Category: News
-

စစ်တွေမြို့သိမ်းတိုက်ပွဲကို AA က ဖြည်းဖြည်းချင်းတိုး၍ တိုက်နေ
ရခိုင်ပြည် စစ်တွေမြို့အနီးတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ လက်နက်ကြီးအပြစ်အလှန်ပစ်ခတ်မှု၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားနေကြသည်။ ပါဒလိပ်၊ ရေချမ်းပြင်နှင့် ရွှေမင်းဂံရေတပ်ခစန်းတို့ကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြစ် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်တွေ ဒကစ ဌာနချုပ်၏ ကာကင်းစခန်းများကို လက်နက်ငယ်များဖြင့် ဖြည်းဖြည်းချင်းတိုး၍ တိုက်ခိုက်နေကြောင်း AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “စခန်းတွေ သိမ်းပိုက်ရရှိတာ မရှိသေးဘူး။ ဘယ်သူတွေ သိမ်းပိုက်လဲတော့ မသိဘူး။ တိုက်ပွဲကတော့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ကြတာ နေ့တိုင်းနီးပါးတော့ ရှိတယ်။ တပ်တော်ဘက်ကတော့ ဖြည်းဖြည်းချင်းတိုးနေတယ် အဲလောက်ပါပဲ” ဟု ပြောသည်။ ဒကစ ဌာနချုပ် အနီး စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ် ဝါဘို၊ ကွမ်းတောင်၊ ဂန့်ဂေါ်ကျွန်း၊…
-

နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်
အာဆီယံနှင့် နိုင်ငံတကာ က အတုအယောင်ရွေးကောက်ပွဲအဖြစ် ရှုတ်ချထားသော်လည်း လာမည့် ဧပြီလတွင် အစိုးရသစ်ဖွဲ့မည်ဟု စစ်ကော်မရှင် ပြော စစ်ကော်မရှင်က လုပ်ဆောင်နေသည့် အပိုင်းလိုက်ရွေးကောက်ပွဲများအပြီး လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလတွင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းကာ တာဝန်များစတင် ထမ်းဆောင်မည်ဖြစ်ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားလိုက်သည်။ ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းရေး အစီအစဉ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာ များတွင် ဖော်ပြထားသည်။ “လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင် အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းက လုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ ကုလသမဂ္ဂ…
-

ငလျင်ဘေးအတွက် သတိပေးလာတဲ့ လင်းညို့တာရာ
ငလျင်ဘေးကို ဒီလ ၁၅.၁၆.၁၇ အထိ ဂရုစိုက်ဖို့ လိုပါမယ် ဖြစ်ခဲ့လျှင်လည်း ၂၀၂၅ လောက်တော့ အဆိုးဆုံး နဲ့ လူတွေထိခိုက်မှုတော့ မများနိုင်ပါ ဒါပေမယ့် ကံဆိုးသူမောင်ရှင်တွေဆိုတာက ရှိနိုင်တာမို့လို့ သတိထားပေးကြပါ မနှစ်က ငလျင်ဒဏ်သင့်ထားသော နေရာများအားလုံး သတိပြုပေးကြဖို့ လိုပါတယ်။ ယတြာအနေနဲ့ အိမ်ရှေ့မှာမြေခွက် ဖန်ခွက်ထဲကို ရေထည့်ပါ အပေါ်ကနေ ညောင်ရွက်တစ်ရွက်တင်ပါ သို့မဟုတ် စာရွက်ဖြူတစ်ရွက်ကို ညောင်ပင်ပုံစံဖြတ်တောက်ပြီး ရေခွက်ပေါ်မှာတင်ထားပါ။ ဝသုန္ဒြေနတ်မင်းကြီးကို အိမ်ခြံဝင်းအတွင်း သန့်ရှင်းသောနေရာတွင် အုန်းသီး၊ ငှက်ပျောသီးများဖြင့် ကန်တော့ပွဲပေးခြင်းသော်လည်းကောင်း သို့ ရေတစ်ခွက် အသီးအစုံတစ်ပွဲ ဆီမီးများ ထွန်းညှိပြီး “ဤမြေပေါ်တွင် နေထိုင်ရသော အိမ်ထောင်စုဝင်များအား မြေဘေးအန္တရာယ်များမှ စောင့်ရှောက်ပေးပါ”ဟု တိုင်တည်ဆုတောင်းခြင်းများ ပြုလုပ်ပေးပါလေ။ လင်းညှို့တာရာ
-

နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်
ရခိုင်-မကွေး ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူလာတဲ့ စစ်ကောာင်စီ စစ်ကြောင်း ၂ ကြောင်းကို အာရက္ခတပ်တော် (AA) က ထပ်မံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ AA သိမ်းထားတဲ့ ဂုတ်ကြီးကျေးရွာစခန်းနဲ့ ပဇီကျေးရွာ စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို AA က ပိတ်ဆို့ထားပြီး စနိုက်ဘာနဲ့ တိုက်ခိုက်နေတယ်လို့ လည်းသိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တယောက်က “စကမ ဘက်က ဂုတ်ကြီးစခန်းနဲ့ ပဇီစခန်းကို ဒီဇင်ဘာလအတွင်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး တက်လာတယ်၊ တိုက်ပွဲဖြစ်တယ်၊ AA ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်။ အခု အဲဒီစစ်ကြောင်းတွေ အပိတ်ခံနေရပြီ”လို့ ပြောပါတယ်။ စစ်ကြောင်း…
-

စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ ၌ ကြားနာမှု စတင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ကြားနာစစ်ဆေးမှုများ ယနေ့ ဒေသစံတော် နံနက် ၁၀ နာရီတွင် စတင်နေပြီဖြစ်သည်။ အဆိုပါကြားနာပွဲတွင် မြန်မာနှင့် ဂမ်ဘီယာကိုယ်စားလှယ်များမှ နှစ်ဖက်ချေပလျှောက်ထားချက်များ အပြန်အလှန် ပြုလုပ်ခြင်း၊ နှစ်ဖက်စလုံး တင်သွင်းထားသည့် သက်သေများ၊ ပညာရှင်များအား မေးမြန်းခြင်း ပါဝင်မည်ဟု သိရသည်။ ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်က ICJ ၌ ခုခံရန် သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားသည်။…