Category: News
-

တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၄၉ ဦး သေဆုံး
တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၄၉ ဦး သေဆုံးပြီး စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦးသေဆုံး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၀၀ နီးပါးရှိခဲ့ပြီး စစ်သား ၁၄၉ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း၌ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၄၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် ၃၈ ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတို့ဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း…
-

လက်လွှတ်လိုက်ရသည့်စခန်းများကို အောင်ဇေယျစစ်ကြောင်းက အင်အားအများအပြားဖြင့် ပြန်လည် ထိုးစစ်ဆင်
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီနှင့် ကော့ကရိတ်ကိုဆက်သွယ်ထားသည့် အာရှ လမ်းမကြီးနှင့် လမ်းဟောင်းကြားရှိ လက်လွှတ်လိုက်ရသည့်ရှေ့တန်းစခန်းများကို စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့်ဇူလိုင်လမှစတင်ကာ အောင်ဇေယျစစ်ကြောင်းအထိုင်ချထားသည့် ရှေ့တန်းစခန်း ငါးခုထက် မနည်းကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှသိမ်းယူနိုင်ခဲ့ပြီး ယင်း စခန်းများကို စစ်ကောင်စီတပ်က ပြန်လည်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး အောင်ဇေယျစစ်ကြောင်းသည် အင်အား ၅၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။ “လေကြောင်းပစ်ကူလည်း ပေးလို့မလွယ်ဘူး၊ သူတို့လူတွေနဲ့ကိုယ့်လူတွေက ကပ်နေတာ။ သူတို့ကလည်း ဆုံးရှုံးထားတဲ့ကုန်းကို မရအရ ကပ်နေကြတာ၊ သူတပြန် ကိုယ်တပြန်ပဲ။ နေ့တိုင်းတိုးတာ၊ လက်နက်ကြီး ပစ်လိုက် တိုးလိုက်ပဲ။ RPG တွေ 84 တွေ တစ်ခါပစ်ရင်နှစ်လုံးစီပစ်တယ်၊ ပွိုင့်ဖိုက်ပစ်သံနဲ့ရောပြီး…
-

တရုတ်ကြေးနီစီမံကိန်းအနီး ရွာတချို့ စစ်ကြောင်းထိုး မီးရှို့ခံရ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တရုတ်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စီမံကိန်းအနီးက ကျေးရွာတချို့ကို စစ်ကြောင်းထိုး နေအိမ်တွေ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မနက်ပိုင်းက တရုတ်ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် ညနေပိုင်းမှာ အိုမရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အဲဒီထိတွေ့တိုက်ပွဲမှာ သူတို့ဘက်က သေဆုံးတာရှိတယ်၊ အထိနာတယ်လို့ ကြားတယ်၊ အရေအတွက်ကတော့ မသိရသေးဘူး၊ ညနေပိုင်းမှာတော့ အိုမရွာက နေအိမ်တွေကို မီးဝင်ရှို့တယ်၊ အဲဒီရွာက စီမံကိန်းနဲ့ နီးတယ်၊ စစ်ကြောင်းက အဲ့ပတ်ဝန်းကျင်မှာပဲဗျ” မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ လတ်တလော အခြေအနေကြောင့် မသိရသေးဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် အိုမရွာနဲ့…
-

ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်
ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ သတိပေး “ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ” ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) အပါအဝင် ချင်းညီနောင်မဟာမိတ်များက ဖလမ်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဖလမ်းစစ်ကောင်စီတပ်အနေဖြင့် စစ်ကောင်စီကို အကာအကွယ်ပေးပြီး ပြည်သူကိုရန်သူအဖြစ် သတ်မှတ်နေမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းက သတိပေးသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ ခလရ(၂၆၈)တပ်ကုန်းသို့ လိပ်မူထားသည့်စာကို ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။ ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) တပ်ကုန်းအပါအဝင် လက်ကျန်စစ်ကောင်စီတပ်များကို CNDFပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်လျက်ရှိရာ အောင်မြင်မှုအချို့ ရရှိထားပြီး မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များ အသက်စွန့် ကာကွယ်နေခြင်းသည်…
-

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းအဖွဲ့တိုက်ခိုက်ခံရ ၃ပွင့်အရာရှိတစ်ဦးအပါဝင် ၅ ဦးသေ
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းအနီး သပြေနီကျေးရွာအနီး နဂါးလိမ်ကုန်းကွေ့၌ကင်းပုန်းလာသည့်စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာလ ၁၂ ရက်နေ့လယ်တွင်တိုက်ခိုက်ခဲ့တယ်လို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တပ်မှူးတစ်ဦးမှ ပြောပါသည်။ တိုက်ပွဲဖြစ်ပွားရာတွင် ၆ ဘီးကားပုံစံပြောင်း အင်အား ၄၀ ဦးခန့်ပါသည့် စစ်ကာင်စီလက်အောက်ခံနပ်များ သည်ကင်းပုန်းဝပ်ရန်အတွက်လာရောက်ကြသည်ကိုတွေ့ရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ် ပိုင်နိုင်စွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်။ တိုက်ခိုက်မှုအတွင် စစ်ကောင်စီဘက်မှ ၃ ပွင့်အရာရှိတစ်ဉီးနှင့်တပ်သား ၄ ဦး ပေါင်း ၅ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိတယ်လို့ အဆိုပါတပ်မှူးတစ်ဦးမှဆိုပါသည်။ အဆိုပါတိုက်ပွဲတွင် KNLA တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲ၂၊ ABSDF တပ်ရင်း ၃၊PDF တပ်ရင်း ၇၈၀၅ တပ်ရင်း တပ်ခွဲ ၄ ပူးပေါင်းတပ်ဖွဲ့များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ပြောပါသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၁၃…