Category: News

  • ၉ နှစ်အရွယ် မိန်းကလေးတွေကိုလည်း လက်ထပ်လို့ရကြောင်း ပြောကြားခဲ့တဲ့ ဘာသာရေးဆရာကို နိုင်ငံထဲကနေ ချက်ချင်း နှင်ထုတ်

    ၉ နှစ်အရွယ် မိန်းကလေးတွေကိုလည်း လက်ထပ်လို့ရကြောင်း ပြောကြားခဲ့တဲ့ ဘာသာရေးဆရာကို နိုင်ငံထဲကနေ ချက်ချင်း နှင်ထုတ်

    အစ္စလာမ်ဘာသာရေးအရ ၉ နှစ်အရွယ် မိန်းကလေးတွေကိုလည်း လက်ထပ်လို့ရကြောင်း ပြောကြားခဲ့တဲ့ ဘာသာရေးဆရာကို နိုင်ငံထဲကနေ ချက်ချင်း နှင်ထုတ်ပစ်ခဲ့တဲ့ အီတလီအစိုးရ

    အီတလီနိုင်ငံမှာ နေထိုင်နေတဲ့ ပါကစ္စတန်နွယ်ဖွား အစ္စလာမ်ဘာသာရေးဆရာ (Imam) တစ်ဦးဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ “အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တွေကို လက်ထပ်တာဟာ ပြဿနာမရှိဘူး” လို့ လူသိရှင်ကြား ကာကွယ်ပြောဆိုခဲ့တာကြောင့် အီတလီအစိုးရက ချက်ချင်းဆိုသလို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

    **ဘာတွေဖြစ်ခဲ့တာလဲ?**

    အသက် ၃၅ နှစ်အရွယ် **Ali Kashif** ဟာ အီတလီနိုင်ငံ၊ Brescia မြို့မှာ နေထိုင်နေသူဖြစ်ပြီး *Rete 4* ရုပ်သံလိုင်းရဲ့ *Fuori dal Coro* ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

    အဲဒီအစီအစဉ်မှာ သူက “အပျိုဖော်ဝင်ပြီဆိုရင် အသက် ၉ နှစ်၊ ၁၀ နှစ် အရွယ်ကလေးတွေကို လက်ထပ်ပေးလို့ရတယ်” လို့ ပြောကြားခဲ့ရုံတင်မကဘဲ အီတလီဥပဒေထက် ဘာသာရေးဥပဒေက ပိုအရေးကြီးကြောင်း သွယ်ဝိုက်ပြောဆိုခဲ့တာကြောင့် လူမှုကွန်ရက်နဲ့ နိုင်ငံရေးလောကမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။

    **ပြတ်သားတဲ့ အီတလီအစိုးရ**

    ဒီသတင်းဟာ ဝန်ကြီးချုပ် **Giorgia Meloni** ရဲ့ အစိုးရဆီ ရောက်သွားပြီးနောက်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက ချက်ချင်းအရေးယူခဲ့ပါတယ်။

    ၁။ **လုံခြုံရေးအရ ခြိမ်းခြောက်မှု:** သူ့ရဲ့စကားတွေဟာ အီတလီနိုင်ငံရဲ့ လူမှုတန်ဖိုးတွေနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး အစွန်းရောက်ဝါဒကို အားပေးရာရောက်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

    ၂။ **၂၄ နာရီအတွင်း နှင်ထုတ်ခြင်း:** သူ့ကို ဖမ်းဆီးပြီးနောက် မီလန်မြို့က Malpensa လေဆိပ်ကနေတစ်ဆင့် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ကို တိုက်ရိုက်ပြန်ပို့လိုက်ပါတယ်။

    **နိုင်ငံတကာတုံ့ပြန်မှု**

    အီတလီ ဒုတိယဝန်ကြီးချုပ် Matteo Salvini ကလည်း “အီတလီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဥပဒေကို မလေးစားဘဲ ကလေးသူငယ်တွေကို အကာအကွယ်ပေးရမယ့်အစား အခုလို ပြောဆိုသူတွေကို ကျွန်တော်တို့နိုင်ငံမှာ နေရာမရှိစေရဘူး” လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။

    ဒီဖြစ်ရပ်ဟာ ဥရောပနိုင်ငံတွေမှာ အခြေချနေထိုင်သူတွေအနေနဲ့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေကို လိုက်နာဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သတိပေးလိုက်တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

    “ဥပဒေနဲ့ ဘာသာရေးအယူအဆ ပဋိပက္ခဖြစ်လာရင် အခုလို ပြတ်ပြတ်သားသား အရေးယူတဲ့အပေါ် ပရိသတ်ကြီးကရော ဘယ်လိုမြင်ကြလဲ?”

