“စစ်အာဏာရှင် ပြုလုပ်တဲ့ တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲမှာ တက်ရောက်ခဲ့ပြီး လက်ခုပ်လက်ဝါးတီး အားပေးဂုဏ်ပြုခဲ့သူ ချမ်းမြမြသော်”
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေး အင်အားစုများ နဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အ စည်းများက အာဏာသိမ်းစစ်အုပ်စုက ကျင်းပဖို့စီစဉ် ထားတဲ့ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့မှာ တပ်မ တော် နေ့ဂုဏ်ပြုညစာစားပွဲကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို လူအများသိရှိကြပြီးဖြစ်ပါတယ်။
၂၀၂၁ အစောပိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမီဒီယာ ကနေ အသံများ စွာ Speak Out လုပ်ပေးခဲ့ဖူးသူ ချမ်းမြမြသော်တယောက် အဲဒီ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ပြီး လက်ခုပ်လက်ဝါးတီး အားပေးဂုဏ်ပြု နေခဲ့တာကိုမြင်တွေ့ခဲ့ရမှုဖြစ်ပါတယ်။
၂၀၂၃ အစောပိုင်း နှစ်ကာလတွေမှာ ချမ်းမြမြသော် တယောက် အာဏာ သိမ်းစစ်အုပ်စုထံ ခံ၀န်ထိုးလိုက်ပြီလို့ သတင်းတွေထွက်ခဲ့ပေမဲ့ သက်သေ ပြနိုင်တဲ့ Evidence အကြောင်းတစ်စုံတစ်ရာ မရှိခဲ့တာကြောင့် ဒီနေ့အထိ လွတ်မြောက်နေခဲ့တာ ဖြစ်ပါတယ်။ယခုအခါမှာတော့ သူမ မည်သူမည်ဝါဆိုတာ ပေါ်ထွက်လာတဲ့လုပ်ရပ်လဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ တော်လှန်ရေးမှာပါ၀င်နေတဲ့ပြည်သူ တစ်ဉီးတယောက်စီတိုင်းအပေါ်ကို ချမ်းမြမြသော် သစ္စာဖောက် တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။
ကျနော်တို့သေချာကောင်းကောင်းသိထားဖို့လိုတာက အာဏာသိမ်းစစ်အုပ်စု နဲ့ တရား၀င်ပေါ်ပေါ် ထင်ထင် ပူးပေါင်းပြီဆိုတာနဲ့ လူထုရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင် မှုနဲ့ ကြုံကြရမယ်ဆိုတာကိုပါ။

Follow လုပ်ထားသူတွေလဲ Unfollow လုပ်ကြပါ။
ကိုယ့်ရဲ့ ရပ်တည်ချက်ကို အကျိုးအမြတ်အတွက် အလဲ အလှယ်လုပ်သူ၊ ရောင်း၀ယ် ဖောက်ကားသူ ကို ပြည်သူတွေအနေနဲ့ ပြင်းပြင်းထန်ထန် Social Punishment လုပ်ကြရပါမယ်။
တောင်ကိုရီးယားမှာဆိုရင် သူမက Media Power အတော် အသင့် ရှိသူ ဖြစ်တာကြောင့် သတိကြီးကြီးထားကြရမှာပါ။
၂၀၂၃ ကတည်းက ထွက်ပေါ်နေခဲ့တဲ့ သူမရဲ့ မကောင်းသတင်းတွေအားလုံးဟာလည်း အခုအချိန်မှာတော့ ရှင်းပြစရာမလိုအောင် ရှင်းလင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။
အကျိုးအမြတ်အတွက်ရပ်တည်ချက် ပြောင်းလဲ တဲ့ သူတွေများလာတာက ကောင်းတဲ့အလားအလာ မဟုတ်တာကို လည်း အများကသိရှိနားလည်ဖို့လိုပါတယ်။
ဒီလို ရပ်တည်ချက်ပြောင်းလဲသူ၊ ပြည်သူအပေါ် သစ္စာ ဖောက်မှုဟာ ပြင်းပြင်းထန်ထန် ရှုတ်ချ ရမဲ့ ဖြစ်ရပ်ဖြစ် ပြီး သက်ဆိုင်တဲ့ သူရဲ့ လုပ်ငန်းတွေ ၊မိသားစု တွေက အစ အသေးစိတ် အထိကို Boycott & Social Punishment သေချာလုပ်ကြဖို့လိုပါတယ်။
ချမ်းမြမြသော် တစ်ယောက် အာဏာသိမ်းစစ်အုပ်စုနဲ့ပူးပေါင်းနေကြောင်း သတင်းစကားကို တောင်ကိုရီးယားဘက်က သိအောင် အသိပေးဖို့လိုပါတယ်။
ချမ်းမြမြသော်ကို အားပေးထောက်ခံနေတဲ့ လူငယ်တွေလဲ သူတို့ရဲ့ ဆရာမ ဆိုသူဟာ သားသမီးရှိပါလျက်နဲ့ သူ့သားသမီး အရွယ် ကလေးငယ်တွေ မြန်မာနိုင်ငံ အတွင်းမှာ နေ့စဉ်နဲ့အမျှ ဗုံးကြဲ သတ်ဖြတ် ခံနေရတာကို ကြားသိမြင်သိပါလျက်နဲ့ ဒီလို လုပ်ရပ်ကို လုပ်ချသွားတာပါ။
