Category: News

  • ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိ

    ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိ

    စစ်ကောင်စီ၏ ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိပြီး KNU ထံ လွှဲပြောင်းပေးအပ် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခမရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သတင်းပေး ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၉ ရက်နေ့ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် အိမ်စီးကားဖြင့် တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ်…

  • အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အလင်းဝင်လိုတဲ့ စစ်သားနဲ့ အလင်းမဝင်တဲ့စစ်သားအချင်းချင်းကြားလည်းပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နပခ အတွင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အစာငတ်ပြတ်နေလို့ အသုတ်လိုက်အလင်းဝင်မှုရှိကာ အလင်းဝင်လို တဲ့စစ်သားတွေနဲ့ အလင်းမဝင်ချင်တဲ့ စစ်သားတွေအချင်းချင်းကြားလည်း ပစ်ခတ်မှုဖြစ်လို့ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းတွေဆီက သိရပါတယ်။ အခုရက်ပိုင်းအတွင်း အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ လက်နက်ချအညံ့မခံဘဲ ပြန်တိုက်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တိုက်ပွဲထဲက ထွက်ပြေးနေကြတဲ့ စစ်သားတွေဟာ ရိက္ခာတွေပြတ်လပ်နေလာနေတဲ့အတွက် အလံဖြူထောင် လက်နက်ချသူရှိသလို အာရက္ခ တပ်တော် – AA ကို တိုက်ခိုက်နေတဲ့ စစ်သားတွေလည်း ရှိနေသေးတာပါ။ အာရက္ခတပ်တော် အနေနဲ့လည်း နပခ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် လက်ကျန် စစ်ကောင် စီ တပ်သားတွေကို လိုက်လံရှင်းလင်းနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။…

  • ဗိုလ်မှူးအဆင့် အပါအဝင် ရဲနဲ့ စစ်သား သုံးဆယ်ကျော် CDM ဝင်လာကြောင်း NUG ပြော

    ဗိုလ်မှူးအဆင့် အပါအဝင် ရဲနဲ့ စစ်သား သုံးဆယ်ကျော် CDM ဝင်လာကြောင်း NUG ပြော

    နိုဝင်ဘာလတစ်လအတွင်း ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၃ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်ထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကို ဆက်သွယ်ခိုလှုံလာသူတွေဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လက်နက်နဲ့တကွ ခိုလှုံလာသူ နှစ်ဆယ်ပါဝင်တာကြောင့် လက်နက်တန်ဖိုးအလိုက် ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ NUG က ပြောပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ၁၁ လအတွင်းမှာတော့ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် CDM ဝင်လာသူ စစ်ကောင်စီတပ်သား၊…

  • ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ထိုးစစ်စတင်

    ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ထိုးစစ်စတင်

    စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းခံရ ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီဇင်ဘာ ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အတည်ပြုသည်။ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့နယ်ရှိ အင်အား ၁၀၀ ခန့်ရှိသော လာဟူဆယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေး သတင်းရင်း မြစ်တစ်ဦးက အသိပေးထားသည်။ အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။ “ပြည်သူ့စစ်တွေ ထွက်ပြေးသွားတယ်။စခန်းကို KIA သိမ်းလိုက်ပြီ”ဟုသတင်းရင်းမြစ်ကပြောသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။ ခေါင်လန်ဖူးတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ KIAနှင့် မဟာမိတ်တပ်များသည်…

  • တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    မြန်မာစစ်တပ်မှာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ် ၈ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်ဖြည့်တင်းထားကြောင်း သိရသည်။ မြန်မာစစ်တပ် ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များမှာ Mi17 ရဟတ်ယာဉ် ၃ စီး၊ FTC2000G တိုက်လေယာဉ် ၃ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး စုစုပေါင်း ၈ စီးဖြစ်သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာစစ်တပ် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆုံးရှုံးသွားသည့် လေယာဉ်များကို ဖြည့်ထားခြင်းဖြစ်သည်။ FTC2000G တိုက်လေယာဉ် ၃ စီး၏…