Category: News

  • နာမည်ကြီးသရုပ်ဆောင်တွေ အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်ရှင် ရိုက်ကူးမှုကြောင့် ဝေဖန်ခံနေရ

    နာမည်ကြီးသရုပ်ဆောင်တွေ အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်ရှင် ရိုက်ကူးမှုကြောင့် ဝေဖန်ခံနေရ

    မြန်မာနိုင်ငံ၏ နာမည်ကြီးသရုပ်ဆောင်များသည် စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ရုပ်ရှင် ရိုက်ကူးခဲ့မှုကြောင့် ဝေဖန်ခံနေရကြောင်း သိရသည်။

    အဆိုပါ ရုပ်ရှင်သည် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဟု အမည်ပေးထားပြီး စစ်ကော်မရှင်လက်အောက်ခံ မီဒီယားများနှင့် စစ်တပ်လော်ဘီများ က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြခဲ့ပြီးနောက် ပါဝင်ခဲ့သည့် အနုပညာရှင်များကို ပြည်သူများက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

    “နေ့စဉ်နဲ့အမျှ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြည်သူတွေ အလူးအလဲခံစားနေရတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေကိုလဲ ဗုံးကြဲ၊ ရွာတွေကိုလဲ မီးရှို့နေတယ်။ အဲ့ဒါကိုတော့ မပြောဘူး။ ရွေးကောက်ပွဲအတွက်တော့ ရုပ်ရှင်ရိုက်ပြကြတယ်။ အဲ့ဒီမှာ ထူးခြားတာက သရုပ်ဆောင်အများစုက အကယ်ဒမီရထားတဲ့လူတွေကြီးပဲ၊ ဦးမိုက်ပြောသလို ဘယ်သူမှ နားထင်တေ့ပြီး လုပ်ခိုင်းတာမဟုတ်ဘူး” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသားထက်ဇော်က ပြောသည်။

    အဆိုပါ ဝါဒဖြန့် ရုပ်ရှင်တွင် နေတိုး၊ မြင့်မြတ်၊ အေးချမ်းမောင်၊ နေဝင်း၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်စသည့် သရုပ်ဆောင်များအပြင် တက်သစ်စ အနုပညာရှင်များနှင့် ဟာသလူရွှင်တော်များစွာ ပါဝင်ထားသည်ကို တွေ့ရသည်။

    “စစ်တပ်အာဏာသိမ်းတုန်းကတော့ လက်သီး လက်မောင်းတန်းပြီး ဆန္ဒပြခဲ့တာလဲ ဒီကောင်တွေပဲ၊ ဆန္ဒပြပွဲတွေပြီးလို့ လက်နက်ကိုင်တော်လှန်တော့ ဒီကောင်တွေပဲ စစ်တပ်ကို မတာ၊ ဖက်ခွက်စားလို့ ပြောရင်လဲ ဒီကောင်တွေက နာတယ်။ အမှန်ပြောရင်လက်မခံနိုင်တဲ့အထဲ စစ်တပ်ပြီးရင် ဒီကောင်တွေလဲပါတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

    အဆိုပါ ဝါဒဖြန့်ရုပ်ရှင်တွင် စစ်တပ်အာဏာသိမ်းချိန်မှ စတင်ကာ လက်ရှိ အတုအယောင်ရွေးကောက်ပွဲ ကျင်းပမည့်ကာလအတွင်း CDM အကြောင်းအရာများ၊ လူငယ်များ ပြည်ပသို့ ထွက်ရောက်မှု ကိစ္စများနှင့် မီဒီယာများအကြောင်းတို့ကို ထည့်သွင်းထားပြီး ထည့်သွင်းထားသည့်အကြောင်းအရာများသည်လည်း ပုတ်ခတ်စော်ကားထားသည့် အကြောင်းအရာများသာဖြစ်သည်။

