Category: News


  • မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းငှက်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်း ၆ ခု သိမ်းပိုက်ရရှိ​သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစု​ဝင် အပါအဝင် အယောက် ၂၀၀ နီးပါး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူ ၄ ယောက် ရှိခဲ့တယ်လို့ Mawlaik Revolutions အဖွဲ့က အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ Mawlaik Revolutions ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မော်လိုက်မြို့နယ်ထဲမှာ သိမ်းငှက်စစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုတွေ ဖြစ်ကြတဲ့ ခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ မော်လိုက်/ဖောင်းပြင်မြို့နယ် ပကဖ/ပလဖ၊ ခရိုင်ကွပ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းကနေ မော်လိုက်မြို့နယ်ထဲမှာရှိတဲ့…

  • ထိုင်းက ပြန်ပို့သည့် မြန်မာလုပ်သား ၉၀ ကို စစ်တပ်က ခေါ်ဆောင်သွား

    ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လဝကအချုပ်ထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ လောက်ကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ မြန်မာနိုင်ငံ ကော့သောင်းဘက် လှေဆိပ်ကို ၂ နိုင်ငံ တာဝန်ရှိသူတွေကနေ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ လွတ်ရက်စေ့ မြန်မာအမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်တို့ကို ကော့သောင်းဘက် ပို့ဆောင်ပြီးနောက် စစ်ကောင်စီတပ်ကနေ ၆ မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံက ပြောပါတယ်။ “‌ခေါ်သွားတာတော့ အဲဒီ‌ ခြောက်မိုင်ရွာ ၂၆၂ တပ်ထဲပါပဲ။ ပိုက်ဆံအထပ်လိုက် ပုံပေးနိုင်သူက လွဲရင် မလွတ်ပါဘူး။‌‌ ကော့သောင်းဘက်မှာပဲ…

  • မိုးမိတ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ဝဲပေါင်းကျေးရွာကို စစ်တပ်က အောက်တိုဘာ ၉ ရက် ည ၇ နာရီခန့်မှာ လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မိုးမိတ်မြို့ခံတယောက်က “ဝဲပေါင်းရွာကို ကြဲသွားတယ်။ ရွာထဲက လူနေအိမ်တွေနား ကျတာ၊ အထိအခိုက်တော့ များတယ်။ ဖုန်းလိုင်းကော အင်တာနက်လိုင်းကော ပြတ်နေတာ၊ ဆက်သွယ်လို့မရဘူး” လို့ ပြောပါတယ်။ ဝဲပေါင်းကျေးရွာကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ် ၁၀…

  • အိန္ဒိယမှာ ကလေး ၁၇ ဦးသေဆုံးစေခဲ့တဲ့ ချောင်းဆိုးပျောက်ဆေးဖော်စပ်တဲ့ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီး

    အိန္ဒိယနိုင်ငံမှာ ကလေး ၁၇ ယောက်လောက် သေဆုံးမှုနဲ့ ဆက်စပ်နေတဲ့ ချောင်းဆိုးပျောက်ဆေး ဖော်စပ်ထုတ်လုပ်တဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ အဖမ်းခံရသူကတော့ တမီလ်နာဒူးပြည်နယ် အခြေစိုက် Sresan Pharmaceuticals ဆေးဝါးထုတ်လုပ်ငန်းကို ဦးစီးနေတဲ့ ရန်ဂနာသန်ဂိုဗင်ဒန် ဖြစ်ပါတယ်။ သူ့ကို မဒယပရာဒေ့ရှ်ပြည်နယ် ရဲတွေက အောက်တိုဘာ ၈ ရက်၊ မနေ့ညပိုင်း ချန်နိုင်းမြို့မှာ ဖမ်းဆီးလိုက်တာပါ။ ဒီလအတွင်း သူ့ကုမ္ပဏီက ထုတ်တဲ့ Coldrif ချောင်းဆိုးပျောက်ဆေးကို သောက်ပြီး အသက် ၅ နှစ်အောက် ကလေးပေါင်း ၁၇ ယောက်ထက်မနည်း သေဆုံးပြီးကတည်းက ရန်ဂနာသန်ကို မဒယပရာဒေ့ရှ်ရဲတွေက လိုက်ရှာနေတာပါ။ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက Coldrif ဆေးနမူနာတွေကို စစ်ဆေးကြည့်တဲ့အခါ အလွန်အဆိပ်ပြင်းတဲ့ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိုင်အက်သလင်း ဂလိုက်ကောလ် (Diethylene…

  • ရေဖြူမြို့နယ်၊ ဧကနိကျေးရွာ အတွင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများအား ပစ်ခတ်တိုက်ခိုက်မှု (ရုပ်သံ)

    ရေဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲတလင်းနဲ့လော့သိုင်းကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ထံကနေ သိရပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရာဖူးကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အချိန်နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးပြီးနောက် ရာဖူးကျေးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ KNLA တပ်ရင်း ၂၇ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးအပတ်ကလည်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်တပ်ဟာ…