လူငယ်တွေကို Misinformation ပေးပြီး အတုယူမှားနိုင်တဲ့ သူတစ်ယောက်ဖြစ်နိုင်ကြောင်းကိုလဲ သူမကိုယ်တိုင်က သက်သေပြသွားတယ်လို့ ဆိုရင်လဲ လွန်ဖွယ်မရှိပါ။
ပညာတတ် အောက်တန်းစား တွေဘယ်လောက်ကြောက် စရာ ကောင်းသလဲဆိုတာကိုလဲ လက်တွေ့မြင်ကြရတဲ့ ဖြစ်ရပ်လဲ ဖြစ်ပါတယ်။
အားလုံး ချမ်းမြမြသော်ကို ပြင်းပြင်းထန်ထန် Social Punishment လုပ်ကြပါ။လုံး၀ ရပ်တည်နိုင်စွမ်း မရှိအောင် လုပ်ကြရပါမယ်။သူ့လုပ်ငန်းတွေအားလုံးကိုလည်း Boycott လုပ်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတဲ့ ကိုယ်ချင်းစာနာစိတ်နှလုံးသားရှိသူ မြန်မာနိုင်ငံသားအားလုံးလည်း ဒီ လုပ်ဆောင်မှုမှာပါ၀င်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေးအင်အားစုများ နဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများက အာဏာသိမ်းစစ်အုပ်စုက ကျင်းပဖို့စီစဉ်ထားတဲ့ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့မှာ တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို မတ်လ ၂၆ ရက် တောင်ကိုရီးယားစံတော်ချိန် ညနေ ၅နာရီမှ ည ၈ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။
ဆန္ဒပြတဲ့သူတွေဟာ အလုပ်တွေဖျက်ပြီးဆန္ဒ သွားပြခဲ့ကြရတာ ဖြစ်ပါတယ်။
အဲဒီပွဲကို တော့ အရင်က တော်လှန်ရေးအတွက် အသံပေါင်းစုံ တောင်ကိုရီးယားမီဒီယာကနေ အသံ တောက်လျှောက်ထွက်ပေးခဲ့တဲ့ ချမ်းမြမြသော်တစ်ယောက် ရောက်ရှိနေတာကို ပွဲပြင်ပက ဆန္ဒ ပြသူတွေ တွေ့မြင်ခဲ့ကြပါတယ်။
ဒီလိုအခြေအနေကို ဘယ်လို လုပ်သင့်တယ်ဆိုတာက အများပြည်သူဆုံးဖြတ်ရမဲ့ ကိစ္စဖြစ်ပါတယ်။
Boycott & Social Punishment လုပ်ကြမယ်ဆိုရင် အထောက်အထား သက်သေ က အရမ်း အရေးကြီးပါတယ်။
တွေ့မြင်ရတဲ့အနေအထားကို မှတ်တမ်းဓာတ်ပုံ တစ်ခုခုနဲ့သာ မှတ်တမ်း တင်နိုင်ခဲ့ရင်တော့ အများပြည်သူကို ချပြ ဖို့ အင်မတန် လွယ်သွားမှာ ဖြစ်ပါတယ်။
Page ကတင်ထားပြီး ပြောထားတာကပုံ မှတ်တမ်း ရိုက်ထားပြီး အထောက်အထားရှိရဲ့သား နဲ့ ထုတ် မပြတဲ့ သူတွေကို ပြောထားတာ ဖြစ်ပါတယ်။
ဆန္ဒသွားပြတဲ့သူတွေက တော့ ဆန္ဒတောင် သွားပြခဲ့သေးတာ ပုံမရိုက်ရဲစရာ မရှိပါဘူး။
ဒါကို သေချာ နားလည်အောင်ရှင်းပြခြင်းဖြစ်ပါတယ်။
ဒီအတိုင်းဆိုရင်တော့ တော်လှန်ပြည်သူတွေအနေနဲ့ ချမ်းမြမြသော်ကိုလဲ Social Punishment လုပ်ကြ ဖို့လိုအပ်ပါတယ်။
လူအများစု က မြင်တာဖြစ်တဲ့အတွက် ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သူ့ဘက်က ငြင်းချက်ထုတ်လို့မရတာကိုတော့ ကောင်းကောင်းသိနိုင်မယ်လို့ယူဆပါတယ်။
ဆန္ဒပြမှုမှာ ပါ၀င်ခဲ့ကြတဲ့သူတွေအနေနဲ့လည်း ကျနော်တို့ပြောချင်တဲ့အကြောင်းအရာကို နားလည်မယ်လို့ ယူဆပါတယ်။
BC / SP ဟာ ငြင်းမရတဲ့ အထောက်အထား သက်သေ အရမ်း အရေးကြီးပါတယ်။
အချက်အလက်မပါတဲ့ အပြောတစ်ခုတည်း နဲ့ Boycott လုပ်လို့မရတာကို သိကြပြီး ဖြစ်မှာပါ။
တော်လှန်ရေးထဲ မျက်နှာဖုံးကွာကျလာသူတွေအများကြီး ဒီရက်တွေမှာပေါ်ထွက်လာနေပါတယ်။
သန္ဓေမမှန်သူတွေ ပေါ်ထွက်လာတာကတော်လှန်ရေး အတွက် ပိုကောင်းတဲ့ အရွေ့ပဲ ဖြစ်လာဖို့ရှိပါတယ်။
အရောင်ပြောင်းသူတွေကို မဖော်ထုတ်နိုင်ရင် အယောင်ဆောင် ဖောက်ပြားသူတွေနဲ့ တော်လှန်ရေးဟာ ပိုပြီးတော့ အခက်အခဲ ကြုံနိုင်မှာ ဖြစ်လို့ပါ။


Leave a Reply