Category: News
-

မောင်တော နခခ ၅ မြို့သူကြီး စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော် သေဆုံး
မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ၊ မြို့သူကြီး ထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ နှင့်အထက် သေဆုံးနိုင်ကြောင်း အာရက္ခတပ်တော် (AA) ထံကသိရသည်။ နခခ-၅ စခန်းအား လွန်ခဲ့သော နှစ်လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ အောက်တိုဘာ ၁၄ ရက်နေ့တွင်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်ရက်ပေါင်း ၅၅ ရက် ခန့်ကြာမြင့်ခဲ့သည်တွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄၅၀ခန့်သေဆုံးကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် AA က ထုတ်ပြန်သည်။ ထို့အပြင် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ…
-

စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်
ပုသိမ်မြို့ ၊အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံး ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၆ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံးခဲ့ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ပုသိမ်မြို့-အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ် (ရွှေမြင်တင်) မှ ဗိုလ်ကြီး ကျော်ငွေ နှင့် ဗိုလ်ကြီး ဇော်ဇော်…
-

လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF B14 တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ ပြင် တစ်နေရာတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သွားရောက် တိုက်ခိုက်ရာ စစ်သား အလောင်း ၃ လောင်း၊ သေနတ် ၄ လက် ၊ ကျည်ဘောက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။…
-

မောင်တောမြို့ နခခ-၅ ကို အာရက္ခတပ်တော်သိမ်းပိုက်ရရှိမှုဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အလွန်ကြီးမားတဲ့ အောင်ပွဲဖြစ်တယ်
“ မောင်တောမြို့ နခခ-၅ ကို အာရက္ခတပ်တော်သိမ်းပိုက်ရရှိမှုဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အလွန်ကြီးမားတဲ့ အောင်ပွဲဖြစ်တယ်”လို့ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောဆိုမောင်တောမြို့ ရဲ့ နောက်ဆုံး လက်ကျန် စခန်းတစ်ခုဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ခွဲ နခခ (၅) ကို အာရက္ခတပ်တော်(AA) မှ သိမ်းပိုက်ရရှိခဲ့တာဟာ နိုင်ငံရးနဲ့ စစ်ရေးအရ အလွန်ကြီးမားတဲ့ အောင်ပွဲဖြစ်တယ်လို့ မြန်မာ့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာ နခခ ၅ မကျစေရေးအတွက် လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းကိုပါ အသုံးပြုပြီး ခေတ်မီလက်နက်တွေကို ထုတ်သုံးကာ ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ပေမယ်လည်း အာရက္ခတပ်တော်ဟာ (နခခ-၅) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင်…
-

စစ်ခေါင်းဆောင်က အဂတိလိုက်စားမှုများကို အရေးယူမည်ဟုပြော
အသက်အာမခံလုပ်ငန်းများနှင့် လေယာဉ်ကွင်းပါသည့်ဆေးရုံကြီးကို သားဖြစ်သူနာမည်ဖြင့် ပိုင်ဆိုင် ထားသည့် စစ်ခေါင်းဆောင်က အဂတိလိုက်စားမှုများကို အရေးယူမည်ဟုပြော မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တရယူခြင်းသည် အဂတိမှုပင်ဖြစ်သည့်အတွက် အဂတိ လိုက်စား သူများ ကို အရေးယူပြီး ပိုင်ဆိုင်မှုများကို သိမ်းယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူမှုဟုသာ ထင်မှတ်ကြသော်လည်း အမှန်တကယ်တွင် လူ့ဘောင်လောက၌ ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီးဖြစ်ပြီး အဂတိလိုက်စားမှု ကျူးလွန်သူများကို တရားစွဲဆို အရေးယူရုံသာမက အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများ ပြည်သူ့ဘဏ္ဍာဖြင့် သိမ်းယူသွားမည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူပိုင်ပစ္စည်းငွေကြေးများကို ကိုယ်ကျိုး အတွက် မသင့်မလျော် သုံးစွဲခြင်းသည်လည်း…