Category: News
-

မန္တလေးမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရ
မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။ စစ်တပ်ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီဇင် ဘာ၂၈ရက် နေ့၊ဒီနေ့မနက် အစော ၁နာရီမှာ မြို့တွင်းမြို့ပြင်အားလုံးနီးပါး ပေါက်ကွဲသံ တွေကြားရတာလို့ ဒေသခံတွေကပြောပါတယ်။ “အသံ၅ခါကြားရတယ်။အာဏာသိမ်းခါစကိုပြန် ရောက်သွားသလိုပဲ”လို့ ဒေသခံ တဦးကပြောပါတယ်။ ပေါက်ကွဲတဲ့ နေရာ တွေကို မသိရ ပေမယ့် အသံ တွေကို မန္တလေးမြောက်ပြင် ၁ဝ လမ်းကနေ ၁၁၀(မနော်ဟရီလမ်း)နေသူ တွေအထိ ကြားရတယ်လို့ သိရပါတယ်။ ပေါက်ကွဲသံအချို့က နန်းတွင်းထဲကလို့ထင်ကြောင်းဒေသခံအချို့ကပြောပါတယ် ။ဒါအပြင် မင်းကွန်းဘက်မှာလည်းပေါက်ကွဲသံတွေဆက် တိုက်ကြားနေရတယ်လို့ ဒေသခံအချို့ကပြောပါတယ် ။ စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတမြို့လုံး လုံခြုံ ရေးတင်းကြပ်ထားချိန်အခုလို ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေတာပါ ။ စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာပဲ မြဝတီ ၊ထားဝယ်၊ပြည် စတဲ့မြို့နဲ့…
-

မင်းအောင်လှိုင်ရဲ့ “ဒီဂျစ်တယ် Live Stream အိပ်မက်” က ကောင်းကင်ပြာဓတ်ပုံလေးနဲ့အတူ ဇာတ်သိမ်းသွား …
မင်းအောင်လှိုင်ရဲ့ “ဒီဂျစ်တယ် Live Stream အိပ်မက်” က ကောင်းကင်ပြာဓာတ်ပုံလေးနဲ့အတူ ဇာတ်သိမ်းသွား … ကမ္ဘာကိုလိမ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ၂၀၂၂ ခုနှစ်တုန်းက အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တဲ့ MRTV Live Streaming အစီအစဥ်ကြီး အခု ဘာဖြစ်သွားပါပြီလဲ ? … အဖြေကတော့ ၃ ပတ်ကျော်ကြာ လိုင်းပေါ်မတက်နိုင်တော့ဘဲ နောက်ဆုံးမှာတော့ “ကောင်းကင်ပြာ” ဓာတ်ပုံလေးတစ်ပုံတင်ကာ ပရိသတ်ကို နှုတ်ဆက်သွားခဲ့ပါပြီ။ အပြင်မှာ ကောင်းကင်ပြာ၊ ရုံးခန်းထဲမှာ (ကံဆိုး) မိုးမှောင်ကျ စစ်အုပ်စုရဲ့ MRTV ဟာ အပိတ်ခဲ့ခဲ့ရတဲ့ သူတို့ရဲ့ (MRTV) လိုက်ဖ်လွှင့်တဲ့နေရာမှာ တိမ်အနည်းငယ်ရှိနေတဲ့ ကောင်းကင်ပြာဓတ်ပုံကို အစားထိုး တင်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့ MRTV ရုံးခန်းထဲမှာတော့ စစ်အုပ်စုရဲ့…
-

စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ
စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ ပြည်သူတွေလုံခြုံရေးသတိနဲ့နေဖို့ တော်လှန်ရေးတပ်တွေသတိပေး စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့တွေမှာ မဲရုံတွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီးတွေမှာ ပေါက်ကွဲမှုတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ တမူးမြို့မှာပေါက်ကွဲသံနဲ့ပစ်ခတ်သံတွေကြားရင် ဒေသခံတွေထွက်မကြည့်ကြဖို့ ကာကွယ်ရေးရဲဘော်တွေကသတိပေးထားပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဒီနေ့(ဒီဇင်ဘာလ၂၇ရက်) ည ၇နာရီခန့်ကစပြီးပေါက်ကွဲသံ ၄ ကြိမ်ထက်မနည်းကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ ထွက် ပေါ်ပြီးတဲ့နောက် စစ်တပ်က ကားတန်းနဲ့ မြို့ကိုပတ်နေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းပြည်မြို့နယ်မှာဆိုရင်လယ်ဘဲ့ကျေးရွာက မဲရုံ၊ဝက်ထီးကန်ရဲစခန်းနဲ့ ဝက်မြေတောကျေးရွာမဲရုံ အနီးမှာ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ” မနက်ဖြန် ရွေးကောက်ပွဲနေ့ဘာတွေဆက်ဖြစ်မှန်းမသိဘူး။ ရွေးကောက်ပွဲကိုဘယ်သူမှလည်းစိတ်မဝင်စားဘူး။စစ်တပ်က ခြိမ်းခြောက်ပြီး မဲရုံတွေကိုလာခိုင်းနေတယ်” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာရှိတဲ့ ကြံခိုင်ရေးပါတီရုံး အနီးနဲ့…
-

ပလောက်မြို့ရှိ စရဖရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ပလောက်မြို့ရှိ စရဖရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ပခုက္ကူရှိ စစ်တပ် တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စရဖရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်း တို့ကို ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်းKNDO Drone Forces မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၃ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပလောက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စရဖရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ…
-

ဗန်းမော် တပ်စခန်း ၂ ခု KIA သိမ်းပိုက်
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့ရှိ တပ်စခန်းနှစ်ခုကို KIA က သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဗန်းမော်မြို့ရှိ ခြေလျင်တပ်ရင်း ခလရ(၄၇) နှင့် စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ(၆၄၁) တို့ကို ယမန်နေ့ (ဒီဇင်ဘာ ၂၆ ရက်) ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “၆၄၁ ရယ် ၄၇ ရယ် ဗန်းမော်စခန်း နှစ်ခု ရတယ်တဲ့ ဒီမနက်ပဲ သတင်းဝင်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကမူ ခလရ(၄၇) ဝန်းကျင်တွင် ယမန်နေ့ထိ တိုက်ပွဲပြင်းထန်နေပြီး စခန်းသိမ်းပိုက်နိုင်ကြောင်းကို ၎င်းအနေဖြင့် အတည်မပြုနိုင်သေးသော်လည်း သတင်းကြားသိရကြောင်း ဆိုသည်။ “မနေ့ကထိ ၄၇ နဲ့ ၃ မိုင် ၄မိုင်…