စစ်တပ်က အနီးအနားရှိ ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံးခဲ့ကြောင်း Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကပစ.၂၂ ဝင်းအတွင်းရှိ F စက်ရုံ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပေ ၁၀၀ အကွာအဝေးထိ ထိချက်ပြင်းသော တိုက်မိုင်း အမျိုးစား ၃ လုံးကို ထောင်ထားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နံနက်ပိုင်းတွင် မိုင်း ၃ လုံး စလုံးကို ပေါက်ကွဲပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညနေပိုင်းတွင် ကပစ ၂၂ အနီးနားရှိ ဖက်ကနားကျေးရွာတောတိုက်ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ၂ လုံးပေါက်ကွဲပြီး ၁ လုံးက ပေါက်ကွဲမှုမရှိကြောင်း၊ ဒေသပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

” ၁၉ ရက်နေ့ ညပိုင်းက ကျနော်တို့ ကပစ ၂၂ အတွင်းထဲထိ ဝင်ပြီး တိုက်မိုင်းနင်းမိုင်း ၃ လုံး ထောင်ထားခဲ့တာ ၂၀ ရက်နေ့ မနက်အစောပိုင်း ၆ နာရီ ၂၇ မိနစ်မှာ ပထမ ၁ လုံးကွဲတယ်။ နေမြင့်တော့ နောက်ထပ် ဒုတိယ ၁ လုံးကွဲတာ မွန်းလွဲပိုင်းမှာတော့ ၃ လုံးမြောက်အလုံး ထပ်ကွဲတယ်။ ညနေပိုင်း ရောက်တော့ စစ်ခွေးဘက်က အထိနာပြီး ကပစ ၂၂ တောင်ဘက်ရှိ ဖက်ကနားရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးလာချသွားသေးတယ်။ ပြည်သူတွေတော့ထိခိုက်မှုမရှိဘူး။ ၃ လုံးလာကျဲချတာ ၂ လုံးပဲ ကွဲတယ်။ အဲ ဖက်ကနားရွာမှာ ဘယ်အဖွဲ့စည်းမှ မပါရှိဘူး။ စစ်ခွေးတွေ ရမ်းသမ်းပြီး ကျဲသွားတာ” ဟု Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Y.R.F ပကဖ တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များနှင့် အတူ ဆိပ်ဖြူနယ် တကိုယ်တော် ကိုကျားဇိုး အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *