Category: News

  • နောင်အငွန် အသတ်ခံရမှု အစ်မဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ ဘယ်လိုဝန်ခံခဲ့သလဲ

    နောင်အငွန် အသတ်ခံရမှု အစ်မဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ ဘယ်လိုဝန်ခံခဲ့သလဲ

    ဒီကနေ့ ဇွန်လ ၆ ရက်နေ့ မနက် ၁၀ နာရီမှာ နယ်မြေ (၇) ဒုတိယရဲတပ်ဖွဲ့မှူး Chomchawin Purathananon နဲ့ ကန်ချနဘူရီခရိုင်ရဲတပ်ဖွဲ့မှူး Phasawee Ruangpu တို့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တွေနဲ့အတူ စံခလပူရီမြို့နယ်၊ ပရန်ဖလယ်ကျေးရွာအုပ်စု၊ ဘန်ထီးခလုံးရွာက နေအိမ်တစ်လုံးဆီ သွားရောက်ခဲ့ကြပါတယ်။ ဒါဟာ အသက် ၇ နှစ်အရွယ် နောင်အငွန် သေဆုံးမှုမှာ သံသယရှိသူတွေဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ဦးလေးဖြစ်သူ ပဲ (Pae) နဲ့ အသက် ၁၃ နှစ်အရွယ် အစ်မဖြစ်သူ အေ (A) တို့ကို အသေးစိတ် စစ်ဆေးမေးမြန်းဖို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါ လူငယ်နှစ်ဦးဟာ ရဲတပ်ဖွဲ့ရဲ့ ဖိအားပေးစစ်မေးမှုတွေကို မခံနိုင်တော့ဘဲ သူတို့နှစ်ဦး…

  • ကန်ချနာဘူရီက ၇ နှစ်သမီးလေး ပျောက်ဆုံးမှု နောက်ကွယ်မှ ရင်နင့်ဖွယ် အမှန်တရား

    ကန်ချနာဘူရီက ၇ နှစ်သမီးလေး ပျောက်ဆုံးမှု နောက်ကွယ်မှ ရင်နင့်ဖွယ် အမှန်တရား

    ကန်ချနာဘူရီခရိုင်အတွင်း ရာဘာခြံတစ်ခု၌ ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ရသည့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ် “အားငူ” ၏ ပျောက်ဆုံးမှု ဖြစ်စဉ်သည် တစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ ယခုအခါ အဆိုပါဖြစ်ရပ်၏ နောက်ကွယ်မှ မယုံနိုင်စရာ ကွင်းဆက်တရားခံများကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ စုံစမ်းစစ်ဆေးချက်များအရ တရားခံမှာ အခြားသူမဟုတ်ဘဲ သေဆုံးသူ၏ အသက် (၁၃) နှစ်အရွယ် အစ်မအရင်း ဖြစ်နေကြောင်း သိရသည်။ ညီအစ်မနှစ်ဦး စကားများရန်ဖြစ်ရာမှ အစ်မဖြစ်သူက ဒေါသအလျောက် ညီမငယ်၏ နှာခေါင်းနှင့် ပါးစပ်ကို ပိတ်အုပ်ခဲ့မိသဖြင့် အသက်ရှူရပ်ကာ ‌​သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။ ထို့နောက် အစ်မဖြစ်သူသည် အသက် (၁၇) နှစ်အရွယ်ရှိသော ၎င်း၏ ဦးလေးဖြစ်သူနှင့် ပူးပေါင်းကာ ညီမငယ်၏ ရုပ်အလောင်းကို ဗီရိုအတွင်း…

  • ရန်ကုန်မြို့က စားသောက်ဆိုင်တစ်ခုကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း

    ရန်ကုန်မြို့က စားသောက်ဆိုင်တစ်ခုကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း

    ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ညက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ “Rich Bar” ဆိုတဲ့ စားသောက်ဆိုင်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဝင်ရောက်စီးနင်းပြီး ဆိုင်ထဲမှာရှိတဲ့ ဧည့်သည်တွေကို အပြင်မထွက်ခိုင်းဘဲ ဖုန်းတွေကိုသိမ်းကာ စစ်ဆေးတာတွေပြုလုပ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ “အင်အား (၇၀) လောက်ရှိတယ် ဖုန်းတွေထဲ နိုင်ငံရေးနဲ့ စလော့ဂိမ်းတွေရှိလားဆိုပြီး စစ်ဆေးတာ (၃) နာရီလောက်ကြာတယ်” လို့ အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။ မျက်မြင်တွေရဲ့ ပြောပြချက်အရ စစ်ကား (၁၅) စီးနဲ့အတူ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ပြောပြပါတယ်။ ပြီးခဲ့တဲ့ မေလ (၃၀) ရက်နေ့ညကလည်း တောင်ဥက္ကလာပမြို့နယ်က Paradise ဆိုတဲ့ ဟိုင်းခန်းကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ်အမြောက်အမြားကို ဖမ်းဆီးသွားကာ ယနေ့အထိ ပြန်မလွှတ်ပေးသေးဘဲ…

