Category: News
-

AA က အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် “စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဟု AA က အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး (ရုပ်/သံ) ရခိုင်ပြည် အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တပ်ရင်းအနေဖြင့် အမြန်ဆုံး လက်နက်ချရန် အာရက္ခတပ်တော် AA က ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန် သတိပေးသည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA သည် အမ်း နပခ ပကတိ မြေပြင်အခြေအနေဟု ဆိုကာ စစ်ကောင်စီတပ်သားများ ရာနှင့်ချီ လက်နက်ချ အလင်းဝင်၊ အလံဖြူထောင် မြင်ကွင်းကို ဗီဒီယိုနှင့်တကွ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်”…
-

တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်
ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး(ရုပ်/သံ) မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကောင်စီ တပ်သား ၅ ဦးလိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သီတာလမ်းနှင့်…
-

အမောင်းသင်အတွက်သာအသုံးပြုနိုင်သည့် လေယာဉ် ၂ စင်းကို ၎င်း၏ စစ်သည်များ စမ်းသပ်တီထွင် ထုတ်လုပ်ထားသည်ဟုဆိုကာ တပ်တော်ဝင် ထုတ်ကြွား
စစ်ခေါင်းဆောင်က အမောင်းသင်အတွက်သာအသုံးပြုနိုင်သည့် လေယာဉ် ၂ စင်းကို ၎င်း၏ စစ်သည်များ စမ်းသပ်တီထွင် ထုတ်လုပ်ထားသည်ဟုဆိုကာ တပ်တော်ဝင် ထုတ်ကြွား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၇)နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့တွင် တရုတ်ပညာရှင်များဖြင့် ထုတ်လုပ်ထားသော အမောင်းသင်အတွက်သာ အသုံးပြုနိုင်သည့် လေယာဉ် နှစ်စင်းကို ဂုဏ်ယူစွာဖြင့် ထုတ်ကြွားပြသခဲ့ကြောင်း CDM အရာရှိများထံက သိရသည်။ မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)တွင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သော အဆိုပါလေတပ်နှစ်ပတ်လည်နေ့တွင် စစ်ရေးအသုံးပြုတိုက်ခိုက် လေယာဉ်များကို ချန်လှပ်၍ MTX-1A နှင့် MTX-1B တို့ကို စစ်ခေါင်းဆောင်က ဂုဏ်ယူ ပြောဆိုခဲ့ကြောင်း သိရသည်။ “အခုလေယာဉ်တွေကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြု ပျံသန်းပြီး တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်သွားဖို့၊ စွမ်းရည်မြင့်မားတဲ့…
-

နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ခွေးးးသေ-ဝက်-သေ သေ-ဆုံး
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်ရန် အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအတွင်း ခွေးးပြေးးဝက်-ပြေး ထွက်ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းဟာ သေ-ဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးဆောင်တဲ့ စ-စ်ရှုံးးးကောင်စီ တပ်ဖွဲ့ဟာ နပခ အနီးက တောထဲမှာ အာရက္ခတပ်တော် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဥ် ခွေးးးသေ-ဝက်-သေ သေ–ဆုံးခြင်းဖြစ်ကြောင်း ကနဦး သိရှိရပါတယ်။ နပခ ယာယီ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကို AA က အသေဖမ်းမိ နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နဲ့ အင်အား ၂၀ ကျော် အေ-သဖမ်းမိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်းက ထွက်ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချူပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နဲ့ အဖွဲ့…
-

ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်
မြိုင်၊ ကန်နီပျူစောထီးရွာကို လေယာဉ်ဖြင့် လာပို့သည့် ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို လေယာဉ်ဖြင့် လာပို့သည့် ရိက္ခာများကို ထွက်ကောက်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် ကန်နီပျူစောထီးရွာကို ရိက္ခာထုတ်များ လာရောက်ပို့ဆောင်ခဲ့ပြီး ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရော့ကတ်များဖြင့် ဗုံးကျဲ ပစ်ခတ်…