Category: News
-

ရန်ကုန်၊ မန္တလေး၊ ပျဥ်းမနား မီးအကြီးအကျယ်လောင်
ရန်ကုန်နှင့် မန္တလေးတွင် ၂ ရက်အတွင်း တောမီးအပါအဝင် ၇ ကြိမ်လောင် ရန်ကုန်မှာ ၂ ရက်အတွင်း တောမီးအပါအဝင် မီး ၅ ကြိမ်လောင်ပြီး မန္တလေးမှာလည်း ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မှာ မီး ၂ ကြိမ်လောင်တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဖေဖော်ဝါရီ ၇ ရက် ဒီမနက်အစောပိုင်း ၃ နာရီခွဲက ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်-၂၊ ဆိပ်ကမ်းသာလမ်းမှာ ကိုင်းတောမီးလောင်လို့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မနက် ၄ နာရီမှာ မီးငြိမ်းသွားပါတယ်။ မွန်းတည့် ၁၂ နာရီမှာလည်း တိုက်ကြီးမြို့နယ်၊ မေတ္တာအေးရွာမှာ တောမီးလောင်လို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်…
-

AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာ
AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာပြီး နောက်ထပ် ပွိုင့်စခန်းကုန်းများကို ဆက်လက်ထိုးစစ်ဆင်နေ ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်နှင့် ရခိုင်ရိုးမတောင်ကြားလမ်းတစ်ဝိုက်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်အရှိန် မြင့်တက်လာနေပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-(၁၆) တည်ရှိရာ မသုန်ကျေးရွာနှင့် ၅ ကီလိုမီတာဝန်းကျင်အကွာအထိ ချဉ်းကပ်နေရာယူထားပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကပစ-၁၆ နှင့် ကပ်လျက်ရှိသည့် ပွိုင့် -၅၀၆ စခန်းကုန်းအနီးအထိ AA ၏ ထိုးစစ် ရောက်ရှိလာခြင်းဖြစ်ပြီး စက်ရုံအတွင်းသို့ ရောက်ရှိရန် စခန်းကုန်း နှစ်ခုခန့်သာ ကျန်ရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ “ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်”…
-

မုံရွာတွင် စစ်ရေးတင်းမာနေ
မုံရွာတွင် စစ်ရေးတင်းမာနေ၍ မြို့တွင်းမြို့ပြင် လမ်းများ ညပိုင်း သွားလာမှု တော်လှန်ရေးတပ်များက ပိတ်ပင် မုံရွာမြို့ပေါ်တွင်မူ စစ်တပ်က ၆ ရက်ဆက်တိုက် လူငယ် ၃၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် သွားလာလှုပ်ရှားနေ၍ မြို့တွင်းမြို့ပြင် လမ်းပိုင်းများကို ညအချိန် သွားလာခြင်းများကို တော်လှန်ရေးတပ်များက ပိတ်ပင်လိုက်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ အတွင်း၊ မြို့အပြင်သို့ လမ်းပိုင်းများကို မည်သည့်ယာဉ် အမျိုးအစားမဆို ည ၇ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကို တော်လှန်ရေးတပ်များက ရက်အကန့်သတ်မရှိ ခေတ္တယာယီ…
-

လှိုင်မြို့နယ် အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်များအား ဆိုးဆိုးရွားရွား ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းနေ
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က အမှတ်(၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ လူငယ်တွေကို ဆိုးဆိုးရွားရွား စစ်မှုထမ်းစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဆိုပါ အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ လှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေသူတစ်ဦးဖြစ်သလို အခြားရပ်ကွက်တွေကနေ ပေါ်တာဆွဲခံရသူတွေကိုလည်း သူ့ရုံးမှာထားပြီးမှသာ စစ်တပ်ဆီ အပ်နှံလေ့ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရပ်ကွက်ပေါင်းစုံကနေ အတင်းအဓမ္မဖမ်းဆီလာတဲ့ လူငယ် ၁၀ ဦးကို သူ့ရုံးထဲမှာ ဖမ်းဆီးချုပ်ထားပြီး စစ်တပ်ဆီလွှဲပြောင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ပြောပြချက်အရ သိရပါတယ်။ “အဲလူက သူ့ရပ်ကွက်ရုံးကို ဘယ်ကပဲပေါ်တာဆွဲလာဆွဲလာ သူတို့ဆီလာထားရင် တစ်ယောက်ကို ၅ သောင်းပေးတယ်။ လှိုင်မှာက ရပ်ကွက်က ၁၅ ခုလောက်ရှိတယ်။ အဲ့ဒါဘယ်ကပဲခေါ်လာခေါ်လာ သူ့ဆီထားခိုင်းတယ်။ ပြီးမှ ဆေးစစ်ဘာစစ်ပြီး စစ်တပ်ကိုအပ်တယ်” လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက…
-

မုံရွာ နမခ အနီးမှာ စစ်ကောင်ရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)
မုံရွာ နမခ အနီးမှာ စစ်ကောင်ရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး နှစ်ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်မှ နှစ်ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၇ နာရီကျော်ခန့်မှာ မင်းတဲရွာ ဘုန်းကြီးကျောင်းအတွင်း အထိုင်ချထားတဲ့ ကာကင်းစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မင်းတဲနဲ့ သပြေတော ဖောက်လမ်းပေါ် နမခ နဲ့ ၁…