    “နေတိုး၊ မြင့်မြတ်တို့လို နာမည်ကြီး သရုပ်ဆောင်တွေထည့်ရိုက်ကတည်းက ဒါက သာမန်လူထုတွေကို ဝါဒဖြန့်ဖို့ ဖြစ်တယ်။ နေတိုးဆို ရခိုင်တိုင်းရင်းသား၊ ရခိုင်ပြည်သူတွေ နေ့စဉ်ဗုံးကြဲခံနေရတာကို သိရှိပြီးသားလေ၊ သူဆို ပိုမပါဝင်သင့်ဘူး။ ဒါကြောင့် အခုရုပ်ရှင်မှာပါဝင်တဲ့ သူတွေကို လူမှုရေးပြစ်ဒဏ်သေချာလုပ်သင့်ပါတယ်” ဟု စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် အမည်မဖော်လိုသော တော်လှန်အနုပညာရှင်တစ်ဦးက ပြောသည်။

    ဝါဒဖြန့် ရိုက်ကူးထားသည့် “​ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင် ဇာတ်လမ်းတိုသည် Tik Tokနှင့် တယ်လီဂရမ်ချန်နယ်များ၌ စစ်တပ်လော်ဘီများက ကျယ်ကျယ်ပြန့်ပြန်ဖြန့်ဝေလျက်ရှိပြီး ယင်းဇာတ်လမ်းကို ပြည်သူများအနေဖြင့် မကြည့်ရှု့ရန် တော်လှန်သူများက တိုက်တွန်းထားကြသည်။

    ထို့ပြင် ဝါဒဖြန့် ဇာတ်ကား၌ ပါဝင်သည့် သရုပ်ဆောင်တစ်ဦးချင်းကို မှတ်သားထားပြီး လူမှုရေးပြစ်ဒဏ်များကို ထိထိရောက်ရောက်လုပ်ဆောင်သင့်သည်ဟု လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားမှုများလည်းရှိနေသည်။

  • အာဆီယံထိပ်သီးအစည်းအဝေး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ဖွင့်လှစ်

    အာဆီယံထိပ်သီးအစည်းအဝေး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ဖွင့်လှစ်

    မြန်မာမပါဘဲ နိုင်ငံတကာခေါင်းဆောင်တွေစုံညီတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က (၄၇) ကြီမြောက် အာဆီယံထိပ်သီးအစည်းအဝေး မြင်ကွင်း

    မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၂၆ ရက် ဒီနေ့ ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ‘မြန်မာတွေ ပိုင်ဆိုင်မှုနဲ့ မြန်မာဦးဆောင်မှု’သာ ဖြစ်ရမယ်လို့ ပြောကြားသွားပါတယ်။

    အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်အရ အာဆီယံဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျှော့ချဖို့အတွက် ရရှိနိုင်တဲ့ လမ်းကြောင်းတိုင်းနဲ့ မိတ်ဖက်တိုင်းကို အသုံးပြုနေပေမဲ့ ရေရှည်တည်တံ့တဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို အတင်းအကျပ် ပြဋ္ဌာန်းလို့မရကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးဟာ ‘မြန်မာတွေ ပိုင်ဆိုင်မှုနဲ့ မြန်မာဦးဆောင်မှု’သာ ဖြစ်ရမယ်၊ ဒါမှလည်း ပြန်လည်သင့်မြတ်ရေးက ရေရှည်တည်တံ့မှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    ဒီကနေ့ မလေးရှားနိုင်ငံမှာ စတင်ကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးကိုတက်ရောက်လာတဲ့ အာဆီယံနဲ့ ဒေသတွင်းအပါအဝင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရယ်ဂူတာရက်စ်တို့ လက်ဆွဲနှုတ်ဆက်ကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

    တီမောလက်စ်တေသမ္မတ ဟိုဆေးရာမို့စ်ဟော်တာကိုလည်း နိုင်ငံ့ခေါင်းဆောင်တွေနဲ့အတူ စင်ပေါ်မှာ တွေ့ရပါတယ်။

    ဒီအာဆီယံထိပ်သီးအစည်းအဝေးမှာ လနဲ့ချီကြာလာပြီဖြစ်တဲ့ အမေရိကန်ရဲ့ အာရှနိုင်ငံတွေ အပေါ် အခွန်အကောက်နှုန်း တိုးမြှင့်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းရေး အာဆီယံခေါင်းဆောင်အများစုက ကြိုးပမ်းလိုကြပါတယ်။

