Category: News

  • ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ

    ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ

    ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ၊ တိုင်းနှင့်ပြည်နယ် ၈ ခုတွင် မိုးဆက်ကောင်းနိုင် ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ယမန်နေ့ (ဇွန်လ ၄ ရက်) ညက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် ရေကြီးမှုများ ဖြစ်ခဲ့ပြီး နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ ရပ်နားထားသည့် မော်တော်ယာဉ်အချို့ ရေမြုပ်ခြင်းနှင့် ပစ္စည်းအချို့ ရေကြီးမှုကြောင့် ပျက်စီးမှုများရှိခဲ့သည်။ “အလုံမှာက ရေမကြီးတာကြာပြီ။ ညက မိုးကြောင့် အိမ်တွေထဲ ရေတွေဝင်ပြီး တချို့မြေညီထပ်အိမ်တွေဆို တန်ဖိုးကြီးပစ္စည်းတွေ ပျက်စီးမှုတွေ ကြုံခဲ့ရတယ်။ မိုးရာသီစစချင်းမှာတောင် ဒီလိုရေကြီးတာ ကြုံရတော့ မိုးတွင်းမှာ ရေကြီးမှုအတွက် ကြိုပြင်ရတော့မယ့် အခြေအနေပါ” ဟု အလုံမြို့နယ် ဒေသခံတဦးက ပြောသည်။ ရန်ကုန်တွင် ယမန်နေ့ ညက…

  • စစ်ကိုင်းမြို့ပေါ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

    စစ်ကိုင်းမြို့ပေါ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

    ဗုံးပေါက်ကွဲသော လ၀ကရုံးမှာ စစ်တပ်နှင့်ပျူစောထီးများက နှစ်ရှည်လများစွာ လုံခြုံရေးယူထားသည့်နေရာဖြစ် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း စစ်ကိုင်းမြို့အခြေစိုက် ပရဟိတအဖွဲ့များက ပြောဆိုသည်။ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ် လ၀ကရုံး ဝင်ပေါက်ဘေးတွင် ဗုံးစတင်ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လ၀ကရုံးမှ ဝန်ထမ်းတချို့နှင့် ပြည်သူ တချို့ စုစုပေါင်း ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိသွားကြောင်း၊ သေဆုံးသူမရှိကြောင်း သိရှိရသည်။ “ဖြစ်တာက ရုံးဝင်ပေါက်ဘေးမှာ ဗုံးကွဲတာ။ ဝန်ထမ်းတွေနဲ့ လူတွေ ဒဏ်ရာရတာရှိတယ်။ ဗုံးပေါက်တဲ့နေရာက UDI ကတ်နဲ့ မှတ်ပုံတင်တွေ စိစစ်ဖောင်တင်တဲ့နေရာပါ။ ဒရုန်း ဗုံးကျတာမဟုတ်ဘူး” ဟု လူနာများကို ဆေးရုံတင်ပို့ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက…

  • မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်

    မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်

    အကြမ်းဖက်စစ်တပ်က မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ် နေရာအနှံ့တွင် စွန့်ပစ်ထား လတ်တလော အလောင်း ၄၀ ကျော်တွေ့ရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ်နေရာအနှံ့အပြားတွင် စွန့်ပစ်ထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ ညောင်ဦးအခြေစိုက် ခလရ-၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီးများ ပူးပေါင်းထားသည့် အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသည် မေလဆန်းပိုင်းကတည်းက မြစ်ခြေမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် လမ်းတောက်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင်၊ မေလနှောင်းပိုင်း မြစ်ခြေမြို့ပေါ်သို့ ရောက်ရှိလာချိန်တွင်လည်း နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။…

  • ကားရပ် ပြဿနာတစ်ခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုသားသုံးဦးက သံတုတ်နဲ့ရိုက် ဓါးနဲ့ခုတ်မှုဖြစ်ပွား

    ကားရပ် ပြဿနာတစ်ခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုသားသုံးဦးက သံတုတ်နဲ့ရိုက် ဓါးနဲ့ခုတ်မှုဖြစ်ပွား

    ဘာမဟုတ်တဲ့ လမ်းဘေးကားရပ်တဲ့ကိစ္စလေးတခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုးသားသုံးဦးက သံတုတ်နဲ့ရိုက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများ တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မိန်းကလေး၏ အကိုဖြစ်သူမှ ၎င်း၏ လူမှုကွန်ယက်တွင်ပြောဆိုမှုများအရသိရပါသည်။ တောင်ကြီးမြို့ ဈေးအနီး တွင်ကားရပ်ရာမှ အဆိုပြဿနာဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦးက အမျိုးသမီးနှင့် ၎င်းအကိုဖြစ်သူကို ကြမ်းတမ်းစွာဆဲဆိုခဲ့ပြီး ကားကိုလေးခွများနှင့်ပစ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထို့အပြင် အမျိုးသားနှစ်ဦးမှ မိန်းကလေးကို ချုပ်နှောင်ကာ အင်္ကျီများဆုတ်ဖြဲကာ လက်သီးဖြင့်ထိုးခြင်း သံတုတ်နဲ့ရိုက်နှက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများကျူးလွန်ခဲ့ပါသည်။ ထိုအခြေအနေကြောင့် မိန်းကလေးတွင် နှုတ်ခမ်းကွဲ မေးရိုးကျိုး သွားကျိုး ဒဏ်ရာများဖြင့်တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံတွင် ကုသနေရကြောင်းသိရပါသည်။ ကျူးလွန်သူများတွင် တောင်ကြီးမြို့တွင် အောင်အမည်ဖြင့် ဆေးခန်းဖွင့်ထားသော ဆရာဝန်ဖြစ်သူလည်း ပါဝင်ကြောင်း မိန်းကလေး၏ အကိုဖြစ်သူပြောဆိုမှုများအရ သိရပါသည်။ ကျူးလွန်သူများကိုအရေးယူပေးရန်နှင့် လူမှုကွန်ယက်တွင်လည်း ဖြန့်‌ ဝေပေးရန်တောင်းဆိုမှုများစွာတွေ့နေရပါသည်။

  • EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ ကားပိုင်ရှင်များ ငြီးတွား

    EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ ကားပိုင်ရှင်များ ငြီးတွား

    အမြန်လမ်းတစ်လျှောက်ရှိ EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ ကားပိုင်ရှင်များ ငြီးတွား အမြန်လမ်းတစ်လျှောက်ရှိ EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ အားသွင်းချိန်မရဖြစ်နေကြောင်း ကားပိုင်ရှင်များက ငြီးတွားပြောဆိုသည်။ ဘက်ထရီအားအပေါ်အဓိကထားမောင်းနှင်ရသော လျှပ်စစ်မော်တော်ယာဉ်(EV)များကို အားသွင်းရန် အမြန်လမ်းတစ်လျှောက် လျှပ်စစ်မီးမလုံလောက်ဖြစ်နေ၍ ခရီးဝေးထွက်ရန် အလွန်စိုးရိမ်ပူပန်နေကြကြောင်း ယာဉ်ပိုင်များက ဆိုသည်။ လောင်စာဆီသုံး(ICE)ကားမှ စက်သုံးဆီဈေးကြောင့် EV ကားပြောင်းစီးသူတစ်ဦးကတော့ အမြန်လမ်းတလျှောက် ကားမောင်းရင်း မသိမသာ တမျိုး၊ သိသိသာသာ တစ်မျိုး ဘတ္ထရီရာခိုင်နှုန်းမည်မျှ ကျန်ရှိသနည်းဆိုသည်ကို စိုးရိမ်စိတ်ဖြင့် ကြည့်ပြီးမောင်းလာခဲ့ရသည်ဟု ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့နှင့်မနီးမဝေးရှိ အမြန်လမ်း(၃၉)မိုင်သို့ ခရီးတိုတစ်ခုကို ၎င်းပိုင် EV ကားဖြင့် မိသားစုနှင့်အတူ ထွက်ခဲ့သည့်အခြေအနေများကို အထက်ပါအမျိုးသားက ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ရေးသေားပြောပြခြင်းဖြစ်သည်။ အိမ်က ဘတ္ထရီအား ၈၅ ရာခိုင်နှုန်းဖြင့် စထွက်ခဲ့ရာ…