Category: News
-

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် ပြုကျင့်
Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ညက အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းဆရာမ ဇနီးမောင်နှံ ၂ ဦး အိပ်နေချိန် နေအိမ်ကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦး ရောက်လာကာ အမျိုးသမီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူ ကျောင်းဆရာမကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်နေချိန်မှာ ယောက်ျားဖြစ်သူက ထွက်ပြေးပြီး အင်းတော်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုမှ စစ်ကြောင်းမှူး ဗိုလ်ကြီးအောင်ကိုဝင်းရဲ့…
-

ကိုဝင်း (တကိုယ်တော် တရားမျှတမှု ရှာဖွေသူလား၊ သစ္စာဖောက်လား)
မနေ့က ကစားခဲ့တဲ့ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ရတနာပုံအသင်းနဲ့ မြဝတီအသင်းတို့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဂိုးပေါက်တည့်အောင် ကန်မသွင်းဘဲ ဘေးကန်ထုတ်ခဲ့တဲ့ ရတနာပုံအသင်း ကစားသမား ဝင်းသိင်္ဂီထွန်း (ခေါ်) ကိုဝင်းရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေရဲ့ အမြင် အမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ တချို့က ကိုဝင်း ပြောသလို မတရားတဲ့ ပင်နယ်တီကြောင့် တဖက်အသင်းသားတွေ ဆန္ဒပြမှာ စိုးရိမ်တာကြောင့် အခုလို လုပ်ရတာ မှန်တယ်လို့ ယူဆကြသလိုပဲ တချို့ကတော့ ကိုဝင်းကို ပရိုကစားသမား မပီသဘူးလို့ ပြောနေကြပါတယ်။ ရတနာပုံအသင်းကတော့ စာထုတ်ပြီး ကိုဝင်းအပေါ် အပြစ်မတင်ဘဲ ကာကွယ်ပေးသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကိုဝင်းဟာ လိဂ်တာဝန်ရှိသူ မဟုတ်သလို စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်လည်း မဟုတ်ပါဘူး။ မြန်မာအမျိုးသမီးအသင်းရဲ့ ခေါင်းကိုင်မိခင်ကြီး မဟုတ်သလို…
-

ကညန မှာပါ စုံ/မစနစ် စပြီ
မ နံပတ်ကားများကို မ ရက်တွင်သာ သက်တမ်းတိုးဆောင်ရွက် ပေးမည်ဟု ကညန ထုတ်ပြန် မော်တော်ယာဉ်သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုံ၊မ အက္ခရာအတိုင်း စုံရက်၊ မ ရက်ခွဲကာဆောင်ရွက်ပးသွားမည်ဟု ကညန မှ ထုတ်ပြန်သည်။ စုံ နံပါတ်ကားကို စုံ ရက်မှာသာ သက်တမ်းတိုးပေးမည်ဖြစ်ပြီး မ နံပါတ်ကားများကို မ ရက်များတွင်သာ သက်တမ်းတိုးလုပ်ငန်း ဆောင် ရွက်ပေးသွားမည်ဟု ကညန ဆိုသည်။ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်မှ ချမှတ်လမ်းညွှန်းထားသည့် စက်က်သုံးဆီခြွေတာခြင်း အစီအစဉ်တွင် ပူးပေါင်းလိုက်နာ ဆောင် ရွက်သည့် အနေဖြင့် ယခုကဲ့သို့ဆောက်ရွက်ရခြင်းဖြစ်သည်ဟု ကညန ဝန်ထမ်းတစ်ဦးပြောကြားသည်။ မွန်ပြည်နယ်မှာက သက်တမ်းတိုးရင် Online Booking တင်စရာမလိုဘူး Online Booking တင်ရတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ Booking တင်ရင် စုံ…
-

ဆန်တက်လာတဲ့သင်္ဘောတွေကို တက်ညီလက်ညီ ဝိုင်းဒွမ်
ကနီ-မင်းကင်းအစပ်သို့ ဆန်တက်လာသော စစ်သင်္ဘော ၂၈ စီးကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) နှင့် မဟာမိတ်တပ်ဖွဲ့များထံမှ သိရသည်။ CSRAF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇူလိုင် ၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မုံရွာမြို့ အလုံ-မင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ်သို့ ရောက်ရှိလာချိန်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေယာဉ်အုပ်စုတွင် ဒရုန်းပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား တင်ဆောင်လာသည့် တိုက်ခိုက်ရေးစစ်သင်္ဘော ၄ စီးနှင့် ဖလက်သံခွန်သင်္ဘော ၂၄ စီး…
-

သူခိုးနဲ့ ယောက်ျားဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောက်ျားကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ
သူခိုးနဲ့ ယောက်ျားဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောက်ျားကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောက်ျားဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောက်ျားဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့ သိရပါတယ်။ ဇူလိုင် ၇ ရက် မနေ့က မနက်အစာပိုင်း ၃ နာရီခန့်က မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးကို အိမ်ရှင်အမျိုးသားက အသံကြားလို့ ထွက်ကြည့်ရာက အပြန်အလှန် လုံးထွေး တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ လုံးထွေး တိုက်ခိုက်နေတဲ့ အသံကို ကြားတာကြောင့် အိမ်ရှင်ရဲ့ အမျိုးသမီးဖြစ်သူက သံတုတ်ကိုင်ကာ ဝင်လာပြီး သူခိုးနဲ့ အမျိုးသားဖြစ်သူတို့ လုံးထွေးနေတာကို…