မာမား ခေါက်ဆွဲဘူးကို ရေနွေးနဲ့ ပြုတ်ပေးတာ ၈၀၀၀ တဲ့ ဝင်ကြေး (၂) သောင်းတောင် ပေးရတာဆိုတော့ လူရှုပ်သက်သာပြီး သီးသန့်ဆန်ဆန် အဆင့်မြင့်မယ်ထင်ပြီး ဝန်ကြီးများရုံး (Secretariat) သင်္ကြန်ကို သွားမိကာမှ တကယ့်ကို အဆိုးဆုံး အတွေ့အကြုံနဲ့ ကြုံခဲ့ရပါတယ်ရှင်။ (မှတ်ချက် – Facebook ၏ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေး Community Standards နှင့် မငြိစွန်းစေရန် မူရင်းစာသားမှ အသုံးအနှုန်းအချို့ကို အနည်းငယ် ပြင်ဆင်ရေးသားထားပါသည်။) 💦 သင်္ကြန်မှာ ရေမစိုတဲ့ အဖြစ် သင်္ကြန်ပွဲတော်ဆိုပေမယ့် ပက်စရာရေမရှိလို့ ရေမစိုခဲ့ရတာကတော့ အတော်လေးကို အံ့ဩစရာပါပဲ။ လျှောက်လမ်းတစ်ခုမှာပဲ ရေနည်းနည်းဖျန်းပေးထားပြီး ကျန်တဲ့နေရာတွေ အားလုံးက ခြောက်သွေ့နေတာပါပဲရှင်။ 🎤 အဆိုတော်တွေရဲ့ အလွဲများ နာမည်ကြီး အဆိုတော်တွေ လာမယ်ဆိုပြီး…
အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး၊ နိုင်ငံတကာ၏ ထောက်ခံမှုကို အပြည့်အဝမရခဲ့သည့် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ခေါ်ကာ သမ္မတရာထူးကိုယူထားသည့် ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့် အရပ်သားသားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း တအာင်းတပ် TNLA က ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်သည်။ “ဦးမင်းအာင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန်ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်” ဟု တအာင်းတပ်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။ ထို့ပြင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ‘ငြိမ်းချမ်းစွာ’ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားကြောင်းလည်း PSLF ၏ သဝဏ်လွှာတွင် ဖော်ပြသည်။ “မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့်…
မျှော်လင့်ချက်တွေနဲ့ ထွက်ခွာခဲ့ပေမယ့် အဆုံးသတ်မှာ ကြေကွဲခဲ့ရတဲ့ သူငယ်ချင်း (၄) ယောက် ”မလေးရှားမှာ အလုပ်လုပ်ပြီး မိသားစုကို လုပ်ကျွေးမယ်” ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်ရပ်ကိုယ်ရွာကနေ အတူတူထွက်လာခဲ့ကြတဲ့ တီးတိန်မြို့နယ်က လူငယ်လေး (၄) ယောက်… ဒါပေမဲ့ လမ်းခုလတ်မှာတင် အောက်ဆီဂျင်ပြတ်လပ်ပြီး သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က မြန်မာပြည်ကနေ ထွက်ခွာလာပြီး လမ်းမှာ ပွဲစားကားက လူတွေကို အဆမတန် ပြည့်ကျပ်စွာ တင်ဆောင်လာတာကြောင့် လေဝင်လေထွက်မရဘဲ Tg. Pau Lam Kim တစ်ယောက် အသက်ရှူကျပ်ပြီး ကွယ်လွန်သွားခဲ့တာပါ။ သူငယ်ချင်းတစ်ယောက် သေဆုံးသွားတာကို မြင်လိုက်ရတဲ့ Kap Lian Kim လည်း စိတ်ရှော့ခ်ဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ…
အာရက္ခတပ်တော် (AA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေး ထိပ်တိုက်ရင်ဆိုင်နေရသည့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ကပစ ၁၆ အားလုံခြုံရေးယူထားသည့် မြန်မာစစ်တပ် ကာကင်းစခန်းများမှ သင်္ကြန်ကာလအတွင်းပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်များထွက်ပြေးမှုမှာထိန်းမနိုင်သိမ်းမရဖြစ်နေသည်ဟု သတင်းရရှိသည်။ ယခုထွက်ပြေးမှုများသည်အာရက္ခတပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးမှ၂၀၂၆ ခုနှစ် ဧပြီ၁၁ရက်နေ့စွဲဖြင့်မြန်မာစစ်တပ်မှအနည်းဆုံးတပ်ဖွဲ့ဝင် ၁၅ဦး၏လက်နက်ချလာကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းတွင်ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု တော်လှန်ရေးနှင့်နီစပ်သည့် သတင်းရင်းမြစ်က နိရဉ္စရာ သို့ပြောဆိုသည်။ “ဒီဧပြီ ဒုတိယအပတ်မှာလည်း ထပ်မံထွက်ပြေးမူရှိနေတယ်။ထွက်ပြေးမှုက ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်။ ထွက်ပြေးကြတာ။ တချို့က နီးစပ်ရာတော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်မှုရှိနေတယ်။တချို့လည်းကိုယ်လွှတ်ရုန်း ထွက်ပြေးကြတယ်လို့ သိရပါတယ်” ဟု ပြောသည်။ ယခုထွက်ပြေမှုများသည်ဧပြီလ ဒုတိယအပတ်မှစတင်ပြီး ပိုမိုများပြားလာသည်ဟု သိရသည်။ ထွက်ပြေးကြသည့်စစ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ရောက်ရှိသွားပါကအသက်ချမ်းသာရာရသွားပြီး ထွက်ပြေးနေသူများကိုဝိုင်းပိတ်ဆို့ လိုက်ရှာနေသည့် စစ်တပ် စစ်ကြောင်းနှင့် တိုးလျှင် အသေပစ်သတ်ခံရသည်ဟု သိရသည်။ “ပြည်သူ့စစ် တချို့တပ်ဖွဲ့ဝင်တွေက ဒေသခံမဟုတ်တဲ့ခါ လမ်းမသိဘူး။တချို့ဆိုလည်း သူတို့ကင်းပုန်းချထားတဲ့…
လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်သည့်တိုက်ပွဲတွင် ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်းလည်း ပါဝင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား ဧပြီလ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၇) ရက်နေ့ နံနက် (၀၅:၀၀) နာရီ အချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်ယက်စခန်းသိမ်းတိုက်ပွဲတွင် ရန်သူသေဆုံးအလောင်း (၈) လောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ဦးတို့ရှိခဲ့သည်။ စခန်းသိမ်းတိုက်ပွဲပြီးနောက် တပ်ကူပေးရန်ရောက်ရှိလာသော ရန်သူ့တပ်ကူစစ်ကြောင်းများနှင့် စခန်းစွန့်ခွါထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းခဲ့ရာ ရန်သူသေဆုံး (၁၄) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၉) ဦးရှိခဲ့ပြီး MA1 ၃ လက်၊ MA11 ၄ လက်၊ MA4 ၁ လက်၊ ၅.၅၆ (ကပစ)…