Category: News

  • စာရေးဆရာကြီး ဦးတင်ညွန့် ဖမ်းဆီးခံထားရ

    စာရေးဆရာကြီး ဦးတင်ညွန့် ဖမ်းဆီးခံထားရ

    နိုင်ငံရေး၊ သုတနှင့် ရသစာပေများ ရေးသားနေသူ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်ကို စစ်အုပ်စုက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

    “သူ့ကို ပြီးခဲ့တဲ့၂၃ ရက်နေ့ မနက် ၂ နာရီက သန်လျင်က သူ့အိမ်မှာ လာဖမ်းသွားတာ။ အမျိုးသမီးတစ်ယောက်က တစ်တော့အွန်လိုင်းမှာတင်ရောင်းတဲ့စာအုပ် ၃ အုပ်နဲ့ပတ်သက်ပြီး ဆရာတင်ညွန့်ကို လာဖမ်းသွားတာ” ဟု ဆရာတင်ညွန့်၏မိသားစုနှင့် နီးစပ်သူတစ်ဦးကအတည်ပြု ပြောသည်။

    ဆရာတင်ညွန့်ကို စစ်အုပ်စုက ဖမ်းဆီးထားမှုသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့မှာ ရေးသားထုတ်ဝေခဲ့သည့် ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တို့နှင့် အဓိကဆက်စပ်နေကြောင်း ဆရာတင်ညွန့်နှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောဆိုထားသည်။

    လူမှုကွန်ရက် Tiktok ၌ အမျိုးသမီးတစ်ဦးက ဆရာတင်ညွန့်၏ စာအုပ်များကို ပြီးခဲ့သည့် ရက်သတ္တပတ်က Liveလွှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ ယင်းအမျိုးသမီးအား Online Shopping လိုင်စင်မရှိဘဲ ဈေးရောင်းချမှုဖြင့် ဖမ်းဆီးထားသလို စာအုပ်ထုတ်ဝေခဲ့သူ ဆရာတင်ညွန့်၏ သားဖြစ်သူကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

    စစ်အုပ်စု၏ ဖမ်းဆီးမှုကို ခံထားရသည့် စာရေးဆရာ ဦးတင်ညွန့်သည် ကျောင်းဆရာဟောင်းတစ်ဦးလည်းဖြစ်ခဲ့ပြီး၊ ရိုးမပေါ်မှာကျတဲ့ မျက်ရည် ဝတ္ထုရှည်ဖြင့် လူသိများထင်ရှားပြီး နိင်ငံရေး၊ နည်းပညာ၊ရသနှင့် သုတစာပေတို့အပါအဝင် စာအုပ်အများအပြား ရေးခဲ့သလို လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပဒေသာဆုတို့ကိုလည်း ရရှိထားသူ ဖြစ်သည်။

  • BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်

    BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်

    အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦး တင်သွင်းသည့် BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်

    အမေရိကန်အထက်လွှတ်တော်အမတ် ၅ ဦး တင်သွင်းသည့် BRAVE Burma Act ဥပဒေ ကြမ်း တွင် အထက်လွှတ်တော်အမတ် Michael Bennet ပါ ပူးပေါင်းပါဝင်လာကြောင်း အထက်လွှတ်တော်အမတ် Michael Bennet က သတင်းထုတ်ပြန်ထားသည်။

    အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ကော်လိုရာဒိုပြည်နယ် အထက်လွှတ်တော်အမတ်လည်းဖြစ်သူ Michael Bennet က အခြားသော အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Chris Van Hollen၊ Todd Young၊ Mitch McConnell ၊ Jeff Merkley နှင့် Angela Alsobrooks တို့နှင့် ပူးပေါင်း၍ မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုများ အားကောင်းစေမည့် နှစ်ပါတီပူးပေါင်း ဥပဒေကြမ်းတစ်ခုကို တင်သွင်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

    အဆိုပါ ဥပဒေကြမ်းမှာ Bringing Real Accountability Via Enforcement in (BRAVE) Burma Act ဟု အမည်ပေးထားသည့် ဥပဒေကြမ်းဖြစ်ပြီး ၂၀၂၂ ခုနှစ်က အတည်ပြုခဲ့သော BURMA Act ကို ပိုမိုအားကောင်းအောင် အခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။

    ယင်းဥပဒေ၏ အဓိက ရည်ရွယ်ချက်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီနှင့် စီးပွားရေးကို ဖျက်ဆီးနေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသော စစ်ကောင်စီထံသို့ စီးဆင်းနေသည့် ရန်ပုံငွေလမ်းကြောင်းများကို ပိတ်ဆို့ရန်နှင့် ဒေသတွင်း၌ တရုတ်နှင့် ရုရှားတို့၏ လွှမ်းမိုးမှု မြင့်တက်လာခြင်းကို တုံ့ပြန်ရန် ဖြစ်သည်ဟု သိရှိရသည်။

    ယင်းဥပဒေကြမ်းတွင် ပါဝင်သည့် အဓိကအချက်များမှာ မြန်မာစစ်တပ်၏ မြန်မာ့စီးပွား ရေးဘဏ် (MEB) ကဲ့သို့သော စစ်ကောင်စီ၏ ငွေကြေးယန္တရားများနှင့် လေယာဉ်ဆီ ကဏ္ဍတွင် ပါဝင်နေသော အဖွဲ့အစည်းများအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် သမ္မတအား လုပ်ပိုင်ခွင့်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ စစ်ကောင်စီက ငွေကြေးချေးယူနိုင်စွမ်းကို အမေရိကန်၏ သြဇာအာဏာဖြင့် ကန့် သတ်ခြင်း တို့ပါဝင်သည်။

    ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပေါင်းစပ်ညှိနှိုင်းရန် သံအမတ်အဆင့်ရှိသော “မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်” တစ်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သီး သန့်ခန့်အပ်ရန် သတ်မှတ်ခြင်းလည်း ပါဝင်ကြောင်း သိရှိရသည်။

    အထက်လွှတ်တော်အမတ် Michael Bennet က “အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ဒီထက်မက ပိုပြီးလုပ်ဆောင်ရပါမယ်။ ဒီဥပဒေကြမ်းဟာ စစ်ကောင်စီက သူတို့ရဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေအတွက် သုံးစွဲနေတဲ့ အဓိကဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

    ထို့အတူ အမတ် Mitch McConnell ကလည်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲမှာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ပိုမိုနက်ရှိုင်းစေနိုင်ကြောင်း သတိပေးခဲ့ပြီး၊ အမတ် Todd Young ကလည်း မြန်မာလူမျိုး အများအပြားနေထိုင်သည့် အင်ဒီးယားနားပြည်နယ် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြောဆိုသည်။

    အဆိုပါဥပဒေကြမ်းကို Burma Research Institute နှင့် Campaign for a New Myanmar တို့က ထောက်ခံထားကြပြီး၊ အောက်လွှတ်တော်တွင်လည်း ပြီးခဲ့သည့် အစောပိုင်းကာလက တညီတညွတ်တည်း အတည်ပြုခဲ့ပြီး ဖြစ်သည်။

    အထက်လွှတ်တော် အမတ် Bennet က ပြီးခဲ့သည့် ကာလများကလည်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေးနှင့် မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးထားမှု အဆင့်အတန်း (TPS) ဆိုင်ရာ ကိစ္စရပ်များကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။

  • ဒါမျိုးတွေကို  ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဒါမျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဗီဒီယိုဖိုင်ကိစ္စမှ သံဃာတု၊ သီလရှင်တု ၄ ဦးအား လူဝတ်လဲ၍ ဥပဒေအရ အရေးယူဆောင်ရွက်နေ



    ‎အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော ပုသိမ်-ငွေဆောင်ကားလမ်းဘေး သရုပ်ပျက်ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၄ ဦးအား သက်ဆိုင်ရာမှဖမ်းဆီးကာ သာသနာရေးဆိုင်ရာဥပဒေများ၊ နယ်မြေခံဥပဒေများအရထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

    ‎ပုသိမ်-ငွေဆောင်ကားလမ်းပေါ်က ရုပ်သံဖိုင်နှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၆ ရက်) တွင် ရပ်ကျေးသံဃနာယကဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ငွေဆောင်မြို့၊ မဒေါ့ကုန်းအုပ်စုရှိ အောင်သစ္စာမဏ္ဏိုင်ကျောင်းတိုက်သို့သွားရောက်စစ်ဆေးကြောင်း ကနဦးသိရှိရပါ
    တယ်။

    ‎စစ်ဆေးမှုများအရ ဖြစ်စဉ်တွင်ပါဝင်သူများဖြစ်သည့် ဥူးခေမာဝံသ၊ ဥူးရေဝတ၊ နန္ဒမာလာ (သီလရှင်)၊ မမာလာဝံသ (သီလရှင်) ‎အဆိုပါ ၄ ဦးကို ဓမ္မဝါဒဖြစ်သော သာသနာတော်ကို ညှိုးနွမ်းစေသော အပြုအမူများလုပ်ဆောင်မှုများကြောင့် သိက္ခာချလူဝတ်လဲခြင်းများပြုလုပ်ခဲ့ပြီးနောက် ဥပဒေအရဆက်လက်အရေးယူနိုင်ရန် သလပ်ခွာနယ်မြေရဲစခန်းတွင် ခေတ္တထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း သိရပါတယ်။

    ‎တာဝန်ရှိသူများ၏စုံစမ်းစစ်ဆေးချက်အရ ၎င်းတို့နေထိုင်ရာနေရာသည် တရားဝင်သာသနာ့နယ်မြေမဟုတ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ပုသိမ်-ငွေဆောင်လမ်း ၁၆/၀ မိုင်ရှိ (၀.၂၄) ဧကခန့်၊ သလပ်ခွာသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၂၇)အတွင်းကျရောက်နေသည်။ ၂၀၀၁ ခုနှစ်ခန့်မှစတင်၍ တရားဝင်တင်ပြထားခြင်းမရှိဘဲ တောရကျောင်းသဏ္ဍာန်ဆောက်လုပ်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ သာသနာတော်ညှိုးနွမ်းစေတဲ့အပြင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်မှုတွေနဲ့ပါ ငြိစွန်းနေတဲ့အတွက် အခုလိုထိထိရောက်ရောက်အရေးယူရတာဖြစ်ပါတယ်” ဟု ဒေသခံများက ပြောပါတယ်။