  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲ

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲ

    ကဆုန်လပြည့်နေ့ အထူးသတင်း-

    ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊

    ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊

    လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊

    နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့်

    ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့်

    ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲ

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အကြမ်းဖက်စစ်တပ်က ယနေ့ညပိုင်း သတင်းထုတ်ပြန်သွားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာသွားသည်။

    ယင်းသို့ ကြေညာရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ထုတ်ပြန်ခဲ့သော်လည်း ယင်းဓာတ်ပုံမှာ ယခုပုံလား၊ မည်သည့်အချိန်တွင် ရိုက်ထားသော ဓာတ်ပုံဖြစ်သည်ကို ဖော်ပြထားခြင်းမရှိပေ။

    အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားသော ပုဒ်မများဖြင့် ဖမ်းဆီးထောင်ချထားခြင်းဖြစ်သည်။

  • အသက် ၅၀ အောက် အရွယ်များတွင် ကင်ဆာ ၁၁ မျိုး ဖြစ်ပွားမှု မြင့်တက်လာပြီး အကြောင်းရင်းကို ရှင်းပြနိုင်ပြီဟု သိပ္ပံပညာရှင်များ ဆို

    အသက် ၅၀ အောက် အရွယ်များတွင် ကင်ဆာ ၁၁ မျိုး ဖြစ်ပွားမှု မြင့်တက်လာပြီး အကြောင်းရင်းကို ရှင်းပြနိုင်ပြီဟု သိပ္ပံပညာရှင်များ ဆို

    သိပ္ပံပညာရှင်များသည် နှစ်များချီကြာ သုတေသနလေ့လာမှု ပြုလုပ်ပြီးနောက် လူငယ်များတွင် ကင်ဆာအမျိုးအစား ၁၁ ခု ဖြစ်ပွားမှု ဘာကြောင့် တိုးပွားလာနေရသလဲဆိုသည့် ပထမဆုံးသော သဲလွန်စကို တွေ့ရှိခဲ့ကြဖွယ်ရှိသည်။

    လူနှစ်ဦးတွင် တဦးနှုန်းသည် ဘဝသက်တမ်းအတွင်း ကင်ဆာရောဂါတခုခု ဖြစ်လာနိုင်ခြေရှိသဖြင့် ရောဂါနှင့်ပတ်သက်သော သုတေသနပြုမှုများက ယခင်ကထက် ပိုပြီး အရေးကြီးလာခဲ့သည်။

    အမေရိကန်တွင် နှစ်စဉ် ကင်ဆာရောဂါလူနာသစ် နှစ်သန်းခန့် ရှာဖွေဖော်ထုတ်တွေ့ရှိရပြီး ယင်းသည် နှလုံးရောဂါပြီးလျှင် သေဆုံးမှု အများဆုံး ဒုတိယမြောက် အကြောင်းရင်း ဖြစ်သည်။

    ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်း၊ ဆေးလိပ်သောက်မှု လျော့ကျလာခြင်းနှင့် ကုသမှုများ တိုးတက်လာခြင်းတို့ကြောင့် ၁၉၉၀ ပြည့်နှစ်များအစောပိုင်းနောက်ပိုင်း ကင်ဆာကြောင့် သေဆုံးမှုနှုန်း အလုံးစုံ ကျဆင်းလာခဲ့သော်ငြား အဘယ်ကြောင့် အချို့သော ကင်ဆာအမျိုးအစားများက လူငယ်များတွင် တိုးပွားလာနေသလဲဆိုသည်ကို သိပ္ပံပညာရှင်များ ဆက်လက် အံ့သြတွေဝေလျက် ရှိနေကြဆဲ ဖြစ်သည်။

    သို့သော် ယင်းမှာ ဘာကြောင့် ဖြစ်ပွားနေရသလဲဆိုသည့် ပထမဆုံး သဲလွန်စကို ပေးစွမ်းနိုင်မည့် လေ့လာမှုအသစ်တခု၏ တွေ့ရှိချက်များကို ကင်ဆာ သုတေသန အင်စတီကျု(Institute of Cancer Research) နှင့် Imperial College London မှ သုတေသနပညာရှင်များက ထုတ်ဖော်ခဲ့သည်။

