Category: News
-

ဗိုလ်မှူးချုပ်သူရိန်ထွန်း (သို့မဟုတ်) AA ဖမ်းမိသည့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်
ရခိုင်တပ် AA က ဖမ်းထားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသတွင် သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်ဖြစ်သည်။ မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်တပ် AA ၏စစ်သုံ့ပန်းအဖြစ် ဖမ်းခံလိုက်ရပြီဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နယ်စပ်တလျှောက် စစ်ဆင်ရေးများကို ကြီးကြပ်ရသူဖြစ်သည်။ ဒေသတွင်းတွင် သူ၏သြဇာမှာ စစ်ကောင်စီခန့် အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၏ အထက်တွင် ရှိပြီး ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်ကို ပေါင်းပြီးဖွဲ့ထားသည့် မောင်တောခရိုင်တွင် အဆင့်အမြင့်ဆုံးသော စစ်ကောင်စီအရာရှိဟုလည်း ဆိုနိုင်သည်။ အာရက္ခတပ်တော် AA ၏ထိုးစစ်ကို လပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ဘက်နှင့်အရပ်ဘက် အမှုထမ်းများ မောင်တောခရိုင်အတွင်းမှ ထွက်ခွာသွားချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ-၅ ဟုခေါ်သည့် မောင်တောမြို့နယ်ထဲမှ ဘင်္ဂလားဒေ့်ရှ်နှင့်…
-

ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေ
လှိုင်းဘွဲ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေဟု KNU ထုတ်ပြန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို နယ်မြေခံ စစ်ကောင်စီတပ်မှူးက ခေါ်ယူပြီး စစ်မှုထမ်းရန် တပ်သားသစ်များအား ဒီဇင်ဘာ ၁၂ရက် နောက်ဆုံးထား စုဆောင်းပို့ဆောင်ပေးရန်ပြောဆိုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်သည်။ စစ်ကောင်စီက လှိုင်းဘွဲ့ဗျူဟာရုံး၌ လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလို စသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဒီဇင်ဘာ ၁၀ ရက်တွင် စစ်မှုထမ်းအကြောင်းအရာ ဆိုင်ရာနောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူပြီး အပါတ်စဉ် (၇)တွင် ပို့ဆောင်ခြင်းမရှိသေးသော ကျေးနယ်များအနေဖြင့်…
-

နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ
မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ မောင်တော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲစခန်း (နခခ ၅) မြို့သူကြီးကို တိုက်ခိုက်ရာတွင် မိုင်းကွင်းများနှင့် မိုင်းထောင်ချီခင်းထားသည့်အတွက် အာရက္ခတပ်တော် (AA) အနေဖြင့် မြေအောက်ဥမင်လှိုဏ်ခေါင်းများပါတူး၍ တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။ ထိုးစစ်ရက်ပေါင်း ၅၅ရက် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၅၀ ကျော်နှင့် စစ်သုံ့ပန်း ၃၀၀ နီးပါးကို AA က ဖမ်းဆီးရမိခဲ့ပြီး လေကြောင်းမှလာရောက်တိုက်ခိုက်သည့် လေယာဉ်များကို လေယာဉ်ပစ်လက်နက်များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို AA ကထုတ်ပြန်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီက ပစ်ခတ်ခဲ့သည့် ၁၂၂ မမ ဒုံးကျည်ကိုလည်း Direct Fire…
-

နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်
မုံရွာမြို့ နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရေယာဉ် ၂ စီးဖြင့် အုန်းပင်ဆိပ်ကမ်းမှ ကံကြီးကုန်း ပျူစောထီးရွာနှင့်…
-
AA ကိုင်ထားသည့်ဝှက်ဖဲ
ဆိုးရွားလှသည့် ပြစ်မှုများကျူးလွန်ခဲ့သူဖြစ်သော်လည်း ယခုအခါ ကြိုးချီထားသော လက်နှစ်ချောင်းနောက်ပစ်၍ ဒူးထောက်လျက်တွေ့ရသည်။ဒီဇင်ဘာလ နေရောင်အောက်တွင်မျက်နှာ ရှုံ့တွ၍ ဓါတ်ပုံရိုက်နေသူကို ကြည့်နေသည်။ အောက်ခြေစစ်သားများမှာ ရိက္ခာပြတ်၍ နိုဝင်ဘာ လဆန်းကတည်းက စားစရာမရှိတော့ကြောင်း ရင်ဖွင့်ထားကြသော်လည်း သူကမူ ရက်ပေါင်းများစွာအစာရေစာ ပြတ်၍အဟာရချို့ငဲ့နေသောပုံစံမျိုးမဟုတ်ပါ။သူဆိုသည်မှာ နမည်ဆိုးဖြင့် လူသိများနေသော အမှတ်( ၁၅ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းဖြစ်သည်။ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုမောင်တောမြို့သိမ်းတိုက်ပွဲတွင် ဒီဇင်ဘာလ၈ရက်နေ့က AAက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။အသက် ၅၅ နှစ်ခန့်ရှိသော ဗိုလ်မှူးချုပ်သူရိန်ထွန်းမှာ အလုပ်သင်ဗိုလ်လောင်းသင်တန်း အမှတ်စဥ် ၂၂ ဆင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်လည်းရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သူဖြစ်သည်။ရခိုင်ပြည်နယ်တွင် ထိုစဥ်က ၃ နှစ်တာဝန်ကျခဲ့လျင်ပင်အနည်းဆုံး ၂၀၁၅ ခုနှစ် မှ ၂၀၁၈ခုနှစ် အထိ့တာဝန်ထမ်းခဲ့သူဖြစ်ကြောင်း စစ်ရေးသတင်းများဖော်ပြပေးနေသော CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ထို့ကြောင့် စစ်အုပ်စုက ရခိုင်ပြည်နယ်တွင်…