မရတ်ခရိုင် စီချွန်မြို့နယ် သက်ရတ်ကျေးရွာအုပ်စု၊ ခေါဝ်ယွမ်ထောင်ကျေးရွာမှာ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး

သေဆုံးသူ ကလေးငယ်ဟာ အသက် ၆ နှစ်အရွယ် ပထမတန်း တက်ရောက်နေသူ ဖြစ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က ကလေးငယ်ဟာ မျောက်ကို ချည်ထားတဲ့ နေရာအနီးမှ ဖြတ်သန်းသွားစဉ် မျောက်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကာ

မျောက်ရဲ့ ကိုက်ခဲမှုကြောင့် ကလေးငယ်ရဲ့ အဆုတ်နှင့် ခြေထောက်တွေမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး စီချွန်ဆေးရုံကို အရေးပေါ် ပို့ဆောင်ကုသခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရတယ်။

ဒေသခံတွေ ပြောဆိုချက်အရ ကျေးရွာအတွင်း ကုန်စုံဆိုင်ဖွင့်လှစ်ထားတဲ့ အသက်ကြီးပိုင်း အမျိုးသားတဦးက မျောက်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ငယ်စဉ်ကတည်းက မွေးမြူလာခဲ့ခြင်းဖြစ်ပြီး

ကလေးငယ်ကို တိုက်ခိုက်ခဲ့တဲ့ မျောက်ကို အခင်းဖြစ်ပွားရာနေရာ သစ်ပင်နှစ်ပင်ကြားမှာ ကြိုးရှည်နဲ့ ချည်နှောင်ထားခဲ့ရာက ကလေးငယ်ဟာ အခုလို အဖြစ်ဆိုးနဲ့ကြုံခဲ့ရတာလို့ သိရပါတယ်။

Ref & Photo; Amarin TV


Comments

Leave a Reply

Your email address will not be published. Required fields are marked *