Category: News

  • မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    စစ်တပ်၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ရယူရန် အသက်ရှင် လွတ်မြောက်လာသော ရိုဟင်ဂျာများက မျှော်လင့် ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ်မှာ အရပ်သားအစိုးရ၏ အုပ် ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ သို့ ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတချို့က ရေး သား ဖော်ပြထားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးသို့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက သက်သေနှင့် အမှုအကြောင်းအရာများကို တင်သွင်းရာတွင် ယင်းအချက်ကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ယင်းအချိန်တွင် လူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရက…

  • ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည် ဩစတြေးလျအစိုးရ၏ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးရာ လက်ထောက်ဝန်ကြီးလည်းဖြစ်၊ အထက် လွှတ်တော်အမတ်လည်းဖြစ်သူ Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်အတွင်း NUG အစိုးရကိုယ် စားလှယ် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Dean Smith က တရားဝင် သတင်းထုတ်ပြန်သည်။ အထက်လွှတ်တော်အမတ် Dean Smith က ဩစတြေးလျအစိုးရ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဆိုင် ရာ လက်ထောက်ဝန်ကြီး တာဝန်ဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ရန်ပုံငွေဖြင့်…

  • မြန်မာစစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တီမောနိုင်ငံတွင် တရားစွဲ

    မြန်မာစစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တီမောနိုင်ငံတွင် တရားစွဲ

    စစ်ရာဇဝတ််မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် မြန်မာစစ်ကော်မရှင်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်စတေးနိုင်ငံ ၊ ပြည်သူ့အစိုးရရှေ့နေရုံးသို့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတင်သွင်းလိုက်သည်။ အဆိုပါ အမှုကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ဦးဆောင်ပြီး တီမောစတေးနိုင်ငံ ၊ ဒီလီမြို့ ၌ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း CHRO က ဇန်နဝါရီ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ အဆိုပါအမှုတွဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အုပ်စုလိုက်မုဒိမ်းကျင့်မှု ၊ ဂျာနယ်လစ်တဦးနှင့် ကလေးငယ်တဦးအပါအဝင် လူ၁၀ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၊ ခရစ်ယာန်ဓမ္မဆရာ လေးဦးသတ်ဖြတ်မှု ၊ လေ ကြောင်းမှ ပြင်းထန်စွာတိုက်ခိုက်သဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းလေး ဦးနှင့် လူနာလေးဦးသေဆုံးမှုနှင့် ဘုရားကျောင်းများအဆက်မပြတ်တိုက်ခိုက်မှုဖြစ်စဥ်များကို သက်သေဖြင့်တင်သွင်းထားကြောင်း ဖော်ပြထားသည်။ တိုင်ကြားစာပါ ရာဇဝတ်မှုဖြစ်စဉ်…

  • စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေနေ ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ (၇၇၇) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးအဲ့မူး ပိုင်ဆိုင်သော မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay (ခေါ်) ရွှေပိတောက်မြိုင် အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေနေကြောင်း ၎င်းခြံဝန်းထဲမှ လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြဝတီမြို့၊ အင်ကြင်းမြိုင်ကျေးရွာအနီးရှိ KK- Park အွန်လိုင်းငွေလိမ်ခြံဝန်း ပြိုကွဲသွားချိန်တွင် KK-Park ခြံဝန်းထဲမှ ရွှေဂျင်းဆိုက် – ၅ (A5) ရှိ ထုန်ရှင်ဂရုသည် မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay…

  • ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    တခြားသူနဲ့ဆို ခံသာသေးတယ် ခုဟာက ရည်းစားဟောင်းနဲ့ ဖြစ်နေလို့ တဲ့ …. သားလေးလည်းရှိတာကို သူမို့လုပ်ရက်တယ်။😪 ယောက်ျားဖြစ်သူက ပြင်ဦီးလွင်ဘက် အလုပ်သွားလုပ်မယ်ဆိုပြီးထွက်သွားတာ။ ဘာအဆက်သွယ်မှလည်းလုပ်မရ၊ ဖုန်းလည်းဆက်သွယ်လို့မရ။ သူအလုပ်လုပ်ဖူးတဲ့ဆိုင်ကလူကို လှမ်းပြောတယ်။ သူပေါ်တာဆွဲခံရလို့ပေါ့။ ဆိုင်ကယ်၊ ဖုန်း၊ စုထားတဲ့ပိုက်ဆံလေး‌တွေလဲ ပါသွားတယ်။ ခုကြတော့ တစ်တော့အအကောင့်မှာ သူရဲ့ရည်းစားဟောင်းနဲ့ယူပြီးကြပြီဆိုတဲ့ ပုံစံမျိုးနဲ့ ဗွီဒီယိုတွေ တင်ထားတယ်။ ချစ်ရတဲ့မိန်းမလေးနဲ့ဆိုပြီး ရေးတင်ထားတယ် တဲ့.. မိန်းမရဲ့ အကောင့်ကိုကြ block ထားတယ်.. ရည်းစားဟောင်းနဲ့ပြန်ဆက်သွားတော့ တရားဝင်ယူထားတဲ့ ကောင်မလေးက ပိုပြီး စိတ်ထိခိုက်ရတာပေါ့။ ယောက်ျားဖြစ်သူကို ပြန်လာပြီးကွာရှင်းပေးပါလို့ဆိုပါတယ်။ ကွာရှင်းမပေးရင် နှစ်ယောက်လုံးရဲ့ ပုံတွေကို ချပြမယ်လို့ပြောလိုက်ပါတယ်။ ကွာရှင်းပေးလိုက်ရင်တော့ ညီမဘက်ကရှုံးပြီ။ ရည်းစားဟောင်းက နိုင်ပွဲရမှာပဲ။ အဲတော့ ကွာရှင်းမပေးပါနဲ့ အရှက်မရှိတဲ့ဟာတွေကို ထောင်ကျတဲ့အထိ ဥပဒေအတိုင်း ဆက်လုပ်ပါ။