Category: News

  • စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံရဲချုပ် ဖမ်းဆီးခံထားရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ဆို

    စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံရဲချုပ် ဖမ်းဆီးခံထားရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ဆို

    ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်ကမှ မြန်မာနိုင်ငံရဲချုပ်ဖြစ်လာသူ ဒုတိယရဲချုပ်ကြီး ဝင်းဇော်မိုးကို စစ်ကော်မရှင်က တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးကနေ ဒုရဲချုပ်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးတော့မှ ရဲချုပ်ဖြစ်လာခဲ့တာလို့ သိရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တာကြောင့် တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းထားတာလို့ သိရပါတယ်။ “ဝင်းဇော်မိုးက အဂတိကိစ္စ လာဒ်စားတာ အရမ်းဆိုးတယ်၊ အရင်က ဒုတိုင်းမှူးတုန်းက စစ်ဆင်ရေးတခုမှာ Double Cub/4 Wheel ကားတွေကို ပြည်သူတွေဆီက သိမ်းပြီး တခြားတိုင်းမှူးတွေကို တယောက်တစီးပေးတာ၊ အဲ့ကိစ္စကို တိုင်းမှူးသိတော့ ကွိင်တွေတက်တာ ရှိခဲ့ဖူးတယ်၊ ရဲချုပ်တိုင်း ခုလိုလုပ်စားနေကြတာပါ” လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။ လတ်တလောမှာ စစ်ကော်မရှင်ဘက်က ရဲချုပ်ဖမ်းဆီးထိန်းသိမ်းထားခြင်းနဲ့ ပတ်သတ်ပြီး…

  • စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်

    စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်

    အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည်ဖြင့်)၊ “မ”…

  • ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများ​နေ

    ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများ​နေ

    ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို ထိုင်းနိုင်ငံဖက်ခြမ်းက မယ်ဆိုင်နဲ့ မြန်မာဖက်ခြမ်းက တာချီလိတ်တို့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေက တန်းစီဝယ်ယူနေကြပါတယ်။ အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဓာတ်ဆီ တင်ပို့မှုတွေကို ဆိုင်းငံ့ထားဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း သတင်းတွေကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်မှာစက်သုံးဆီလုံးဝ ဝယ်မရတာမျိုး ကြုံလာမှာကိုစိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့မှာတော့ မနက်ပိုင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စဖွင့်ချိန် ကတည်းက မြန်မာဖက်မှာ မှတ်ပုံတင်ထားတဲ့ ကားနဲ့ဆိုင်ကယ်တွေဟာ မယ်ဆိုင်ဖက်ကို ဖြတ်ကူးပြီးဆီဝယ်ဖြည့်နေခဲ့တာကိုတွေ့ရပါတယ်။ ယာဉ်မောင်း အများအပြားဟာ ဆီအပြည့် ဖြည့်ယူသွားရုံတင် မကဘဲ လိုရမယ်ရ ကြိုတင် စုဆောင်းထားမှုအဖြစ် ပုံးအပိုတွေနဲ့ ဝယ်ယူသိုလှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူစုဆောင်းနေတဲ့ ယာဉ်အများစုဟာ…

  • ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေ

    ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေ

    ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာဘက်ရှိ ကျားဖြန့်ဝင်းများကို ဓာတ်ပုံရိုက်ယူနေသည့်ပုံကိုပါ FBI က တစ်ပါတည်း ထုတ်ပြန် အရှေ့တောင်အာရှတစ်ခွင်တွင် အမြစ်တွယ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို အမြစ်ပြတ်ချေမှုန်းရန် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အမေရိကန် FBI ၏ သတင်းထုတ်ပြန်ချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန် FBI က လူမှုကွန်ရက် X (Twitter) တို့မှတစ်ဆင့် ယင်းသို့ ပူးပေါင်းဆောင်ရွက်နေမှုကို​ယနေ့ သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ကျားဖြန့်ဝင်း (Scam Compounds) များကို ထိုင်းဘက်အခြမ်းမှ ဓာတ်ပုံရိုက်ယူထားသည့် ပုံရိပ်များကိုပါ တစ်ပါတည်း ထုတ်ပြန်ထားသည်။ ဘန်ကောက်မြို့အခြေစိုက်…

  • မြန်မာ့အကျပ်အတည်းတွင် နောက်ကွယ်မှ ပံ့ပိုးနေသော အီရန်ကို အမေရိကန်နှင့် အစ္စရေး၏အရေးယူမှုကြောင့် မြန်မာ့အရေး အပြောင်းအလဲဖြစ်နိုင်ဟု သြစတြေးလျ အထက်လွှတ်တော်အမတ်ပြော

    မြန်မာ့အကျပ်အတည်းတွင် နောက်ကွယ်မှ ပံ့ပိုးနေသော အီရန်ကို အမေရိကန်နှင့် အစ္စရေး၏အရေးယူမှုကြောင့် မြန်မာ့အရေး အပြောင်းအလဲဖြစ်နိုင်ဟု သြစတြေးလျ အထက်လွှတ်တော်အမတ်ပြော

    မြန်မာနိုင်ငံ၏ အကျပ်အတည်းများတွင် နောက်ကွယ်မှ ပံ့ပိုးကူညီမှုများ ပြုလုပ်နေသည့် အီရန်အစိုးရအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ပြတ်သားသော အရေးယူဆောင်ရွက်မှုများသည် မြန်မာ့အရေး၏ လမ်းကြောင်းကို အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း အနောက်သြစတြေးလျပြည်နယ် (Western Australia) အထက်လွှတ်တော်အမတ် ဒင်းစမစ် (Dean Smith) က ပြောကြားလိုက်သည်။ ဩစတြေးလျအထက်အမတ် ဒင်းစမစ်က အီရန်အရေးနှင့်ပတ်သက်၍ မတ်လ ၁ ရက်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် အီရန်နိုင်ငံက ဒေသတွင်းနှင့် ဒေသပြင်ပတို့တွင် အလွန်အမင်း မတည်မငြိမ်ဖြစ်စေသော အင်အားစုတစ်ခုဖြစ်ကြောင်း၊ အီရန်အပေါ် အရေးယူမှုကို ထောက်ခံကြောင်း ထုတ်ဖော်ကြေညာထားသည်။ “အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည် အီရန်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်အရေးယူ ဆောင်ရွက်ခဲ့ကြပြီး၊ ယင်းဆောင်ရွက်မှုများကြောင့် အီရန်တွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာကာ ဒေသတွင်း ပိုမိုတည်ငြိမ်လာလိမ့်မည်ဟု ကျွန်ုပ် ဆုတောင်းပါသည်။…