Category: News

  • ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ

    ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ

    ကြို့ပင်ကောက်တွင် ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့ထဲကို ကင်းလှည့်ရန် ဆိုင်ကယ်ဆီထည့်နေသည့် ပျူစောထီး မောင်ဇော်ကို ကုန်းမြင့်ရွာ ပျူစောထီး ခေါင်းဆောင် နေဇာလင်းက ဆိုင်ကယ်ဖြင့် တိုက်သတ်သော်လည်း သေဆုံးခြင်းမရှိသောကြောင့် သံတုတ်ဖြင့် ရိုက်သတ်ခဲ့သောကြောင့် ပျူစောထီး မောင်ဇော်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော ပျူစောထီး မောင်ဇော်သည် ပေါ်တာဆွဲဆုကြေး ဝေစုကို အချိုးကျ ခွဲဝေခြင်းမရှိဘဲ ပိုမိုယူသောကြောင့် ကုန်းမြင့်ရွာ ပျူစောထီး…

  • အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်

    အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်

    တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ ရခိုင်ပြည်၊တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချသွားကြောင်း AA စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည် တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဓိကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ…

  • ပျူစောထီးအင်အားကောင်းရာ ဇီးပြားရွာမှ သံဃာလေးပါးအပါအဝင် ၁၇ ဦးထက်မနည်းထွက်ပြေးလာ

    ပျူစောထီးအင်အားကောင်းရာ ဇီးပြားရွာမှ သံဃာလေးပါးအပါအဝင် ၁၇ ဦးထက်မနည်းထွက်ပြေးလာ

    ပေါက်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ဇီးပြားရွာမှ သံဃာလေးပါးအပါအဝင် ၁၇ ဦးထက်မနည်းထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ဇီးပြားကျေးရွာတွင် စားနပ်ရိက္ခာရှားပါးလာ၍ သံဃာ လေးပါးအပါအဝင် ၁၇ ဦးထက်မနည်း ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့များထံ ခိုလှုံလာကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်အခြေစိုက်ပြီး ပျူစောထီးအားကောင်းရာ ဇီးပြားကျေးရွာမှ သံဃာ လေးပါး၊အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေးအချို့သည် ၎င်းတို့ရွာ၌ စားနပ်ရိက္ခာခက်ခဲလာ၍ ဒီဇင်ဘာ ၃ ရက်က ထွက်ပြေးလာပြီး ခိုလှုံလာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။ “သံဃာတော်တွေမှာ သူတို့စီးလာတဲ့ဖိနပ်တောင်ကောင်းကောင်းမပါတော့ဘူး။ သဲကြိုးအပြတ်နဲ့။ တစ်ရွာလုံးမှာလူဦးရေ ရှစ်ရာကိုးရာတစ်ထောင်ရှိတာတောင် ဖိနပ်အကောင်းမရှိတော့ဘူး။ သဲကြိုးပြတ်တဲ့သူနဲ့။ ဖိနပ်မပါတဲ့သူနဲ့။ ဆွမ်းဆိုရင်လည်းတစ်နေ့မှ တစ်နပ်စားရတယ်။ ပြီးခဲ့တဲ့နှစ်လသုံးလတုန်းက…

  • တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ထဲသို့ AA က ထိုးဖောက်ဝင်ရောက်တိုက်ခိုက်

    တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ထဲသို့ AA က ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ ရခိုင်ပြည် တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မထဲကို အာရက္ခတပ်တော် AA က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။ တစ်ဆက်တည်းမှာပဲ တောင်ကုတ်မြို့နှင့် ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ကအထိ…

  • မောင်တောကျပြီးနောက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာ

    မောင်တောကျပြီးနောက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာ

    ရခိုင်တွင် မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန်ဟုဆိုကာ Arakan National Defence Force – ANDF အမည်ပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ အသစ်တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဗီဒီယိုဖိုင်နှင့်တကွ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။ ယင်းဗီဒီယိုဖိုင်မှာ မောင်တောမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗွီဒီယိုဖိုင်တွင် ANDF အဖွဲ့ဝင်တစ်ဦးက AA ကို တိုက်ခိုက်သွားမည်ဟု အဓိပ္ပာယ်သက်ရောက်သော “ငါတို့ဟာ ရခိုင်ပြည်ကို ရောက်နေပြီ။ ငါတို့ အလုပ်အများကြီး လုပ်သွားမယ်” ဟု ပြောဆိုထားသည်။ မွတ်ဆလင်အသိုင်းအဝိုင်းထံ စုံစမ်းလေ့လာချက်အရ ANDF အဖွဲ့ကို RSO အဖွဲ့ခေါင်းဆောင်ဟောင်း ဒေါက်တာအီနစ် ဆိုသူက ဦးဆောင်ကာ အင်အား ၅၀ ခန့်ရှိကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး…