Category: News

  • မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေး မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေးကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူတချို့ထံမှ သိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်း အကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်သွားခဲ့ကြောင်း၊ လတ်တလော ရွှေ ၄ ပိဿာဝန်းကျင်ပါသွားသည်ဟုဆိုနိုင်ကြောင်း၊ တရားခံ ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။ “ဓားပြတိုက်တဲ့အဖွဲ့က ဆိုင်မှာ လူအဝင်၊အထွက် အချိန်နဲ့…

  • နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ ရခိုင်ပြည် အမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နပခ တိုင်းစစ်ရုံးမကျရေး ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံနေကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို နပခ တိုင်းစစ်ရုံးထဲမှ အင်အားရာချီခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ အသည်းအသန် ခုခံကာကွယ်နေကြောင်း AA က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်ညက ထုတ်ပြန်ထားသည်။ “နပခ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့်…

  • အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    မောင်တော နခခ ၅ မှ ထွက်ပြေးနေသော အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးစားစဉ် စစ်တပ်၏မိုင်းကို ပြန်နင်းမိ၍ သွေးထွက်လွန်ကာ သေဆုံးခဲ့ ရခိုင်ပြည်၊ မောင်တောမြို့နယ် အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅) မှ ထွက်ပြေးနေသော အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ…

  • နပခ တိုင်းစစ်ရုံးအတွင်း နေရာအချို့သာကျန်ရှိတော့ AA အသိပေး (ရုပ်သံ)

    ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား တိုက်ခိုက်သိမ်းပိုက်နေရာ တိုင်းစစ်ရုံးအတွင်း အနည်းငယ်သောနေရာအချို့သာ ကျန်ရှိတော့သည်ဟု အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်သည်။ ထို့အပြင် တိုင်းစစ်ရုံးအတွင်း၌ အင်အားရာချီခန့်ရှိသေးသော ရန်သူများမှာလည်း ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်ဟု AAက ဆိုသည်။ ထို့အပြင် စစ်ကောင်စီက ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေ၍ ၎င်းတို့တပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟုလည်း အသိပေးထားသည်။ လေကြောင်းမှလည်း မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသောကြောင့် နပခ ၌ မြေပြင်တိုက်ပွဲထက် ရန်သူ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေရခြင်းဟု ဆိုသည်။ ထို့အပြင် ဒီဇင်ဘာ ၁၈ ရက်တွင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဟု ထပ်မံ အသိပေးထားသည်။…

  • နမ့်ခမ်းမြို့တွင်းကို TNLA မြို့နယ်ရဲတပ်ဖွဲ့ကလုံခြုံရေးကင်းလှည့် စစ်ဆေး

    နမ့်ခမ်းမြို့တွင်းကို TNLA မြို့နယ်ရဲတပ်ဖွဲ့ကလုံခြုံရေးကင်းလှည့် စစ်ဆေး

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခန်းမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAရဲ့ နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့က မြို့အတွင်း ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေတဲ့ ပုံရိပ်တွေကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-PSLF/TNLA