ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အီရန် ကမ်းလွန်မှာ ရှိနေတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ဧပြီ ၁၃ ရက်နေ့မှာ စတင် ပိတ်ဆို့ကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲရေးဌာန (CENTCOM)က ကြေညာခဲ့ပါတယ်။ CENTCOMရဲ့ အဆိုအရ အဲဒီ ပိတ်ဆို့မှုဟာ အီရန်ဆိပ်ကမ်းတွေဆီ အဝင်အထွက် လုပ်ခဲ့တဲ့၊ ပြီးတော့ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်ဆီ အခကြေးငွေ ပေးချေခဲ့တဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား တားဆီးသွားမယ်လို့…
ထမင်း ၃နှစ်မစားပဲ တရားကျင့်တာကြောင့် နာမည်ကြီးနေတဲ့ ကျိုက်လတ်မှ ရှင်ဉတ္တတရ အား လူဝတ်လဲစေကာ မအူပင်ဆေးရုံသို့ ပို့ဆောင်ကုသ – ကိုယ်ကျိုးရှာလိုသူများ၏ အစီအစဉ်များ ပျက်ပြယ်သွားပြီ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ဝါးရုံစုကျေးရွာတွင် (၃) နှစ်နီးပါး ဆွမ်းမဘုဉ်းပေးဘဲ တရားထူးကျင့်ကြံနေသည်ဟု ကျော်ကြားခဲ့သည့် ရှင်ဉတ္တတရ (လူအမည်-ဦးအောင်ကျော်မင်း) နှင့် ပတ်သက်၍ အမှန်တရား ပေါ်ပေါက်လာခဲ့ပြီးနောက်၎င်းအား မအူပင်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေပြီ ဖြစ်ပါတယ်။ မိမိတို့မြို့နယ်အတွင်း ဘာသာရေးအယူလွဲမှုများ မပြန့်နှံ့စေရန်နှင့် လူနာတစ်ဦးအား တန်ခိုးရှင်အဖြစ် ပုံမှန်မဟုတ်သော ကိုးကွယ်မှုများ မဖြစ်ပေါ်စေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ကိုင်တွယ်ခဲ့သည့် ကျိုက်လတ်မြို့နယ်မှ ဆရာတော်ကြီးများကိုလည်း အထူးပင်လေးစား ကြည်ညိုထိုက်ပါတယ်။ မိမိမြို့နယ်မှ ဒကာ ဒကာမများ အယူလွဲမှားပြီး သရဏဂုံပျက်စေမယ့် ကိုးကွယ်မှုတွေ မရှိဖို့လိုအပ်လှပါတယ်။…
မြန်မာစစ်တပ်က ဂုဏ်သိက္ခာအတွက်အကြီးအကျယ် တည်ဆောက်ခဲ့သော “ဘုရင်များ၏ စံမြန်းရာ အရပ်” ဟု အဓိပ္ပာယ်ရသည့် မြို့တော်နေပြည်တော်တွင် မြောက်ကိုရီးယား၏ နိုင်ငံရေးပြဇာတ်ကွက်များ နှင့် ဆင်တူလှသော အခမ်းအနားတခုတွင် မြန်မာ့မစ်ကီးမောက်စ် စစ်အာဏာရှင်မင်းအောင်လှိုင်က “အရပ်သား” သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ မိမိကိုယ်ကိုယ်မိမိ ကျေနပ်အားရနေသည့် ထိုအာဏာရှင်လူပုလေးကို ယင်းတရားဝင်ကျမ်းသစ္စာကျိန်ဆိုပွဲတွင် လက်အောက်ခံအရာရှိများက လေးစားစွာ စိုက်ကြည့်နေခဲ့သည်။ သို့သော် မြန်မာပြည်သူ သန်း ၆၀ အပါအဝင် ပြင်ပကမ္ဘာမှ မည်သူတဦးတယောက်ကမျှ ယင်းညံ့ဖျင်းလှသော ပြကွက်၏ လှည့်စားခြင်းမခံခဲ့ရပေ။ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း မင်းအောင်လှိုင်သည် တပ်မတော်၏ အမြင့်ဆုံးရာထူးဖြစ်သည့် တပ်ချုပ်အဖြစ် တာဝန်ယူခဲ့ပြီး အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် “ထိတ်လန့်ချောက်ချားဖွယ်စီမံခန့်ခွဲမှု” အတွက် တာဝန်ရှိကြောင်း ကုလသမဂ္ဂက ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း မင်းအောင်လှိုင်၏ စစ်တပ်က…
🔮 သွေးထွက်အောင်မှန်လွန်းတဲ့ ဆရာလင်းညှိတာရာရဲ့ သင်္ကြန်အထူးသတိပေးချက်! မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ပျော်ရွှင်ရမှာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ သွေးထွက်အောင်မှန်တဲ့ ဟောကိန်းတွေကြောင့် နာမည်ကျော်တဲ့ ဆရာလေးလင်းညှိတာရာ က ကြက်သီးထစရာ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ် အတာစားခံရတဲ့ နေ့နံ ကတော့ “ကြာသပတေးသားသမီးများ” ပဲ ဖြစ်ပါတယ်။ အခြားနှစ်တွေထက် ထူးခြားတာက ဒီနှစ်မှာ ကံဆိုးမိုးမှောင်ကျမှုဟာ “မရဏက အိမ်ထဲအထိ ရောက်နေတယ်” လို့ ဟောကိန်းထုတ်ထားတာကြောင့် အစစအရာရာ သတိကြီးကြီးထားဖို့ လိုအပ်နေပါပြီ။ ⚠️ အထူးသတိထားရမည့်နေ့: မဟာသင်္ကြန်အတက်နေ့ ကို အထူးဂရုစိုက်ရပါမယ်။ သွားသတိ၊ လာသတိ၊ စားသတိနဲ့ နေထိုင်ရမှာဖြစ်ပြီး မတော်တဆမှုတွေနဲ့ ဘေးအန္တရာယ်တွေ ချောင်းမြောင်းနေနိုင်တယ်လို့ ဆိုပါတယ်။ ✨ အညံ့ခိုင်စေမည့် အစွမ်းထက်ယတြာ: ကံဆိုးမှုတွေ သက်သာစေဖို့ ဆရာလေးက အခုလို…
စစ်တပ်မှ ထွက်ပြေးသည့် စစ်မှုထမ်းတပ်သားများကို ပြန်လည် ဖမ်းမိပါက နဖူးနှင့်ပါးတွင် တပ်ရင်းအမှတ်နှင့် ‘စစ်ပြေး’ ဟု စစ်တပ်က တက်တူးထိုးဟု အလင်းဝင်တပ်သား ကျော်မိုးဝင်း ပြော စစ်ကောင်စီတပ်မှ ထွက်ပြေးရန် ကြိုးပမ်းသည့် ပြည်သူ့စစ်မှုထမ်းတပ်သားများကို ပြန်လည်ဖမ်း ဆီးရမိပါက နဖူးနှင့် ပါးပြင်များတွင် တပ်ရင်းအမည်နှင့် “စစ်ပြေး” ဟူသော စာတန်းများကို တက်တူးထိုးကာ မြို့ပေါ်တွင် နေထိုင်၍မရအောင် လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်ရောက်လာသည့် တပ်သား ကျော်မိုးဝင်းက ဖွင့်ဟပြောဆိုလိုက်သည်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တပ်သား ကျော်မိုးဝင်းသည် ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့က ဘီယာဆိုင်မှအပြန်တွင် လူ ၄ ဦးက…