Category: News
-

ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်
ပုသိမ်မြို့က ကုန်ကားတွေကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစလို့ မြို့ကနေထွက်ခွင့် ပိတ်လိုက်တယ်လို့ ပုသိမ်ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပုသိမ်မြို့ကုန်ကားသမားတယောက်က “အရင်ရက်က ကုန်ကားတွေစစ်တာ တိုးပြီးလုပ်တယ်။ ကုန်ကား အမိုးမအုပ်ဖို့ မှာတယ်။ ဒီနေ့ မနက်က ကုန်ကားတွေချောဆွဲမယ်ကြားပြီးတော့ ရန်ကုန်ဘက်အထွက် ကုန်ကားတွေ ပိတ်လိုက်တာ” လို့ ပြောပါတယ်။ ပုသိမ်မြို့ကနေ ကုန်ကားတွေထွက်ခွင့်ပိတ်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်တာတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေကပြောပြီး ရန်ကုန်ဘက်အထွက်ကို ကုန်ကားတွေ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ အခုထိ တိတိကျကျ မသိရသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က ထိုးစစ်ဆင်နေချိန် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေသလို ဒီဇင်ဘာ တတိယပတ်ထဲမှာ လူငယ်တွေကိုပေါ်တာဆွဲတာလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ဗေဒါစစ်ဆေးရေးဂိတ်ကို…
-

အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း
နပခ (အမ်း) မကျဆုံးမီ အချိန်က မင်းအောင်လှိုင်ရဲ့ ကျွန်သပေါက် အကြမ်းဖက် ဖက်ဆစ်ခွေးတွေက အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း
-

ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံး
စစ်တပ်က အနီးအနားရှိ ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံးခဲ့ကြောင်း Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကပစ.၂၂ ဝင်းအတွင်းရှိ F စက်ရုံ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပေ ၁၀၀ အကွာအဝေးထိ ထိချက်ပြင်းသော တိုက်မိုင်း အမျိုးစား ၃ လုံးကို ထောင်ထားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နံနက်ပိုင်းတွင် မိုင်း ၃ လုံး စလုံးကို ပေါက်ကွဲပြီး အကြမ်းဖက်…
-

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေး ထပ်မံတင်းကျပ်နေ
စစ်ကောင်စီက ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေး ထပ်မံတင်းကျပ်နေပြီး ရန်ကုန်အဝင် နာရီနှင့်ချီစောင့်ဆိုင်းရ ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များ၌ စစ်ဆေးမှုများ ထပ်မံတင်းကျပ်နေပြီး ရန်ကုန်အဝင် သုည (၀) မိုင်ဂိတ်တွင် နာရီနှင့်ချီစောင့်ရကြောင်း သိရသည်။ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များသည် အဝေးပြေးမော်တော်ယာဉ်များကို စစ်ဆေးရာတွင် ယခုနှစ် ကုန်ပိုင်းမှစ၍ ပြန်လည်တင်းကျပ်လာကာ ယခင်လပိုင်းက ယာဉ်ပေါ်ရှိ လူစာရင်းများသာပေးရပြီး ယခုအခါတွင် စစ်ကောင်စီတပ်သားများက ယာဉ်ပေါ်သို့တက်ရောက်စစ်ဆေးခြင်း၊ ပစ္စည်းထည့်သည့် နေရာအနှံ့အပြားစစ်ဆေးခြင်းများကို ပြန် လည်ပြုလုပ်လာကြောင်း သိရသည်။ လက်ရှိတွင် မန္တလေးမှ ရန်ကုန်အမြန်လမ်းအဝင် ၁ မိုင်မှစတင်ကာ နံနက် ၁ နာရီမှ ၃ နာရီအထိ ပိတ်ထားဆဲဖြစ်ပြီး ယခင် COVID -19…
-

ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက်
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့(ဒီဇင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၉ ရက်ကစ၍ မတ္တရာမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ထို့နေ့နံနက် ၉နာရီတွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၈)မိုင်ခန့်သာ ကွာဝေးသော ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိသော ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရခဲ့သည်ဟု အသိပေးထားသည်။ ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDF က အသိပေးသည်။ “ထန်းပင်ကုန်းက မတ္တရာအရှေ့ခြမ်းမှာရှိတာ။ အဲဒီတိုက်ပွဲဲတုန်းက လက်နက်ကြီးတွေလည်း တအားပစ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF က ထပ်မံအသိပေးသည်။ မန္တလေး…