    အသက် ၂၀ ၊ ၃၀ နှင့် ၄၀ အရွယ်များတွင် ဖြစ်ပွားမှု တိုးလာနေသော ကင်ဆာ ၁၁ မျိုးကို ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြပြီး ယင်းတို့တွင် သိုင်းရွိုက်၊ ရိုးတွင်းခြင်ဆီသွေးကင်ဆာ၊ အသည်း၊ ကျောက်ကပ်၊ သည်းခြေအိတ်၊ အူမကြီးနှင့် စအို (အူလမ်းကြောင်း)၊ ပန်ကရိယ၊ သားအိမ်အတွင်းပိုင်း (သားအိမ်အမြှေးပါး)၊ ပါးစပ်၊ ရင်သားနှင့် သားဥအိမ် ကင်ဆာများ ပါဝင်သည်။

    Breast cancer

    Bowel (Colorectal) cancer

    Pancreatic cancer

    Kidney cancer

    Ovarian cancer

    Melanoma (skin cancer)

    Thyroid cancer

    Multiple Myeloma (blood cancer)

    Liver cancer

    Gallbladder cancer

    Womb (Endometrial) cancer

    စုစုပေါင်းအားဖြင့် ယင်းတွေ့ရှိချက်များက ကင်ဆာဖြစ်ပွားမှု လားရာလမ်းကြောင်း၌ ကျယ်ပြန့်သော ပြောင်းလဲမှုတရပ်ကို ညွှန်ပြနေပြီး ရောဂါရှာဖွေတွေ့ရှိမှုများအရ ယခင်ကထက် ပိုမိုငယ်ရွယ်သော အသက်အရွယ်များတွင် ပိုမိုသက်ရောက်ထိခိုက်လာသည်ကို ပြသနေသည်။

    ထို့ပြင် လေ့လာမှုအရ အဝလွန်ခြင်းသည် အဓိက အခန်းကဏ္ဍတခုမှ ပါဝင်နိုင်ဖွယ်ရာ ရှိသည်ဟု သိရသည်။

    အခြားလူသိများသော အန္တရာယ်ဖြစ်စေသည့် အကြောင်းတရားများဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်သုံးခြင်းနှင့် လှုပ်ရှားမှု မရှိခြင်းတို့မှာ ပုံမှန်အတိုင်း ဆက်ရှိနေ သို့မဟုတ် လျော့ကျသွားခဲ့သော်လည်း အဝလွန်ခြင်းမှာ လူငယ်လူရွယ်များတွင် တိုးပွားလာနေသော တခုတည်းသော သိရှိထားသည့် အမူအကျင့်ဆိုင်ရာ အန္တရာယ်အကြောင်းအချက် ဖြစ်သည်။

    ယခု အဆန်းသစ်ဆုံး လေ့လာမှု၏ ရလဒ်များအရ ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းအားဖြင့် အူမကြီးကင်ဆာ ဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းခန့်၊ သားအိမ်အမြှေးပါးကင်ဆာ၏ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်ကပ်ကင်ဆာ၏ ၂၇ ရာခိုင်နှုန်းကို ကာကွယ်နိုင်ကြောင်း ဖော်ပြထားသည်။

    “မိမိတို့အနေနဲ့ တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အချိန်ဆိုင်းမနေနိုင်တော့ပါ” ဟု Institute of Cancer Research မှ ပါမောက္ခ မွန်ဆာရတ် ဂါစီယာ ကလိုဆက် က ပြောသည်။

    ခိုင်မာအားကောင်းသော ပြည်သူ့ကျန်းမာရေး မူဝါဒများနှင့် ထိရောက်သော ကြားဝင်ကုသမှုများကို ပိုမိုကျယ်ပြန့်စွာ ရယူခြင်းဖြင့်၊ အထူးသဖြင့် ကလေးများနှင့် လူငယ်များအပါအဝင် အသက်အရွယ်မရွေး အဝလွန်ခြင်းပြဿနာအပေါ် ကိုင်တွယ်ဖြေရှင်းခြင်းက ကင်ဆာဖြစ်ပွားမှု မြင့်တက်လာခြင်းကို နှေးကွေးစေနိုင်သလို ကင်ဆာရောဂါများစွာကို ကာကွယ်ပေးနိုင်မည်ဖြစ်ရာ ယင်းမှာအမျိုးသားဆိုင်ရာ ဦးစားပေးကိစ္စတခု ဖြစ်ရလိမ့်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “ဒါက အူမကြီးနဲ့ တခြားကင်ဆာရောဂါတွေ မြင့်တက်လာတဲ့ အတိုင်းအတာ ပမာဏကို အပြည့်အဝ ရှင်းပြနိုင်မှာ မဟုတ်ပေမယ့် ဒီပုံစံတွေကို နားလည်သဘောပေါက်တာက ယနေ့ကာလ လက်ရှိမျိုးဆက်တွေမှာ ကင်ဆာဖြစ်နိုင်ခြေကို အမှန်တကယ် အကြောင်းခံ တွန်းအားပေးနေတဲ့အရာကို ဖော်ထုတ်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