  • မလေးရှားရောက် မြန်မာများကို အလုပ်ရှာပေးမည်ဟုဆိုကာ ဂိုဏ်းဖွဲ့ပြီး မြန်မာအချင်းချင်း ငွေညှစ်ကာ နှိပ်စက်မှုများရှိနေ

    မလေးရှားရောက် မြန်မာများကို အလုပ်ရှာပေးမည်ဟုဆိုကာ ဂိုဏ်းဖွဲ့ပြီး မြန်မာအချင်းချင်း ငွေညှစ်ကာ နှိပ်စက်မှုများရှိနေ

    မလေးရှားနိုင်ငံတွင် လက်ရှိအလုပ်အကိုင် အခွင့်အလမ်းများ အလွန်ရှားပါးနေချိန်၌ TikTok အပါအဝင် လူမှုကွန်ရက်စာမျက်နှာပေါ်က အလုပ်ကြော်ငြာများကို အယုံလွယ်ပြီး လာရောက်ကြသူ မြန်မာလုပ်သားများအနေဖြင့် မြန်မာပွဲစားအဖွဲ့အစည်းများ၏ ငွေညှစ်မှုများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း မြေပြင်ရှိ မြန်မာလုပ်သားတစ်ဦးက သတင်းပေးပို့လာပါသည်။ အဆိုပါ မြန်မာလုပ်သား၏ ပြောပြချက်အရ လိမ်လည်သူ မြန်မာပွဲစားများသည် TikTok ပေါ်တွင် အလုပ်အကိုင်ကောင်းများရမည်ဟု အယောင်ပြကာ အလုပ်သမားများကို ဆွဲဆောင်လေ့ရှိကြောင်း ၊ ၎င်းတို့ညွှန်ပြသည့်နေရာသို့ အလုပ်သမားများ ရောက်ရှိသွားသည့်အခါတွင်မူ မလေးရှားရန်းဂစ်ငွေ ၈၀၀ မှစ၍ မရရအောင် နည်းမျိုးစုံဖြင့် ငွေညှစ်ပြီး နောက်ဆုံးတွင် ရန်းဂစ် ၄,၀၀၀ ခန့်အထိ မတရားတောင်းခံမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။ ပွဲစားများသည် အလုပ်သမားများကို ၎င်းတို့၏ ယာယီအိမ်ရာများသို့ ခေါ်ဆောင်သွားလေ့ရှိသော်လည်း ထိုနေရာများမှာ ၎င်းတို့၏ နေရာအမှန်မဟုတ်ဘဲ အလုပ်သမားများက မေးမြန်းသည့်အခါတွင်လည်း…

  • ခေါင်းဆောင်မှအပ ပျူစောထီး ၇၀ ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိ

    ခေါင်းဆောင်မှအပ ပျူစောထီး ၇၀ ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိ

    ခေါင်းဆောင်မှအပ ပျူစောထီး ၇၀ ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိဟု အညာမြေတပ်ပေါင်းစု ထုတ်ပြန် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးများနေထိုင်သည်ဆိုသော ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ပျူစောထီးအဖွဲ့ဝင် များကို လိုက်လံဖမ်းဆီးရာ ခေါင်း ဆောင်မှအပ လူ ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။ ပျူစောထီးအဖွဲ့ကို ဦးဆောင်သည့် ခေါင်းဆောင်နှင့် စစ်သား ၅ ဦး သည် ၎င်းတို့ ခေါ်ဆောင်လာသည့် ပျူစောထီးများနှင့် မိသားစုဝင်များကို စွန့်ပစ်ကာ နယ်မြေကျွမ်းကျင်မှုကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟုဆိုသည်။ လက်ရှိအချိန်အထိ ၎င်းတို့ ၆ ဦးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ စစ်တပ်ထောက်ခံသူ ပေါက်ဘုန်းကြီး (အာရိယာဝံသ) ၏ အားအထားရဆုံးဟုဆိုသည့်…