Category: News
-

နမ့်ခမ်းမြို့တွင်းကို TNLA မြို့နယ်ရဲတပ်ဖွဲ့ကလုံခြုံရေးကင်းလှည့် စစ်ဆေး
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခန်းမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAရဲ့ နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့က မြို့အတွင်း ကင်းလှည့်စစ်ဆေးဆောင်ရွက်နေတဲ့ ပုံရိပ်တွေကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-PSLF/TNLA
-

အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်
လွိုင်ကော်တွင် စစ်တပ်က တပ်သားသစ် အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် ရှေ့တန်းနေရာ တစ်ခုတွင် ရောက်ရှိနေသည့် အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တပ်သား ၄ ဦးသည် MA 1 အမျိုးအစား သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်ကာ ထွက်ပြေးလာပြီး KNDF…
-

ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး
ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ…
-

စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ရာထူးမှဖယ်ရှားခံရ
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဖြစ်လာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကိုကာကွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားလိုက်ပြီး သူ၏ နေရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်ကြောင်း စစ်ကောင်စီက ယနေ့သတင်းထုတ်ပြန်လိုက်သည်။ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးအသစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဒုတိယဝန်ကြီးချုပ်ရာထူးလည်း ရရှိမည်ဖြစ်ရာ စစ်ကောင်စီတွင် ဒုတိယဝန်ကြီးချုပ် ခြောက်ဦးအထိရှိလာသည်။ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြီးခဲ့သည့် နှစ်သြဂုတ်လက စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ သူသည်ရေတပ်အရာရှိဘဝမှ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ယင်းမှတဆင့် ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်ရာထူးလည်းရထားသည်။ သူ၏လက်အောက်တွင် စစ်ကောင်စီသည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စိုးမိုးနယ်မြေအများအပြား ဆုံးရှုံးခဲ့ရသည်။ ရခိုင်တပ် AA ၏ထိုးစစ်ကိုရင်ဆိုင်နေရပြီး…
-

အွန်လိုင်းကနေ ညစ်ညမ်းရုပ်ရှင်ရောင်းချတဲ့ ထိုင်းအမျိုးသမီးတစ်ဦးအဖမ်းခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချက်တူချက်ခရိုင် မှာ အွန်လိုင်းကနေ ညစ်ညမ်းရုပ်ရှင်တွေ နဲ့ လိင်အသားပေး ဝတ်လစ် စလစ်ဓာတ်ပုံတွေရောင်းချတဲ့ အမျိုးသမီးတစ်ဦးကို ထိုင်းဆိုင်ဘာ ရဲတပ်ဖွဲ့ က ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် ခေါင်ဆွတ် သတင်းဌာန ရဲ့ အင်္ဂလိပ်ပိုင်းမှာဖော်ပြထားပါတယ်။ အဖမ်းခံရတဲ့ အမျိုးသမီးဟာ အသက် ၃၂ နှစ်အရွယ် မစ္စဆစီသွန်း ဆိုသူဖြစ်ပြီး သူမရဲ့ နေအိမ်မှာ ညစ်ညမ်းဇာတ်ကားတွေ သိမ်းဆည်းထားတဲ့ ကွန်ပြူတာ ဆာဗာ စနစ်ကိုပါဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ သူမ ဟာ OnlyFans လို့ အမည်ပေးထားတဲ့ ပလပ်ဖောင်းတွေကနေ လွန်ခဲ့တဲ့ လေးနှစ်ကစလို့ ညစ်ညမ်းရုပ်ရှင်တွေ စတင်ရောင်းချနေတာဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေရဲ့ ဝတ်လစ်စလစ်ပုံတွေ ၊ သူမကိုယ်တိုင်ဖန်တီးထားတဲ့ ညစ်ညမ်းရုပ်ရှင်တွေ ကိုရောင်းချခဲ့တာလို့ ဆိုပါတယ်။ OnlyFans ပလပ်ဖောင်း…