Category: News

  • ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ ပထမ ဝန်ခံချက်

    ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ ပထမ ဝန်ခံချက်

    “ကျနော်တို့က ရိက္ခာ နဲ့ အင်အား လိုအပ်ချက်တွေများလာလို့အာဆာ အာအက်စ်အို အေအာအေ အကြမ်းဖက်အဖွဲ့က ကူတိုက်ပေးဖို့ လက်နက် ၁၂၄ လက်၊ လောင်ချာ ၁၂ လက်၊ ခဲယမ်း ကျည်ဆံ ၇၅၀၀၊ RPG လောင်ချာဗုံးသီး ၈၄ လုံး၊ မြေမြုပ်မှိုင်း ၅၂ လုံးတို့ကို သူတို့ထံ ပေးအပ်ခဲ့သလို၊ ဆန်အိန် ၄၂ အိတ်၊ ပဲ ၉ အိတ် တို့ကိုလည်းပေးခဲ့ပါတယ်”လို့ ပထမဆုံး ဝန်ခံပါတယ်။ သူရိန်ထွန်းနှင့်အတူ ဖမ်းဆီးရမိသော အာဆာအကြမ်းဖက်အဖွဲ့မှ တာဝန်ခံ နှစ်ဉီးအား မေးမြန်းစစ်ဆေးရာမှာလဲ တထပ်တည်း ဝန်ခံထားပါတယ်။ ဒုတိယအချက်ကတော့ မောင်တော တောင်ကုတ် ဒေသက ရခိုင် အရပ်သားများကို ရသလောက် ပြန်ပေးဆွဲပြီး အာရက္ခ တပ်တော် အဆိုပါဒေသက…

  • လက်နက်ကိုင်နည်းလမ်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

    လက်နက်ကိုင်နည်းလမ်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ပြော

    တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လက်နက်ကိုင်နည်းလမ်းတွေနဲ့ ချိုးဖောက်နေကြတာလို့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အ ခမ်းအနားမှာ စစ်ခေါင်းဆောင်က နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြား‌အောင် လုပ်ဆောင်နေတာဟာ တိုင်းရင်းသားပြည်သူတွေရရှိမယ့် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပျက်ပြားအောင် ဖျက်ဆီးနေတာလို့ ဆိုပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက အာဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဟာ စစ်ကောင်စီဆိုတာ အားလုံးကသိနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့သူတွေကို အပြစ်ပုံချတဲ့သဘောလို့ ပြောပါတယ်။ “စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုခံရတဲ့ တိုင်းရင်းသားပြည်သူတွေကိုပြန်ပြီး အ ပြစ်ပုံချတဲ့သဘောပါပဲ။ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုချိုးဖောက် လက်နက်အားကိုး အာ ဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာက စစ်ကောင်စီဆိုတာ တစ်တိုင်းပြည်လုံးရော…

  • ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ

    ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ

    ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခုရှိလာ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကွန်ဂိုနှင့် အိုက်ယာလန်နိုင်ငံတို့ကပါ ပါဝင်ရန် လျှောက်ထားနေပြီဖြစ်ပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခု ရှိလာကြောင်း ICJ တရားရုံး၏ သတင်းထုတ်ပြန်ချက်နှင့် အိုင်ယာလန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) က တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာကြောင်း ICJ တရားရုံးက သတင်းထုတ်ပြန်သည်။…

  • ဗန်းမော်မြို့ ဧရိယာ အများစု KIA ထိန်းချုပ်၊ စကခ(၂၁)နှင့် ခလရ(၄၇)ကိုဆက်လက်ခိုက်​နေ

    ဗန်းမော်မြို့ ဧရိယာ အများစု KIA ထိန်းချုပ်၊ စကခ(၂၁)နှင့် ခလရ(၄၇)ကိုဆက်လက်ခိုက်​နေ

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက ဗန်းမော်မြို့သိမ်း တိုက်ပွဲဆင်နွှဲလျက်ရှိရာ မြို့ဧရိယာ အများစုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကချင်စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့် မံစီ မြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို KIAနှင့် မဟာမိတ်တပ်များက တပြိုင်တည်း ထိုးစစ်ဆငိတိုက်ခိုက်နေခြင်းဖြစ်သည်။မြို့သိမ်းတိုက်ပွဲ ၉ ရက်ရှိလာချိန်တွင်စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို KIAက သိမ်းပိုက်ထားနိုင်ပြီဖြစ်​ကြောင်း စုံစမ်းသိရသည်။ “မြို့တွင်း ၇၅ရာခိုင်နှုန်းလောက်ပဲ သိမ်းနိုင်သေးတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဗန်းမော်မြို့ရဲ့ အဓိက စကခ(၂၁)နဲ့ ခလရ(၄၇) တော့ ဝင်ရောက်နိုင်တာ မကြားသေးပါဘူး။ တိုက်ပွဲ ဆက်ဖြစ်နေဆဲ။ မြေပြင် အခြေအနေကို စောင့်ကြည့်နေဆဲပါ” ဟု ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဒီဇင်ဘာ ၁၁ရက် တိုက်ပွဲတွင် KIA သိမ်းပိုက်ထားပြီးဖြစ်သည့် ဗန်းမော်…

  • လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ဘက်ကဖွင့်သော်လည်း KIA ပိတ်ထား

    လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ဘက်ကဖွင့်သော်လည်း KIA ပိတ်ထား

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားသည့် လွယ်ဂျယ်မြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်အစိုးရဘက်က ဒီဇင်ဘာ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ လွယ်ဂျယ်မြို့အပါအဝင် KIA ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြီးခဲ့သည့် လပိုင်းများအတွင်း တဖက်သတ်ပိတ်ပင်ခဲ့ပြီးနောက် KIA ဘက်ကလည်း အတားအဆီးများ ပြန်လည်ချထားခဲ့ခြင်းဖြစ်သည်။ တရုတ်ဘက်က ဂိတ်ပြန်ဖွင့်သော်လည်း KIAဘက်က ဖွင့်ပေးခြင်းမရှိသေးဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့(ဒီဇင်ဘာ ၁၂ ရက်) ပြောသည်။ ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ တစ်ဦးကလည်း “လွယ်ဂျယ်ဂိတ်ကျတော့ တရုတ်ဘက်က မနေ့ကနေ စပြီးဖွင့်ထားတာတော့ရှိတယ်။ ဒါပေမဲ့ ဒီဘက်က KIA ဘက်က ဖွင့်လှစ်ထားခြင်းမရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောဆိုထားတာရှိပါတယ်”ဟု ပြောသည်။ KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအား တရုတ်အစိုးရက ဖိတ်ခေါ်ခဲ့ရာ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ဒီဇင်ဘာ ၈ရက်တွင် တရုတ်နိုင်ငံသို့…