    သမ္မထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲထဲမှာ အရှေ့တောင်အာရှက အမေရိကန်အတွက် အဖိုးတန်ဈေးကွက်တစ်ခုဖြစ်ပြီး အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာတာက တရုတ်နိုင်ငံကို ရင်ဆိုင်ရာမှာလည်း မဟာဗျူဟာအရ အရေးပါလာပါမယ်လို့ အကဲခတ်တွေကရှုမြင်ကြပါတယ်။

    လက်ရှိမှာ အမေရိကန်ကုမ္ပဏီတွေက တရုတ်နိုင်ငံကနေ ထွက်ခွာပြီးနောက် အာရှဒေသတွင်းနိုင်ငံတွေမှာ ပြောင်းရွှေ့ ထုတ်လုပ်လျက်ရှိကြပါတယ်။

    အမေရိကန်ဟာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ လို့ နိုင်ငံတွေအတွက် ထိပ်တန်း ပို့ကုန်နိုင်ငံလည်းဖြစ်ပါတယ်။

    ဒါကြောင့် ဒီအာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံဆွေးနွေးပွဲအတွင်းဘယ်လို သဘောတူညီချက်တွေ ရရှိနိုင်ကြမလဲဆိုတာကို မလေးရှားမှာ ရေးထိုးမယ့် ကုန်သွယ်မှု သဘောတူညီချက်တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

    ဓာတ်ပုံ – မလေးရှားဝန်ကြီးချုပ်ရုံး

  • ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

    ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

    မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိ

    မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိကြောင်း အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ခံကိုမြတ်က ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုငး်၊ သရက်ခရိုင် ၊ မင်းတုန်းမြို့၊ အင်းလည်ကုန်းကျေးရွာအနီး၊ မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသွားကားများကိုု လက်နက်ဖြင့် ခြိမ်းခြောက် ဆက်ကြေးကောက်ရန် ထွက်လာသော ရဲတပ်သား ၂ ဦးဖြစ်သည့် နေမင်းထက်နှင့် သန်းထိုက်စိုးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့ကာ ရဲ ၂ ဦးစလုံး သေဆုံးခဲ့ကြောင်း၊ အဆိုပါရဲ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊တပ်ခွဲ ၂ ၊ တပ်စိပ် ၅ က ကင်းပုန်းဝပ်၍ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “သူတို့က စစ်ရေးဆေးဂိတ်ကို ထွက်လာတာထက် အဲဒီအနီးအနားတစ်၀ိုက်မှာ ဖြတ်သန်းဖြတ်လာ ခရီးသွားကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာကြတာပါ။ အရင်ကလည်းအဲဒီလိုပဲ လာလာပြီး ကောက်နေကြတာပါ။ အဲဒါကို ကျနော်တို့က သတင်းအရ ကင်းပုန်းဝပ်ပြီးတော့ ၂၅ ရက်နေ့ ညမှာကတည်းက ကင်းပုန်းကြိုဝပ်ပြီးတော့ စောင့်ဆိုင်း ပစ်ခတ်တာဖြစ်ပါတယ်။ သူတို့က ကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာကြတာပါ။ မင်းတုန်းမြို့ ရဲတပ်ဖွဲ့ဝင်တွေပါ” ဟု အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ခံ ကိုမြတ်က ရှင်းပြသည်။

    အဆိုပါ သေဆုံးသွားသော ရဲ ၂ ဦးထံမှ G3 ၂ လက် ၊ G3 ကျည်ဘောက် ၂ ခု ၊ G3 ကျည် ၂၉ တောင့် ၊ လက်ပစ်သီး ၁ လုံး ၊ လက်ထိပ် ၁ ခု ၊ ဖုန်း ၁ လုံး နှင့် ငွေသား ၆၅၀၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က မင်းတုန်းမြို့ကို အခြေပြု၍ တပ်စွဲထားပြီး မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏ ဆိုသလို စစ်ကြောင်းထိုးမှုများ ရှိကြောင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို တော်လှန်ရေးတပ်များက နယ်မြေ အဓိကစိုးမိုးထားကြောင်း ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

  • ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး

    ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး

    ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး

    ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ပြီးထွက်ပြေးသွားခဲ့တဲ့ တရားခံကို ထိုင်းရဲတပ်ဖွဲ့ကအောက်တိုဘာလ၂၄ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    တရားခံဟာ သေဆုံးသွားသူရဲ့မိန်းမကိုဖုန်းဆက်ပြီး နင့်ယောက်ျား အသတ်မခံချင်ဘူးဆိုရင် ဘတ်ငွေ ၅ သောင်း ရှာလာပေးဆိုပြီး တောင်းတယ်၊

    ဆုံးသွားသူရဲ့မိန်းမကလည်း သူ့ယောက်ျားကိုစိတ်ပူ‌တော့ တရားခံတောင်းတဲ့ ဘတ်ငွေ ၅ သောင်း သွားရှာတယ်

    ဒါပေမယ့် မရခဲ့ဘူး။ ၁ သောင်းပဲရတယ်။

    ဒီလိုနဲ့ ရလာတဲ့ ဘတ်ငွေ ၁ သောင်းကို အရင်ယူထားဦးဆိုပြီး တရားခံကိုလွှဲပေးပြီးတဲ့နောက်မှာ တရားခံကို ဆက်သွယ်လို့လည်းမရတော့ဘူး။

    အဲဒီနောက်မှာ ယောက်ျားဖြစ်သူ အသတ်ခံရပြီး ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ထားတာကို ထိုင်းရဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။

    ဆုံးသွားသူရော တရာခံပါ နှစ်ယောက်စလုံး မြန်မာတွေဖြစ်ကြပါတယ် ။..

  • တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ…

    တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ…

    တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ သီဆိုဖျော်ဖြေနေရင်း လဲကျကွယ်လွန်

    အောက်တိုဘာ ၂၅ ရက် ညပိုင်းမှာEastern Yangon Event Park တွင် ပြုလုပ်ခဲ့တဲ့ IDIOTS တီးဝိုင်းရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲ မှာ Fever 109 ဂီတအဖွဲ့က ‌တေးသံရှင် အဒီနို ဟာ သီဆိုဖျော်ဖြေရင်း စင်ပေါ်မှာ ရုတ်တရက် လဲကျခဲ့ပြီး ‌ေ-သဆုံးသွားတယ်လို့ သိရပါတယ်။

    “မငိုနဲ့တော့” သီချင်းကို သီဆို ဖျော်ဖြေနေရင်း ရုတ်တရက် လဲကျခဲ့ပြီး ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။

    အဆိုရှင် အဒီနို ဟာ သူ့ရဲ့ နှလုံးကျန်းမာရေးမကောင်းတဲ့ကြားက Idiots နှုတ်ဆက်ပွဲကို လာရောက် ဖျော်ဖြေတာဖြစ်ပြီး သူက နှလုံးသွေးကြောပိတ်ရောဂါကို ကုသထားရပြီး နှလုံးမှာ Heart Stent ထည့်ထားရသူလည်း ဖြစ်တယ်လို့သိရပါတယ်။

    အဒီနိုရဲ့ Fever 109 Band ဟာ ၂၀၀၅ ခုနှစ်ဝန်းကျင်က စတင်ပေါ်ပေါက်ခဲ့ပြီးဂီတသက်တမ်း ၁၉ နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။

    Idiots အဖွဲ့နှုတ်ဆက်ပွဲမှာ ရေမွန်ရဲ့သီချင်းဆိုရင်း ပရိတ်သတ်တွေကို အပြီးတိုင် နှုတ်ဆက်သွားတဲ့ အဆိုတော် အဒီနို

    Idiots အဖွဲ့နှုတ်ဆက်ပွဲမှာ အဖွဲ့ဝင်လည်းဖြစ်ပြီး တော်လှန်ရေးကာလအတွင်း တောတွင်းတနေရာမှာ ကျဆုံးသွားခဲ့တဲ့ အဆိုတော်ရေမွန်အတွက် အမှတ်တရ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်အဒီနိုဟာ စင်ပေါ်မှာ သီချင်းသီဆိုရင်း နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ သိရပါတယ်။

