Category: News
-

အချိန်လေး ခဏမစောင့်ဘဲ ဖြတ်ကူးမိရာကနေ ကြုံလိုက်ရတဲ့ ဆရာကြီးဦးဝင်းမော်ရဲ့ ရင်ကွဲစရာ အဖြစ်ဆိုး
“မိုးရွာထဲ အိမ်အပြန်… အချိန်လေး ခဏမစောင့်ဘဲ ဖြတ်ကူးမိရာကနေ ကြုံလိုက်ရတဲ့ ဆရာကြီးဦးဝင်းမော်ရဲ့ ရင်ကွဲစရာ အဖြစ်ဆိုးကြီး 😭 (တစ်မြို့လုံး နှမြောတသဖြစ်ရတဲ့ ဆုံးရှုံးမှုကြီး)” တပည့်တွေအပေါ် စေတနာထားပြီး ပညာသင်ကြားပေးခဲ့တဲ့ နာမည်ကြီး ဝါရင့်ဆရာကြီးတစ်ဦး ရုတ်တရက် အသက်ဆုံးရှုံးသွားရတဲ့ ရင်နာစရာ သတင်းဆိုးတစ်ခုကို ပြည်သူတွေ သတိထားဆင်ခြင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။ 😭 တပည့်တွေ အားကိုးရတဲ့ နာမည်ကြီး Eco ဆရာကြီး ဒီအဖြစ်ဆိုးကြီးမှာ ကွယ်လွန်သွားခဲ့ရသူကတော့ မကွေးတိုင်း၊ နတ်မောက်မြို့နဲ့ အနီးတစ်ဝိုက်မှာ အထူးနာမည်ကြီးတဲ့ အသက် (၇၂) နှစ်အရွယ် ဝါရင့်ဆရာကြီး ဦးဝင်းမော် ပဲ ဖြစ်ပါတယ်။ ဆရာကြီးဟာ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူတွေကို ဘောဂဗေဒ (Eco) ဘာသာရပ်ကို အထူးကျွမ်းကျင်စွာ သင်ကြားပြသပေးနေတဲ့ ကျေးဇူးရှင် ဆရာကြီးတစ်ဦးဖြစ်လို့ ဒေသခံတွေနဲ့…
-

တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်စဉ် အကြမ်းဖက် မင်းအောင်လှိုင် ကပ်သီလေး လွတ်မြောက်သွား ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ချိန် အကြမ်းဖက် မင်းအောင် လှိုင်မှာ ကပ်သီလေး လွတ်မြောက်သွားခဲ့ကြောင်း တောင်ငူမြို့နယ်မှ စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိချိန် ညနေ ၄ နာရီ ၂၅ မိနစ်အချိန် တောင်ငူ အမှတ် ၃ စစ်ဆေးရုံ နှင့် ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်…
-

၇ နှစ်အရွယ် မွန်ကလေးငယ် သတ်ဖြတ်ခံရမှု
၇ နှစ်အရွယ် မွန်ကလေးငယ်ကို သတ်ဖြတ်သူမှာ အသက်မပြည့်သေးသော ဦးလေးနှင့် အစ်မအရင်းဖြစ်ကြောင်း ထိုင်းရဲချုပ်အမှုမှန်ဖော်ထုတ် ထိုင်း-မြန်မာနယ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်တွင် အသက် ၇နှစ်အရွယ် မွန်တိုင်းရင်းသူ နောင်အငွန်အသတ်ခံရမှု၏ တရားခံများမှာ အသက် ၁၇နှစ်အရွယ် ဦးလေးဖြစ်သူနှင့် ၁၃နှစ်အရွယ် အစ်မအရင်းတို့ဖြစ်ကြောင်း ယနေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါလူသတ်မှုသည် ၎င်းတို့၏ နေအိမ်အတွင်း၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တရားခံနှစ်ဦးက ဝန်ခံထွက်ဆိုထားသည်။ “ဒီမနက်ပိုင်းတော့ တရားခံရမိပြီလို့ သိရတယ်။ လက်ရှိမှာကတော့ ဖြစ်တဲ့ ရာဘာခင်းနေရာကို အာဏာပိုင်တေွအများကြီး ရောက်နေတယ်”ဟု စံခလပူရီရောက်ရှိနေသော ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးသည့် ကလေးငယ် သေဆုံးသွားပြီးနောက် ရုပ်အလောင်းကို အဝတ်အစားဗီရိုအတွင်း ဦးစွာဝှက်ထားခဲ့ကြပြီးနောက် လူမသိစေရန် ဘေးတွဲသုံးဘီးဆိုင်ကယ်ပေါ်တင်ကာ ပရန်ဖလယ်ကျေးရွာအုပ်စုရှိ ရော်ဘာခြံအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်…
-

