Category: News

  • မုံရွာနှင့် ရွှေဘိုမြို့မှ ပေါ်တာဆွဲဖမ်းဆီးခဲ့သော လူငယ် ၅၀၀ ကျော်ကို တပ်မ ၃၃ သို့ ပို့ဆောင်

    မုံရွာနှင့် ရွှေဘိုမြို့မှ ပေါ်တာဆွဲဖမ်းဆီးခဲ့သော လူငယ် ၅၀၀ ကျော်ကို တပ်မ ၃၃ သို့ ပို့ဆောင်

    မုံရွာနှင့် ရွှေဘိုမြို့မှ ပေါ်တာဆွဲဖမ်းဆီးခဲ့သော လူငယ် ၅၀၀ ကျော်ကို တပ်မ ၃၃ သို့ ပို့ဆောင်ပြီး ရှမ်းပြည်နယ်နှင့် ရန်ကုန်ရှိ စစ်မှုထမ်းသင်တန်းကျောင်းများသို့ ဆက်လက်စေလွှတ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် ရွှေဘိုမြို့ပေါ်ရှိ လမ်းဆုံများနှင့် မြို့တွင်းဂိတ်များတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂ လအတွင်း ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် လူငယ် ၅၀၀ ခန့်ကို လက်ရှိတွင် စစ်ကိုင်းအခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်သို့ ပို့ဆောင်ထားပြီး၊ ထိုမှတစ်ဆင့် ရှမ်းပြည်နယ်နှင့် ရန်ကုန်ရှိ စစ်မှုထမ်းသင်တန်းကျောင်းများသို့ ဆက်လက်ပို့ဆောင်နေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် မတ်လနှင့် ဧပြီလတစ်လလုံးတွင် မုံရွာမြို့နှင့် ရွှေဘိုမြို့တို့ရှိ လမ်းဆုံလမ်းခွများနှင့် စစ်ဆေးရေးဂိတ်များ၌ အဓိက ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ အသက်…

  • ၄ နှစ်အရွယ် လင်ပါသားကို မိထွေးဖြစ်သူက ရိုက်နှက်လည်ပင်းညှစ်သတ်

    ၄ နှစ်အရွယ် လင်ပါသားကို မိထွေးဖြစ်သူက ရိုက်နှက်လည်ပင်းညှစ်သတ်

    တောင်ကြီးတွင် ၄ နှစ်အရွယ် လင်ပါသားကို မိထွေးဖြစ်သူက ရိုက်နှက်လည်ပင်းညှစ်သတ်ပြီး အလောင်းဖျောက်မှုဖြစ်ပွား ​ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘာမှမသိသေးသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက ရက်ရက်စက်စက် သတ်ဖြတ်ပြီး အလောင်းဝှက်ထားမှုတစ်ရပ် မေလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ​📌 ဖြစ်စဉ်အကျဉ်း ​ဖြစ်ပွားရာနေရာ: တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁)၊ ကျောက်ရေအိုးလမ်းရှိ အိမ်ငှားအိမ်တစ်အိမ်။ ​ကျူးလွန်သူ: မိထွေးဖြစ်သူ သန္တာဝေ။ ​ဖြစ်စဉ်: လင်ယောက်ျားဖြစ်သူ အလုပ်သွားနေစဉ် ကလေးငယ်ကို ထမင်းကျွေးချော့သိပ်ရာ မအိပ်ဘဲငိုသဖြင့် ဝါးခြမ်းပြားဖြင့် ရိုက်နှက်ကာ လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်သည်။ ​📦 အလောင်းကို ပလပ်စတစ်ပုံးထဲထည့်ကာ ဝှက်ထားခဲ့ ​လူသတ်မှုကျူးလွန်ပြီးနောက် သေဆုံးသွားသည့် ကလေးအလောင်းကို ဆာလာအိတ်ထဲထည့်ကာ အိပ်ခန်းအတွင်းရှိ အဝတ်အစားထည့်သည့် ပလပ်စတစ်ကပုံးထဲ၌…