  • လူမှုကွန်ရက်သုံးသည်ကို သဝန်တိုရာမှ ရန်ဖြစ်ကြပြီး မြန်မာလင်မယား သေဆုံး

    လူမှုကွန်ရက်သုံးသည်ကို သဝန်တိုရာမှ ရန်ဖြစ်ကြပြီး မြန်မာလင်မယား သေဆုံး

    ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး လူမှုကွန်ရက်အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားရာမှ အပြန်အလှန် ဓားဖြင့်ထိုးခုတ်ကြသဖြင့် နှစ်ဦးစလုံး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့သည်။

    ဧပြီလ ၃၀ ရက်၊ မွန်းလွဲပိုင်းတွင် ဖုတ်ဖရမြို့နယ်၊ ချောင်ခဲပ်ကျေးရွာရှိ နေအိမ်တစ်လုံး၏ မီးဖိုဆောင်အတွင်း ရုပ်အလောင်းနှစ်ခု တွေ့ရှိရကြောင်း သတင်းအရ ဖုတ်ဖရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အနုဆွန် ဒန်ကောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

    အခင်းဖြစ်နေရာတွင် အသက် ၃၁ နှစ်အရွယ် မနုနုဝေမှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေပြီး၊ ၎င်း၏အနီးတွင် ခင်ပွန်းဖြစ်သူ အသက် ၄၁ နှစ်အရွယ် ကိုဇော်လေးမှာလည်း ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ ၇ ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ထိုင်းသတင်းဌာန North Now ကဖော်ပြသည်။

    ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအနီးတွင် သွေးစွန်းနေသည့် ဓားမတစ်စင်းကို သိမ်းဆည်းရမိသော်လည်း ထိုးသွင်းဒဏ်ရာရစေသည့် ဦးချွန်ဓားကိုမူ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

    သေဆုံးသူနှစ်ဦးစလုံးမှာ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်း၌ လုပ်ကိုင်နေသူများဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ ဇနီးဖြစ်သူ၏ လူမှုကွန်ရက်သုံးစွဲမှုအပေါ် အမြဲတစေ သဝန်တိုလေ့ရှိကြောင်း သိရသည်။

    ဇနီးဖြစ်သူမှာ Facebook ပေါ်တွင် Follower များပြားသူဖြစ်သဖြင့် ခင်ပွန်းဖြစ်သူက လူမှုကွန်ရက်သုံးစွဲမှု ရပ်တန့်ရန်နှင့် ပို့စ် (Post) များ ဖျက်ပစ်ရန် အကြိမ်ကြိမ် တားမြစ်ရာမှ ယနေ့နံနက်ပိုင်းတွင် အခြေအတင်ဖြစ်ကာ ယခုကဲ့သို့ အပြန်အလှန် သတ်ဖြတ်သည့်အဆင့်အထိ ရောက်ရှိသွားခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့၏ ကနဦးသုံးသပ်ချက်အရ ဇနီးဖြစ်သူက ခုခံသည့်အနေဖြင့် ခင်ပွန်းအား ဦးစွာဓားဖြင့်ထိုးခဲ့ပြီး အိမ်ပြင်သို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် ခင်ပွန်းဖြစ်သူက ဓားမဖြင့် ပြန်လည်ခုတ်ခဲ့ခြင်းကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့ရခြင်းဖြစ်နိုင်ကြောင်း ယူဆထားသည်။

    လက်ရှိတွင် ရုပ်အလောင်းများကို ဖုတ်ဖရဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေပြီး အမှုမှန်ပေါ်ပေါက်စေရန်အတွက် ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