ရန်ကုန်၊ လှိုင်က ရပ်ကွက်တချို့မှာ မြေကြီးထဲကတုန်ခါသံကြားလို့ စိုးရိမ်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာ ဒီနေ့ မနက် ၆ နာရီခွဲခန့်မှာ စက္ကန့်ပိုင်းမျှ မြေကြီးတုန်ခါတဲ့အသံကြားရပြီး မြေကျွံမယ့်အန္တရာယ်ကိုစိုးရိမ်မိတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။ “အပေါ်ဆုံးထပ်ကနေတောင် ဒုတ် ဒုတ် ဆိုတဲ့ အသံကိုကြားလိုက်ရတယ်။ မနက် ဟင်းချက်နေတဲ့ အချိန်ဆိုတော့ ဘေးမှာ အဆောက်အဦဖြိုတယ်လို့ထင်လိုက်တာ။ အိပ်ယာထဲလှဲနေတဲ့ အမျိုးသား ကတော့ ငလျင်လှုပ်သလိုခံစားရတယ်တဲ့။ ခဏလေးပဲ” လို့ လှိုင်မြို့နယ်၊ ၇ ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။ အင်းလျားကန်အနီး ကန်လမ်း၊ ၁၀ ရပ်ကွက်မှာနေထိုင်သူတချို့လည်း ဒီဖြစ်စဉ်ကိုသိလိုက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကန်လမ်းအနီး အင်းစိန်လမ်းမကြီးပေါ်က ၉ ရပ်ကွက် လူနေတိုက်ခန်းပေါ်မှာ နေထိုင်သူတွေ ကတော့ ဒီတုန်ခါမှုကို မသိလိုက်ဘူးလို့ ဆိုကြပါတယ်။ “အဲ့အချိန် မတ်တပ်ရပ်ရင်းဟင်းချက်နေတာပါပဲ၊ အသံလည်းမကြားရဘူး။ ဘယ်လိုမှ…
-

ကဝမြို့နယ်က ငါးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီး စစ်ဆေးနေ
ပဲခူးတိုင်း ၊ ကဝမြို့နယ် ၊ ရွှေဘုံသာကျေးရွာမှာ မိသားစုဝင် ငါးယောက်လုံး သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရသူတွေက အသက် ၅၇ နှစ်အရွယ် အမျိုးသမီး၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးနဲ့ သူရဲ့သားသမီးတွေဖြစ်တဲ့ အသက် ၈ နှစ်နဲ့ အသက် ၄ နှစ် အရွယ် မိန်းကလေး၊ အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတို့ဖြစ်ပြီး သတ်ဖြတ်ပြီးတော့ စောင်နဲ့အုပ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ငါးလောင်းပြိုင်လူသတ်မှုကို ကျူးလွန်တဲ့ တရားခံလေးယောက်ကလည်း ရွှေဘုံသာရွာကပဲ ဖြစ်ပြီး လက်ရှိမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။ “အသက် ၅၇ နှစ်ဆိုတာက ယောင်းမပေါ့။ ကလေးတွေနဲ့ဆိုရင်အဒေါ်တော်တယ်။ ကလေးတွေအဖေက မလေးရှားမှာ အလုပ်လုပ်နေတာ ။…