တရုတ်ဦးဆောင်သည့်ဆွေးနွေးပွဲတွင် အာာဏာသိမ်းစစ်တပ်က ၁၂ မြို့ တိုက်ယူထားသော TNLA ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့် ပလောင်အုပ်ချုပ်ခွင့်ရ နှစ်မြို့သာပေးမည်ဟုဆိုခြင်းကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။ တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်၏ကိုယ်စားလှယ်များအကြား တရုတ်အစိုးရ၏အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က အပစ်ရပ်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရခဲ့ဟု စုံစမ်းသိရှိရသည်။ နှစ်ဖက်တပ်များအကြား အပစ်ရပ်ရန်အတွက် တအာင်းတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တို့အနက် ကျောက်မဲ နှင့် သီပေါကို စွန့်လွှတ်မည်ဟု ထိုဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။ သို့သော် စစ်ကော်မရှင်ကိုယ်စားလှယ်များက လုံလောက်မှုမရှိသည့်ကမ်းလှမ်းမှုဟုဆိုကာ ပယ်ချခဲ့ပြီး တအာင်းတပ်များအနေဖြင့် မန်တုံနှင့် နမ့်ဆန်မြို့များကလွဲ၍…
အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်သားများ အလံဖြူထောင် အလင်းဝင်လာတဲ့ရုပ်သံ ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်အားသုံး ချီတက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ကြောင်း”က တပ်သားတချို့ဟာ အလံဖြူထောင်ပြီး ပြည်သူဘက်ကို ရပ်တည်လာခဲ့တယ်လို့ Black Panther Column- တပ်ခွဲ ၂ က မနေ့က ထုတ်ပြန်လာပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column – တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။ အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ ရုပ်သံ…
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက် မည်ကို လက်မခံခြင်းဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော စစ်ကော်မရှင်က ပြုလုပ်ရန် စီစဉ်နေသော ရွေးကောက်ပွဲအား လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်မည်ကို လက်မခံခြင်းဖြစ်ကြောင်း စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ပြောကြားသည်။ သို့သော် ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများကမူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိဘဲ အာဏာရှင်စနစ်ကို ဆက်လက်တည်ဆောက်ရန်သာ ရည်ရွယ်သည်ဟု ပြန်လည်ထောက်ပြထားသည်။ နေပြည်တော်တွင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေး ပါတီများသည် ဩဂုတ် ၂၆ ရက်နေ့ကတွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ဒေါ်သက်သက်ခိုင်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။…
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်အရာရှိ ၂ ဦး အပါ အဝင် စစ်သား ၆ ဦးသေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက် မီးလောင်(ရုပ်/သံ) ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက်တို့ မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ…
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့ခြမ်း ပဲပြစ်တော အရှေ့ရွာအနီးမှာ ဩဂုတ် ၂၆ ရက် ညနေပိုင်းကစတင်ပြီး ဩဂုတ် ၂၇ ရက် မနက်ပိုင်းအထိ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ဘုတလင်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါစစ်ကြောင်းဟာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ဘုတလင်မြို့အနောက်ဘက် လွဲတဲရွာဘက်ကို စစ်ကြောင်းထွက်ပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲပေးဖို့ ပြည်သူတွေကို စည်းရုံးခဲ့ကာ လွဲတဲရွာကနေ ထတန်းရွာ၊ တလိုင်းရွာကို ဖြတ်သန်းပြီး ပဲပြစ်တောရွာအရောက်မှာ အခုလို တိုက်ပွဲဖြစ်ပွားတာလို့လည်း သိရပါတယ်။ ပဲပြစ်တောရွာသားတယောက်က “စစ်ကြောင်းလာကတည်းက ရွာကနေ ရှောင်လာတာဗျ။ ဒီစစ်ကြောင်းက ရွေးကောက်ပွဲအတွက် စည်းရုံးရေးစစ်ကြောင်းမို့လားတော့ မသိဘူး၊ ရွာကိုတော့ မီးရှို့တာတွေ၊ ဖျက်ဆီးတာတွေ လုပ်မသွားဘူး။ သူတို့ မနေ့ညနေပိုင်းကတော့…