ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး
ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ပြီးထွက်ပြေးသွားခဲ့တဲ့ တရားခံကို ထိုင်းရဲတပ်ဖွဲ့ကအောက်တိုဘာလ၂၄ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
တရားခံဟာ သေဆုံးသွားသူရဲ့မိန်းမကိုဖုန်းဆက်ပြီး နင့်ယောက်ျား အသတ်မခံချင်ဘူးဆိုရင် ဘတ်ငွေ ၅ သောင်း ရှာလာပေးဆိုပြီး တောင်းတယ်၊
ဆုံးသွားသူရဲ့မိန်းမကလည်း သူ့ယောက်ျားကိုစိတ်ပူတော့ တရားခံတောင်းတဲ့ ဘတ်ငွေ ၅ သောင်း သွားရှာတယ်
ဒါပေမယ့် မရခဲ့ဘူး။ ၁ သောင်းပဲရတယ်။
ဒီလိုနဲ့ ရလာတဲ့ ဘတ်ငွေ ၁ သောင်းကို အရင်ယူထားဦးဆိုပြီး တရားခံကိုလွှဲပေးပြီးတဲ့နောက်မှာ တရားခံကို ဆက်သွယ်လို့လည်းမရတော့ဘူး။
အဲဒီနောက်မှာ ယောက်ျားဖြစ်သူ အသတ်ခံရပြီး ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ထားတာကို ထိုင်းရဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဆုံးသွားသူရော တရာခံပါ နှစ်ယောက်စလုံး မြန်မာတွေဖြစ်ကြပါတယ် ။..


Leave a Reply