  • ဆိုင်ကလုန်းမိုခါ ၃ နှစ်ပြည့် အမှတ်တရ

    ဆိုင်ကလုန်းမိုခါ ၃ နှစ်ပြည့် အမှတ်တရ

    သြစတြေးလျသံရုံးက ကယ်ဆယ်ထားသည့် အောက်ချင်းငှက်မိသားစုလေး တိုးပွားလာ မြန်မာနိုင်ငံတစ်လွှားရှိ ပြည်သူများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့သည့် ဆိုင်ကလုန်းမိုခါ (Cyclone Mocha) တိုက်ခတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ပံ့ပိုးခဲ့ပြီး ယနေ့တိုင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ကြောင်း ရန်ကုန်ရှိ သြစတြေးလျသံရုံးက သတင်းစကား ပါးထားသည်။ ထို့ပြင် ထူးခြားသည့် အမှတ်တရတစ်ခုအနေဖြင့် မုန်တိုင်းတိုက်ခတ်စဉ်အတွင်း သံရုံးဝန်ထမ်းများ၏ ခြံဝန်းထဲသို့ လာရောက်ခိုလှုံခဲ့သည့် အောက်ချင်းငှက်နှစ်ကောင်ကို ကယ်ဆယ်ခဲ့သည်မှာလည်း (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ အောက်ချင်းငှက်ဇနီးမောင်နှံသည် ထိုအချိန်မှစ၍ သံရုံးဝန်းအတွင်း၌ပင် နေထိုင်လာခဲ့ကြပြီး ယခုအခါတွင် မိသားစုဝင် အောက်ချင်းငှက်ကလေးတစ်ကောင်ပါ ထပ်မံတိုးပွားလာပြီဖြစ်ကြောင်း…

  • ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပါးကအပြန် အဆက်အသွယ်ပြတ်တောက်နေမှုသတင်း နောက်ဆက်တွဲ

    ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပါးကအပြန် အဆက်အသွယ်ပြတ်တောက်နေမှုသတင်း နောက်ဆက်တွဲ

    ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပါးကအပြန် အဆက်အသွယ်ပြတ်တောက်နေမှုသတင်း နောက်ဆက်တွဲတွေ ထူးပြီ..အကုန်သိရပြီ တစ်နိုင်ငံလုံးက ပရိသတ်တွေ စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေနဲ့ အဖွဲ့သားတွေရဲ့ ပျောက်ဆုံးမှုဖြစ်စဉ်မှာ နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းနှင့် နောက်ဆုံးရသတင်း မေလ (၁၃) ရက်နေ့ မနက်ပိုင်းက ပုပ္ပါးမှ ပုဂံသို့ Alphard ကား (၂) စီးနဲ့ ထွက်ခွာလာစဉ် “ဗြတ္တပန်းဆက်လမ်း” ဒေါင်းလည်ရွာအနီးမှာ အဖွဲ့သားတချို့ ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းများအရ အဆိုပါဖြစ်စဉ်မှာ ဒေါ်ခိုင်နှင်းဝေ ကိုယ်တိုင် ပါဝင်ခြင်း မရှိဘဲ သူမရဲ့ ဝန်ထမ်းတချို့သာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ထိန်းသိမ်းထားသူများက ဒေါ်ခိုင်နှင်းဝေကို လာရောက်ရန် ခေါ်ဆိုမှုများ ရှိခဲ့သော်လည်း ရောက်ရှိမလာသည့်အတွက် မနေ့က ညနေ…

  • စစ်တပ်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားနေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခများနေ

    စစ်တပ်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားနေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခများနေ

    စစ်တပ်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားနေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခများနေ ရန်ကုန်မှာ ရက် ၁၀၀ စီမံချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားဖို့ စည်ပင်က လုပ်ဆောင်နေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခရောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ “မြောင်းဖုံးတွေပေါ်ရောက်နေတဲ့ ဆိုင်တွေအကုန်နောက်ဆုတ်ရတယ်။ လမ်းဘေးမှာဖွင့်တဲ့ဆိုင်‌တွေတော့ အကုန်ဖယ်နေရတာပဲ” လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ တရားမဝင်ရွေးကောက်ပွဲကနေတက်လာတဲ့ စစ်တပ်အစိုးရအဖွဲ့က ရက် ၁၀၀ စီမံချက်အနေနဲ့ အမိန့်ပေးလုပ်ဆောင်နေတာဖြစ်ပြီး စစ်ခေါင်း ဆောင်ရန်ကုန်လာရောက်ချိန်ကလည်း လမ်းဘေးဈေးသည်တွေ ရှင်းလင်းဖို့ အမိန့်ပေးတာတွေရှိတယ်လို့သိရပါတယ်။ ဒီလုပ်ဆောင်ချက်က ဆိုင်ခန်းကိုယ်ပိုင်မရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အဓိက ထိုးနှက်ချက်ဖြစ်နိုင်ပြီး စည်းစနစ်မကျတဲ့ လုပ်ဆောင်မှုလို့ ကမာရွတ်မြိုနယ်မှာနေထိုင်သူတစ်ဦး‌ကပြောပါတယ်။ “ကုန်စိမ်းသည်တွေတော်တော်သနားဖို့ကောင်းတယ်။ ဈေးခင်းထားပြီး စည်ပင်လာပြီဆို ပြာပြာသလဲသိမ်းကြရတာ” လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။ တချို့ဆိုင်တွေက…