    တစ်တော့ဆော့တာ မကြိုက်လို့ မဆော့တော့ နဲ့လို့ပြောရာမှ မြန်မာလင်မယား အချင်းချင်း ခုတ်သ-တ်ကြတာ၂ယောက်လုံး ဆုံးသွားပါတယ်။

    မြို့နေရာက ကျဝပ်တာက့်- ဖုတ်ဖတ်မြို့၊ ကျောက်ခတ်ရွာမှာ 30ရက်နေ့၊ မနက် 11နာရီက ဖြစ်သွားတာပါ၊

    ကျောက်ခတ်ရွာမှာ နေထိုင်ကြတဲ့ ဇော်လေး အသက် 41နဲ့ နုနုဝေ 31နှစ် တို့ဟာ ၊မြန်မာဘက်ကနေ ပြောင်းလာ အလုပ်လာလုပ်ကြတာ။

    နုနုဝေက ချောမောတော့ ဇော်လေးဟာ သူ့မိန်းမဖြစ်သူ အသစ်တွေ့မှာကို စိုးရိမ်နေခဲ့ပါတယ်။

    နုနုဝေဟာ တစ်တော့ဝါသနာအိုးဖြစ်ပြီး ဆော့နေတော့ ဇော်လေးက မဆော့နဲ့ မကြိုက်ဘူးလို့ ပြောနေရတာ ခနခနပဲလို့ သိရပါတယ်ရှင့်။

    နုနုဝေ တစ်တော့ဆော့တဲ့ ကိစ္စနဲ့ ဇော်လေးတို့ လင်မယားက အမြဲရန်ဖြစ် စကားများလေ့ ရှိကြတယ်လို့ အိမ်နီးချင်းတွေက ပြောပြကြတယ်။

    ဇော်လေးဘယ်လို ပြောပြော အဆော့မပျက်တဲ့ နုနုဝေဟာ၊ ဒီနေ့ 30 ရက်နေ့ မနက် 11 နာရီက ဇော်လေးက နင်မဆော့တော့နဲ့၊

    ခုချက်ခြင်းဖျက်ပစ်လိုက်လို့၊ မိန်းမဖြစ်သူကို သဝန်ပီး ပြောရာမှ၊ဇော်လေးနဲ့ နုနုဝေတို့ စကားများကြတယ်။

    အဲတော့ ပြောမရတဲ့ မိန်းမကို ဇော်လေးက ဓားမကြီးနဲ့ လည်ပင်းကို ခုတ်လိုက်ပါတော့တယ်ရှင့်။

    နုနုဝေကလဲ အိပ်ဆောင် ဓားအသေးနဲ့ ဇော်လေးရဲ့ နှလုံးသားတည့်တည့်ကို ၇ ချက်တိတိ ထိုးသတ်ခဲ့ပါတယ်။

    နောက်ဆုံး လင်မယား ၂ ယောက်လုံး နေထိုင်ရာ အိမ်မှာ ဆုံးသွားခဲ့ပါတယ်ရှင့်။

    ရဲသုံးသပ်ချက်ကတော့ ပြဿနာအားလုံးဟာ သဝန်တိုခြင်းက စခဲ့တာလို့ ပြောပြခဲ့ပါတယ်။

    ဓါတ်ပုံ – North Now

  • ဖားကန့်မှာ သတ်ဖြတ်ခံထားတဲ့  ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ဖားကန့်မှာ သတ်ဖြတ်ခံထားတဲ့ ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့ ဒေသခံပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လုံးခင်းကျေးရွာက ဆေးရုံကုန်းအနီးမှာ ပစ်ထားတဲ့အလောင်းတွေရဲ့အနံ့တွေ ဆိုးဝါးလာတဲ့အတွက် ဒေသခံတွေကနေ အကူအညီတောင်းပြီး ကောက်ခဲ့ကြတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    “လမ်းသွားလမ်းလာလုပ်တဲ့ ပြည်သူတွေကို ပစ်သတ်ထားတာ ဟုတ်တယ်။ အခုတလော အဲ့ဒီတဝိုက်မှာ အလောင်းတွေအရမ်းနံလာလို့ ဒေသခံတွေ ရပ်မိရပ်ဖတွေ သေချာသွားပြောပြီး သွားကောက်ခဲ့တာပေါ့။”လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။

    အသတ်ခံထားရတဲ့ အလောင်း ၄ လောင်းအထဲ အမျိုးသမီးအလောင်း တစ်လောင်းပါဝင်နေပြီး အဲဒီအမျိုးသမီးရဲ့ အင်္ဂါကိုလည်း ရက်ရက်စက်စက် ဖျက်ဆီးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

    လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲနေတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက သတ်ဖြတ်ပြီးအလောင်းတွေကို ပစ်ထားတာဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

    အသတ်ခံရတဲ့ဒေသခံပြည်သူ ၄ ဦးဟာ ဘယ်အချိန်မှာ ဘာကြောင့်အသတ်ခံရတယ်ဆိုတာကို သေချာမသိရသေးဘူးလို့လည်း နောက်ထပ်ဖားကန့်ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

    စစ်ကော်မရှင်စစ်ကြောင်း လုံးခင်းကျေးရွာဘက် ဝင်ရောက်လာတဲ့အချိန်ကစပြီး အသတ်ခံထားရတဲ့ ဒေသခံပြည်သူ ၅ ဦးထက်မနည်းရှိနေပြီး လုံးခင်းကျေးရွာက နေရာတချို့တွေမှာ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ နေရာယူတပ်စွဲထားကြတာ ဖြစ်ပါတယ်။

    ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ရဲ့ လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်မှုတွေ ရှိနေသလို ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တစ်ကြောင်းပြီးတစ်ကြောင်း တက်လာကြတာ ဖြစ်ပါတယ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းဆေးရုံဟောင်း၌ တပ်စွဲထားသော စစ်တပ်က အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး နှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဆေးရုံဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ခရီးသွား ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို စွန့်ပစ်ထားသည်ကိုတွေ့ရှိခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဧပြီလ ၂၇ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ လုံးခင်းဆေးရုံဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ခရီးသွားပြည်သူ ၄ ဦးကို ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ဆေးရုံဘေးလမ်းကြား တနေရာတွင် စွန့်ပစ်ထားခဲ့ကြောင်း၊ ထိုရုပ်အလောင်းများကို ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ပြည်သူများက ဝိုင်းဝန်း သင်္ဂြိုလ်ပေးလိုက်ကြောင်းသိရသည်။

    “ဘယ်သူတွေ၊ ဘယ်ဝါတွေဆိုတာ အတိအကျ မသိရသေးဘူး။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ ဦး ကျန်တဲ့အခြေအနေအသေးစိတ်တော့ ဂဃဂန မသိရသေးဘူး။ လုံးခင်းဆေးရုံကုန်းနားမှာ၊ အနံတအား ထွက်တော့ ပတ်ဝန်းကျင်ကနေ ရပ်မိရပ်ဖတွေနဲ့ ဝိုင်းပြီး သွားပြောတော့မှ အဲဒီအလောင်းတွေ ကို ကောက်လို့ရတာ အဲဒါမှ အလောင်းတွေကို သင်္ဂြိုလ်ကိစ္စတွေဆောင်ရွက်ရတယ်။ အသတ်ခံရတာ တော့ သုံးလေး ရက်လောက်တော့ရှိလောက်ပြီ။ အနံကလည်းထွက်နေတော့ သွားလည်း မကောက်ရဲတဲ့ အတွက် လူကြီးတွေနဲ့ ဝိုင်းဝန်းပြောဆိုပြီးမှ ကောက်ရတဲ့အနေအထားလို့ သိရတယ်။ ဘယ်နေ့က တည်းက သတ်ရလည်းတော့ မသိရဘူး။ အနည်းဆုံးတော့ သုံးလေးရက်ရှိမယ်” ဟု ဖားကန့်သတင်း ရင်းမြစ်က ပြောကြားသည်။

    ဧပြီလ ၂၅ ရက်နေ့မှစ၍ အဆိုပါ လုံးခင်းဆေးရုံဟောင်းနှင့် ဂေါက်ကွင်းနေရာတို့၌ အကြမ်းဖက်စစ် တပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းကာ တပ်စွဲထားခြင်းဖြစ်ပြီး ခရီးသွားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မတရားဆက်ကြေးကောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

    ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းထဲမှ ကင်းပုန်းချထားသော စစ် သားများက အသက် ၄၀ ကျော်အရွယ် ဆိုင်ကယ်ဖြင့် ခရီးသွားနေသူ အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ မှော်စီဆာရွာ အနီးတဝိုက်တွင် အ ကြမ်း ဖက် စစ်တပ်က ပစ်သတ်ထားသော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကို ဒေသပြည်သူများက တွေ့ရှိခဲ့ပြီး သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။