Category: News
-

စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်
ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်မှု လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးပြီး စစ်သား ၄ ဦးသေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၉ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် လက်နက်ခဲယမ်းတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၀၀၁) တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း(…
-

မြင်းခြံ၊ နွားထိုးကြီး ရှယ်ဒွမ်
မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ခုကို စစ်ကြောင်းထိုးမီးရှို့ပြီး ပစ္စည်းများ လိုက်လံ ခိုးယူနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ဝတ်စုံများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ခုကို စစ်ကြောင်းထိုးမီးရှို့ပြီး ပစ္စည်းများ လိုက်လံ ခိုးယူနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ဝတ်စုံများ သိမ်းဆည်းရရှိခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။ ဧပြီလပိုင်းမှ စတင်ပြီး မြင်းခြံမြိုနယ်အတွင်းရှိ ပျားရွာ၊ ထိန်ပန်းရွာ၊ ရွာသစ်ရွာ၊ ကျီးပင်ကန်ရွာ၊ တူရွင်းဘိုရွာ၊ ပျိုးကန်ရွာ၊ ဆိတ်ကုန်းရွာ၊ ဒူလဘိုရွာ၊ နွားကူးအိုင်ရွာ၊ ဖက်ပင်အိုင်ရွာ၊…
-

သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့်
အရေးပေါ် အထူးသတိရှိကြပါ သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့် မေးခိုင်ပိုး ဝင်သွားပြီး ပိုးက တစ်ကိုယ်လုံးထိ ပြန့်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုအန္တရာယ်များတဲ့ အခြေအနေမျိုးတွေ မဖြစ်ရအောင် အထူးသတိထားကြပါ။ ဖြစ်နိုင်ရင် ဆေးခန်း၊ ဆရာဝန်တွေထံမှာပဲ သွားရောက်ကုသကြပါ။ ကိုယ်တိုင် မလုပ်သင့်တဲ့အရာတွေကို မလုပ်ကြပါနဲ့။ အဲ့လို မတော်တဆဖြစ်စဉ်မျိုးတွေ မဖြစ်ရအောင် အားလုံး သတိထားကြဖို့ လိုပါတယ်။ ဒီဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်တာမဟုတ်ဘဲ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ဆိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
-

မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်
မြဝတီမြို့ပေါ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက် မကိုင်ဖို့နဲ့ လက်နက်တွေကို သက်ဆိုင်ရာတပ်ရင်း/ဌာန၊ စည်းကမ်းထိန်းသိမ်းရေးရုံးတွေကို အပ်နှံထားဖို့ စစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။ နောက်ပြီး မြို့တွင်း စားသောက်ဆိုင်တွေ/ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ကိုလည်း စစ်တပ်က အမိန့်ထုတ်ပါတယ်။ မြဝတီမြို့စောင့်တပ်လို့ လူသိများတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း(ခလရ ၂၇၅)နဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးလုပ်ပြီး ဧပြီ ၂၃ ရက်မှာ အချက် ၈ ချက် ပါတဲ့ အမိန့်စာကို ထုတ်ခဲ့တာပါ။ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်တယ်လို့ဆိုပြီး စာထဲမှာရေးသားထားပါတယ်။ ဒါနဲ့ပတ်သက်လို့ DKBA နဲ့ နီးစပ်သူက “တိုင်းမှူးရော၊ တပ်မမှူးရော အသစ်ဆိုတော့ … ဒီအမိန့်တွေ ထုတ်တာက ကရင်လက်နက်ကိုင်တွေကို သူထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ သဘောမျိုးပြတာ”…
-

ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီး
ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ် ကျည်ထိမှန် သေဆုံး မိသားစုက လူသတ်မှုဖြင့် အမှုဖွင့်သော်လည်း ဖြူးရဲစခန်းက လက်မခံ ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ်မှာ ရင်ဘတ်ကို ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ စစ်တပ်က ဖြူးမြို့ပေါ် ၊ ဝဲဒေါင့်အလယ်ရွာတွင် လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတွက် ဖမ်းဆီးစဉ်…