အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်

လွိုင်ကော်တွင် စစ်တပ်က တပ်သားသစ် အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် ရှေ့တန်းနေရာ တစ်ခုတွင် ရောက်ရှိနေသည့် အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တပ်သား ၄ ဦးသည် MA 1 အမျိုးအစား သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်ကာ ထွက်ပြေးလာပြီး KNDF တပ်ရင်းတပ်ဖွဲ့များထံ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် လူတစ်စု ကောင်း စားရေး အတွက် ပေးဆပ်လုပ်ကိုင်နေသောဘဝနှင့် ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ကြဘဲ လွတ်လပ်မျှတသော စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရန် ပြည်သူသို့မျက်နှာမှု၍ ယုံကြည်စွာဖြင့် ဘက်ပြောင်းခိုလှုံကြရန် KNDF ဗဟိုက တိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *