Category: News

  • အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    မောင်တော နခခ ၅ မှ ထွက်ပြေးနေသော အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးစားစဉ် စစ်တပ်၏မိုင်းကို ပြန်နင်းမိ၍ သွေးထွက်လွန်ကာ သေဆုံးခဲ့

    ရခိုင်ပြည်၊ မောင်တောမြို့နယ် အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅) မှ ထွက်ပြေးနေသော အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံး၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ မောင်တောမြိုနယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်တပ်နှင့် အဆက်အသွယ်ရှိနေသော မွတ်စလင်များ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးစားစဉ် မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

    AA က ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မောင်တောမြို့တွင် တစ်ခုတည်းကျန်ရှိနေခဲ့သော နခခ ၅ စခန်းကြီးကို အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတွင် အဆိုပါစခန်းမှ လက်နက်ချအညံ့မခံဘဲ ကစဉ့်ကလျား ထွက်ပြေးနေကြသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲဝင်များတွင် ဗိုလ်မှူးကြီး အောင်နေမျိုးပါဝင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ဘူးသီးတောင်မြို၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    ဗိုလ်မှူးကြီး အောင်နေမျိုးသည် စစ်တပ်ဘက်တော်သား မွတ်စလင်များ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက် ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေ စောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို ရှာဖွေမှုများအောက်တွင် လွတ်မြောက်ရန် အခွင့် အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်မှူးကြီး အောင်နေမျိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အခြေစိုက် အမှတ် ၂၂ ခြေမြန်တပ်မ ဌာနချုပ်၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် မောင်တောမြို့သို့ တာဝန် ချထားခြင်းခံရသူဖြစ်ကြောင်း၊ သေဆုံးချိန်တွင် အသက် ၅၀ ကျော်န်းကျင်ရှိပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်မတော်ဆိုင်ရာ စွမ်းဆောင်ရည် ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော စစ်မှု ထမ်း ကောင်းတံဆိပ်ကို ချီးမြှင့်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

  • နပခ တိုင်းစစ်ရုံးအတွင်း နေရာအချို့သာကျန်ရှိတော့ AA အသိပေး (ရုပ်သံ)

    ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား တိုက်ခိုက်သိမ်းပိုက်နေရာ တိုင်းစစ်ရုံးအတွင်း အနည်းငယ်သောနေရာအချို့သာ ကျန်ရှိတော့သည်ဟု အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်သည်။

    ထို့အပြင် တိုင်းစစ်ရုံးအတွင်း၌ အင်အားရာချီခန့်ရှိသေးသော ရန်သူများမှာလည်း ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်ဟု AAက ဆိုသည်။

    ထို့အပြင် စစ်ကောင်စီက ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေ၍ ၎င်းတို့တပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟုလည်း အသိပေးထားသည်။

    လေကြောင်းမှလည်း မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသောကြောင့် နပခ ၌ မြေပြင်တိုက်ပွဲထက် ရန်သူ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေရခြင်းဟု ဆိုသည်။

    ထို့အပြင် ဒီဇင်ဘာ ၁၈ ရက်တွင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဟု ထပ်မံ အသိပေးထားသည်။

    ဂွမြို့တွင်းတိုက်ပွဲမှာလည်း ယခင်ရက်များနည်းတူ ဆက်လက်ပြင်းထန်နေပြီး ယနေ့တွင် ဂွမြို့တွင်းတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိသည်ဟု AAက ဆိုသည်။

    ထို့အပြင် မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)မှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်၏ တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် ကနဦး ထုတ်ပြန်ထားသည်။

    မောင်တောမြို့၌ တခုတည်းကျန်နေသည့် နခခ(၅)ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ရက်တွင် အပြီးသိမ်းနိုင်ခဲ့ရာ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) မှ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးအပါအဝင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းစဉ် ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ရက်တွင် အသေမိခဲ့သည်ဟု ဆိုသည်။

  • နမ့်ခမ်းမြို့တွင်းကို TNLA မြို့နယ်ရဲတပ်ဖွဲ့ကလုံခြုံရေးကင်းလှည့် စစ်ဆေး

    နမ့်ခမ်းမြို့တွင်းကို TNLA မြို့နယ်ရဲတပ်ဖွဲ့ကလုံခြုံရေးကင်းလှည့် စစ်ဆေး

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခန်းမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAရဲ့ နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့က မြို့အတွင်း ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေတဲ့ ပုံရိပ်တွေကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ဓာတ်ပုံ-PSLF/TNLA

  • အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်

    အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်

    လွိုင်ကော်တွင် စစ်တပ်က တပ်သားသစ် အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်

    ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် ရှေ့တန်းနေရာ တစ်ခုတွင် ရောက်ရှိနေသည့် အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တပ်သား ၄ ဦးသည် MA 1 အမျိုးအစား သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်ကာ ထွက်ပြေးလာပြီး KNDF တပ်ရင်းတပ်ဖွဲ့များထံ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် လူတစ်စု ကောင်း စားရေး အတွက် ပေးဆပ်လုပ်ကိုင်နေသောဘဝနှင့် ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ကြဘဲ လွတ်လပ်မျှတသော စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရန် ပြည်သူသို့မျက်နှာမှု၍ ယုံကြည်စွာဖြင့် ဘက်ပြောင်းခိုလှုံကြရန် KNDF ဗဟိုက တိုက်တွန်းထားသည်။

  • ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

    ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

    ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးပြီး သေနတ် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုများ ဘက်မှ Drone ၂ စီး ဆုံးရှုံးခဲ့ပြီး ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲ ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရသူများကို ကား ၃ စီးဖြင့် ကျွန်းလှမြို့မှတဆင့် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ထိတွေ့ တိုက်ပွဲသည် တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အကျအဆုံးများသောကြောင့် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်နှင့် ၁၂ မိနစ်တို့တွင် တံတားဦးမှ တက်လာသည့် Jet Fighter ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး အလောင်းများကို ကန့်ဘလူ သုဿာန်တွင် ယနေ့ မွန်းလွဲပိုင်း၌ မီးသင်္ဂြုဟ် ခဲ့ကြောင်း၊ မီးသင်္ဂြိုဟ်သည့် အချိန်၌ သုဿာန်အနီး ပြည်သူများပင် ဖြတ်သန်းခွင့်မရှိဟု သိရကြောင်း၊ သုဿာန်အနီးတွင်လည်း အကြမ်းဖက် စစ်တပ်က ဘန်ကာဆောက်၍ ဂိတ်ချထားကြောင်း သိရသည်။

    ထိုတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် နတ်ပေးရွာမှ ပျူစောထီး ၁ ဦး ၊ သင်မန်းတောရွာမှ ငဖြိုးနှင့် ရာကျော်ဝင်းအပြင် အလောင်းပြန်မရသည့် ပိုင်ရှင်မဲ့ အထုပ် ၅ ထုပ်လဲ ရွာပြန်ရောက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။