    ‎ဖြစ်စဥ်နှင့်ပတ်သတ်၍ ဥူးခေမာဝံသ (ခ) ဦးတင်ထွန်းဦး၊ ဒေါ်အေးအေးခိုင်၊ ဥူးရေဝတ နှင့် ဒေါ်မြင့်မြင့်အေး တို့ ၄ ဦးအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးအတွက်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

  • မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    🌧 မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    ဧပြီလကုန်ကနေ မေလဆန်းအထိ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ ဆက်တိုက်ရှိလာတော့မှာ ဖြစ်ပါတယ်။

    မိုးမျှော်နေတဲ့သူတွေနဲ့ စိုက်ခင်းရေသွင်းရမယ့်သူတွေအတွက် ဝမ်းသာစရာသတင်းပဲဖြစ်ပါတယ်။

    📍 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း

    ကာလ: ဧပြီလ (၂၆) ရက်မှ မေလ (၉) ရက်နေ့အထိ။

    အခြေအနေ: နေ့စဉ်ရက်ဆက် မိုးရွာသွန်းပါမယ်။

    နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် မိုးတွင်းရောက်ပြီလို့တောင် ပြောလို့ရတဲ့ အခြေအနေပါ။

    ပြင်ဆင်ရန်: မိုးရေထိလို့မရတဲ့ လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။

    📍 တနင်္သာရီတိုင်းနှင့် အောက်ပိုင်းဒေသများ

    ဧပြီ (၂၈-၂၉): ကရသူရိနှင့် ခမောက်ကြီးဒေသတစ်ဝိုက် မိုးအနည်းငယ်ရွာပါမယ်။

    မေ (၁-၃): တနင်္သာရီတိုင်းတစ်တိုင်းလုံး မိုးရွာပါမယ်။

    အထူးသဖြင့် မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင် တို့မှာ နေရာကွက် မိုးများနိုင်ပါတယ်။

    📍 အခြားဒေသများ

    မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးရိုးမ အရှေ့ဘက်ခြမ်းဒေသတွေမှာလည်း မိုးရွာသွန်းဖို့ အလားအလာရှိပါတယ်။

    💡 စိုက်ပျိုးရေးသမားများအတွက်: မိုးရွာလာတဲ့အတွက် စိုက်ခင်းရေလောင်းဖို့ စက်သုံးဆီဖိုး သက်သာသွားမှာဖြစ်လို့ ဝမ်းသာစရာပါ။

    အချိန်နဲ့တပြေးညီ မိုးလေဝသခန့်မှန်းချက်တွေ သိရဖို့ စောင့်ကြည့်ပေးကြပါဦး။

    အားလုံးပဲ မိုးဘေးကင်းဝေးပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ကြပါစေ။ ❤️

  • နေပြည်တော်စစ်ရုံးနှင့် နီးကပ်သည့် စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ

    နေပြည်တော်စစ်ရုံးနှင့် နီးကပ်သည့် စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ

    ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုစစ်အုပ်စု၏ စစ်ရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်နယ်မြေအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်လာမှုနှင့် ပတ်သက်၍ တာဝန်ပျက်ကွက်ခဲ့သည့် စစ်အရာရှိအချို့ကို ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

    ခမရ ၄၁၃၊ ၄၁၄ တို့မှ အရာရှိများနှင့် ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒုစကခမှူး)တို့ကို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

    “စစ်ရုံးချုပ်တွေရှိတဲ့ ခြောက်လုံးတန်းနဲ့တောင် မိုင်အနည်းငယ်ပဲ ကွာတော့တဲ့နေရာမှာ တိုက်ခိုက်ခံရတာ ဆိုတော့ အရာရှိတွေကို ခေါ်စစ်နေတာ။ စကခ-၆ က တာဝန်ရှိတဲ့သူတွေကိုလည်း ခေါ်မေးနေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာသစ်ရှိ အင်အား ၄၀ ခန့်ရှိသော စစ်တပ်စခန်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရွေးတုစစ်အုပ်စုဘက်မှ ဗိုလ်မှူးထွန်းထွန်းလင်း အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

    အဆိုပါ တိုက်ပွဲအတွင်း စခန်းတာဝန်ခံ ဒုဗိုလ်မှူးကြီး သန်းညိမ်း အပါအဝင် ကျန်ရှိသည့် တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သဖြင့် MA သေနတ် လေး လက်နှင့် ခဲယမ်းများကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။

    တိုက်ခိုက်ခံရသည့် စစ်စခန်းသည် ရွေးတုအစိုးရ၏ စစ်ရုံးစိုက်ရာ နေရာများနှင့် ၁၀ မိုင်မှ ၁၅ မိုင်ခန့်သာ ကွာဝေးသည့်အတွက် ယခုအခါ နေပြည်တော်အတွင်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး စစ်ဆေးရေး တင်းကြပ်ထားကြောင်း သိရသည်။