ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းက ဘုန်းကြီးများစွာနဲ့ ဖောက်ပြန်ခဲ့တဲ့ ဒါယိကာမ ဇီကာဂေါက်ဖ် ဖမ်းဆီးခံရပြီးတဲ့နောက် မကြာခင်မှာဘဲ နောက်ထပ် ခရိုင်အဆင့် သံဃမဟာနာယကဆရာတော်နဲ့ ဒါယိကာမ တယောက်တို့ လူမှုရေး ဖောက်ပြန်မှု ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ ဆရာတော်မှာ ထိုင်းမြောက်ပိုင်း နခွမ်းဆဝမ်ခရိုင်က သံဃမဟာနာယကနဲ့ နာမည်ကြီးကျောင်းတိုက်တခုရဲ့ ကျောင်းထိုင်ဆရာတော် ထမ်မဝချီရ ထီလခွန်းဆရစ် ခေါ် နိုင်းဆရစ်ကျန်ပရထစ် ( အသက် ၆၆ နှစ် ) ဖြစ်ပြီး ဒါယိကာမကတော့ အသက် ၅၆ နှစ်ရွယ် ဇီကာနမ့်ဝမ် ခေါ် နန်းဆောဝ် ဖူးထိနီ ဖြစ်ပါတယ်။ ဆရာတော်ဟာ နေ့ခင်းဆိုရင် သင်္ကန်းဝတ်နဲ့ ကျောင်းတိုက်မှာနေပြီး ညပိုင်းမှာတော့ လူဝတ်လဲ ၊ မျက်ခုံးမွှေးဆွဲ ၊ ဆံပင်တုတပ်ကာ ဒါယိကာမဖြစ်သူနဲ့ နေထိုင်တယ်၊ အခုလို…
သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် စစ်ကောင်စီ ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်း စစ်ဆေးပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေး
စစ်ကောင်စီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်) က တိုက်ရိုက်ကွပ်ကဲတဲ့ “IPRD MEDIA RESPONSE GROUP” အမည်ပေးထားတဲ့ အဖွဲ့တွေဟာ တိုင်းနှင့်ပြည်နယ်အလိုက် လှုပ်ရှားနေပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းတွေအောက်မှာ အကောင့်တု (Fake Accounts) များစွာကို အသုံးပြုပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မှန်ကန်ကြောင်း၊ ဝန်ထမ်းတွေရဲ့ သစ္စာရှိမှုကို ချီးကျူးကြောင်းနဲ့ နိုင်ငံရေးအရ အတိုက်အခံတွေကို ရှုတ်ချတဲ့ ကွန်မန့်တွေကို အစုလိုက်အပြုံလိုက် ဝင်ရောက်ရေးသားဖို့ပဲ ဖြစ်ပါတယ်။ လက်ခံရရှိထားတဲ့ ပဲခူးတိုင်း IPRD Media Response Group ရဲ့ ဇွန်လ လကုန်ပိုင်း အစီရင်ခံစာတစ်ခုမှာဆိုရင် ဝါဒဖြန့်စစ်ဆင်ရေးရဲ့ လှုပ်ရှားမှုပုံစံကို ပိုမိုမြင်သာစေခဲ့ပါတယ်။ အစီရင်ခံစာအရ၊ DVB သတင်းဌာနမှာ တင်ထားတဲ့ “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပို့စ်တင်သည့်…
တနင်္သာရီတိုင်းမြောက်ပိုင်း ရေဖြူမြို့နယ်တွင် ထိုင်း-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းအနီး တစ်ခုတည်း ကျန်နေသည့် စစ်ကော်မရှင်၏ နတ်အိမ်တောင်စခန်းထံ စစ်ကူလာသော စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က ဩဂုတ်လ ၁၃ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်လိုက်ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးတပ်များထံက သိရသည်။ ကလိန်အောင်မြို့အခြေစိုက်စစ်ကော်မရှင်၏ ခလရ ၂၈၂ ၊ ခမရ ၄၀၉ နှင့် ခမရ ၄၁၀ တပ်မှ စစ်ကြောင်း နှစ်ကြောင်းကို ကလိန်အောင်မြို့မြောက်ဘက် ၅ မိုင်အကွာ ကော့လှိုင်ရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တော်လှန်ရေးတပ်များဘက်က ဩဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ကော့လှိုင်ရွာသည် ရေဖြူမြို့မြောက်ဘက် မိုင် ၃၀ အကွာတွင်ရှိပြီး ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင် စခန်း၏ အနောက်ဘက် ၁၅ မိုင်အကွာတွင် တည်ရှိသည်။စစ်တပ်စစ်ကြောင်း ၂…
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့မှ တပ်ရင်းမှူး ဆရာလေးက ပြောကြားသည်။ ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်း၌ အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချထားသော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် 10 kg ဗုံးသီး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအ တွက် အတိအကျ သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ “ဩဂုတ် ၁၃ ရက်နေ့ ၂ နာရီလောက်မှ အင်အားတွေထပ်ဖြည့်ထားတာ၊ ညနေ ၄…