Category: News
-

ကရင်နီတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံး
ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်က လက်လွှတ်ထားရသော နယ်မြေများ ပြန်လည် သိမ်းပိုက်ရေး ထိုးစစ်ဆင်နွှဲစဉ် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံးသွားကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် မိတ်ဆွေဖြစ်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ တိုက်ပွဲအတွင်း ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းကိုမူ တပ်ရင်းတပ်ဖွဲ့ထံသို့ ပြန်လည် သယ်ယူနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ “ကယားပြည်နယ်ဘက်မှာ ကျတာလို့ သိရတယ်။ သူက မြစ်ကြီးနားဇာတိပါ။ ဗိုလ်မှူးအပွင့်မတင်သေးဘူး။ ဒါပေမယ့် လစာတော့ စားနေပြီ” ဟု သေဆုံးသူ ဗိုလ်ကြီးအောင်မင်းသူ၏ အွန်လိုင်းမှ မိတ်ဆွေက ဆိုသည်။ သေဆုံးချိန်တွင် ဗိုလ်ကြီးအောင်မင်းသူထံတွင် မိန်းမဖြစ်သူ မေဖြူဖြူဇင်နှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
-
ထိန်းချုပ်မြို့တွေ ကနေ TNLA ဆုတ်ခွာပေးနေရမှုအပေါ် ဝေဖန်မှုတွေရှိလာ
ထိန်းချုပ်မြို့တွေ ကနေ TNLA ဆုတ်ခွာပေးနေရမှုအပေါ် ဝေဖန်မှုတွေရှိလာ “ပြဿနာက မြောက်ပိုင်းက TNLA တို့ ၊ ကိုးကန့်တို့ကို တရုတ်က ကြိုးတုပ်ပြီး ထိုးခိုင်းတာဖြစ်တာကိုး။ သူက ချုပ်ပေးပြီး စစ်တပ်ကို ထိုးခိုင်းတာ။ လွတ်လွတ်လပ်လပ် မထိုးရတော့ မြောက်ပိုင်းက အဖွဲ့တွေက ခံရတာပေါ့”-စစ်ရေးအကဲခတ်တဦး စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေထဲက သီပေါမြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ထိန်းချုပ်ထားတဲ့မြို့တွေကနေ TNLA ဆုတ်ခွာပေးနေမှုအပေါ် ဝေဖန်မှုတွေရှိလာပါတယ်။ TNLAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကို သိမ်းယူခဲ့တာပါ။…
-

၈ လွှာမှပြုတ်ကျပြီး တိုက်ကြားညပ်နေသည့် ကလေးငယ်ကို ကယ်တင်
ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ကလေးငယ်တယောက် ၈ လွှာအမြင့်တိုက်ကနေပြုတ်ကျပြီး တိုက်ကြားမှာ ညပ်နေတာကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၇ ရက် ည ၉ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ်က တိုက် ၂ လုံးကြားမှာ ကလေးငယ်တယောက် ပြုတ်ကျပြီးညပ်နေတာကို သတင်းရလို့ ပုဇွန်တောင်နဲ့ ကျောက်တံတာမြို့နယ်မီးသတ်စခန်းတို့က ကားတွေ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။ ကလေးငယ်ဟာ ပြတင်းပေါက်ကိုကာထားတဲ့ သံပန်းနဲ့ညပ်နေခဲ့လို့ မီးသတ်၊ ပီတိမေတ္တာ လူမှုကူညီရေးအသင်း၊ KPT အသင်းတို့က သံညှပ်နဲ့ဖြတ်ပြီး ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ကလေးငယ်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရာမှာ ပါဝင်ခဲ့တဲ့ ပီတိမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ ကလေးငယ် ပြုတ်ကျတာကိုသိရပြီး ပုလဲ…
-
ဖမ်းဆီးသွားသည့်အရပ်သားသေဆုံးမှုအတွက် ပကဖ တာဝန်ခံကို NUG အရေးယူမည်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အုပ်ချုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အရပ်သားတယောက်ကို ဖမ်းဆီးထားချိန် အသက်သေဆုံးစေခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတိယ တာဝန်ခံကို အရေးယူသွားမယ်လို့ NUG က ပြောပါတယ်။ မော်တိတ်ရွာက အသက် ၃၀ ကျော်အရွယ် ကိုဇော်ထွေးကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ဆိုင်ကယ်ခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပကဖ က လာရောက်ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာမှာပဲ ကိုဇော်ထွေးရုပ်အလောင်းကိုလာယူဖို့ မိသားစုဝင်တွေဆီကို အကြောင်းကြားလာတာလို့ ဒေသခံတွေက ပြောပါတယ်။ ရုပ်အလောင်းမှာ အပြင်းအထန် နှိပ်စက်ခံထားရတဲ့ဒဏ်ရာ အညိုအမဲတွေကိုတွေ့ရသလို ဦးခေါင်းမှာလည်း ဒဏ်ရာအပြင်းအထန်ရထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အရပ်သားသေဆုံးမှုအတွက် တာဝန်ရှိသူကိုဖမ်းဆီးထားပြီး ဥပဒေတိုင်း ဆက်အရေးယူသွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ “တာဝန်ရှိသူ ပကဖ…
-
နတ်ရေကန်စခန်းမှ ပျဥ်းဝဂိတ်သို့ ဆုတ်ခွာထွက်ပြေး
နတ်ရေကန်စခန်းမှ ပျဥ်းဝဂိတ်သို့ ဆုတ်ခွာထွက်ပြေးသည့် စစ်ကော်မရှင်တပ်ကို AA လိုက်လံတိုက်ခိုက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းမှ ပျဥ်းဝဂိတ်သို့ ဆုတ်ခွာထွက်ပြေးသည့် စစ်ကော်မရှင်တပ်ကို AAက လိုက်လံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။ အမ်းရိုးမဘက်က တက်လျှင် ပျဥ်းဝဂိတ်နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် စပ်စီတောင်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဘက်က လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲက ငဖဲမြို့နယ်က ပျဥ်းဝစစ်ဆေးရေးဂိတ်နားအထိ ရောက်သွားပါပြီ ။ ဂိတ်နား လေယာဉ်ကလည်း မနား တမ်းလာပစ်နေတယ်။ AA ဘက်ကတော့ တရားဝင်ထုတ်ပြန် ကြေညာတာမရှိသေးပါဘူး။ အရင်ရက်တွေက နတ်ရေကန်တောင်ပေါ်ကနေ သူတို့(စစ်အုပ်စု)ဆင်းသွားပြီး ပျဉ်းဝအထိဆုတ်တယ်။ စစ်ကောင်စီက ပျဉ်းဝဂိတ်မှာလည်း ထိုးစစ်ကိုအသဲအသန်လုပ်နေဖို့ပြင်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ စစ်ကော်မရှင်တပ်ဘက်က ပျဥ်းဝဂိတ်တွင် အင်အားစုဆောင်းနေပြီး…