    Idiots Farewell Tour – IDF ကို ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ၊ Eastern Yangon Event Park မှာ ကျင်းပခဲ့တာဖြစ်ပြီး ပါဝင်သီဆိုနေတဲ့ Fever 109 ရဲ့ အဆိုရှင်ဖြစ်သူ အဒီနိုဟာ ရေမွန်ရဲ့ “မငိုပါနဲ့တော့” ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာပဲ စင်ပေါ်မှာ လဲကျသေဆုံးခဲ့တာဖြစ်ပါတယ်။

    အဆို‌တော် အဒီနိုဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး ဒီနေ့ညမှာ ဖျော်ဖြေတဲ့ ပွဲကိုလည်း ကျန်းမာရေး မကောင်းတဲ့ကြားထဲကနေ လာရောက်ဖျော်ဖြေသွားခဲ့တာဖြစ်တယ်လို့ အဒီနိုနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းက လှုမှုကွန်ရက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

    Idiots Farewell Tour – IDF ပွဲဟာ Idiots အဖွဲ့ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်သလို အဆိုရှင် ရေမွန်အတွက် အမှတ်တရ ကျင်းပတဲ့ပွဲ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

    Idiots အဖွဲ့ရဲ့ အဆိုရှင်ဖြစ်တဲ့ ရေမွန်ဟာ စစ်တပ်က အာဏာသိမ်းပြီး ကာလအစောပိုင်းမှာ တော်လှန်ပြည်သူတွေနဲ့အတူ အာဏာရှင်ကို တော်လှန်ဆန့်ကျင်ရင်း လွတ်မြောက်နယ်မြေတနေရာမှာ ငှက်ဖျားရောဂါကြောင့် ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။

    RIP ကိုအဒီနို

    ဆေးရုံကားပေါ်မရောက်တာ ဆယ်စုနှစ်တနှစ်ပြည့်တော့မယ်

    ဒီနေ့ Idiots Farewell ပွဲသွားကြည့်ရင်း FEVER 109 အလှည့် နောက်ဆုံးအပုဒ်ဆိုနေရင်း ကိုအဒီနို လဲကျသွားတယ်

    ကိုယ်လည်းပွဲ Area ထဲကနေ Barrier တွေခုံတက်ပြေးသွားရင်း ဆရာဝန်ပါဆိုတာပြောပြပြီး Emergency ကားပေါ်ကိုယ်ပါလိုက်သွားခွင့်ရခဲ့တယ်

    ဆေးရုံပြေးကြတာပေါ့

    Emergency ကားပေါ်ကိုယ်နဲ့ပါလာတာ ပွဲလာကြည့်တဲ့ထဲက ညီအကို ၂ ယောက်

    အဲ့ညီအကို ၂ ယောက် တကယ်တော်တယ်

    Emergency အတွေ့အကြုံရှိတယ်

    ကျနော်တို့ ၃ ယောက် မရှိရှိတဲ့ ပစ္စည်းတွေနဲ့ ဆေးရုံရောက်တဲ့အထိ လုပ်သွားကြရတာ

    ဒီညီလေး ၂ ယောက်ကို တကယ်ချီးကျူးတယ်

    သူတို့ Contact လည်းမယူလိုက်မိဘူး

    ကျနော်တို့ ၃ ယောက် ရှိတဲ့ပစ္စည်းလေးတွေနဲ့ အကောင်းဆုံးကြိုးစားပြီး CPR လုပ်ရင်း ဆေးရုံခေါ်သွားပေးခဲ့ပါတယ်

    ဒီညီလေး ၂ ယောက် ပိုအားစိုက်ကြိုးစားခဲ့ပါတယ်

    ကျေးဇူးတင်ပါတယ် ညီကိုတို့ရေ

    Heart Attack ပါ

    RIP ကိုအဒီနို

    Rkar Soe

    ရုပ်သံ – Pho Thar Lay/FB

    ရုပ်သံ-အဆိုတော် အဒီနို သီချင်းဆိုရင်း စင်ပေါ် ရုတ်တရက် လဲကျသွားစဉ် (Yan Naing Tun facebook)