Category: News

  • ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

    ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

    ပေါက်ခေါင်းတွင် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှ လူအချိန်အပြောင်း ပြုလုပ်ပြီး ပြန်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

    အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါ အထိုင်စခန်းမှ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာသော အင်အား ၄၄ ဦးပါ စစ်ကြောင်းကို ပဲခူးတိုင်း၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၊ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်များက တောင်လည်ကျေးရွာအနီးရှိ ဂွေးပင်ကုန်းနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ဒဏ်ရာရစစ်သားများကို ထမ်းစင်ဖြင့် ပြန်လည် သယ်ထုတ်သွားကြောင်း သိရှိရသည်။

    ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ‌ နေရာကို တော်လှန်ရေး ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သုံးကျောပိုးအိတ်တစ်လုံး၊ MA ကျည်ဘောက် ၁ ခု ၊ BA 100 ဗုံးသီး ၁ လုံး၊ 5.56ကျည် ၇၀ တောင့်၊ power ban ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အလားတူ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ အထိုင်စခန်းမှ အင်အား ၅၀ ခန့် ပါဝင်သော စစ်တပ် ခြေလျင်စစ်ကြောင်းကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နှင့် ရွှေတောင် ပကဖ တို့ ပူးပေါင်းပြီး အုတ်ဖိုကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့ တွင်လည်း ပေါက်ခေါင်းမြို့နယ် ချင်းလည်ဂိတ်မှ ကင်းပုန်းဝပ်ရန် ထွက်လာသော အင်အား ၂၀ ခန့်ပါ‌‌စစ်ကြောင်းနှင့် ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် ၂ ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ နှင့် ရွှေတောင် (ပကဖ) မှရဲဘော်များ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ပေါက်ခေါင်းမြို့နယ်ထဲမှာတော့ စစ်ခွေးတွေနဲ့ ထိတွေ့မှုဖြစ်တာကတော့ ဆက်တိုက်ကို ဖြစ်ပွားခဲ့ပါတယ်။ ကျနော်တို့ ပြောက်ကျား ပုံစံနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ပစ်ခတ် တိုက်ခိုက်တာ လုပ်ဆောင်ခဲ့တော့ ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး။ စစ်ခွေးတွေက ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

  • ပြင်ဦးလွင်မှ ၁၂ တန်းကျောင်းသူလေးနှင့် မိခင်ကို ရက်ရက်စက်စက် သတ်ခဲ့သူ

    ပြင်ဦးလွင်မှ ၁၂ တန်းကျောင်းသူလေးနှင့် မိခင်ကို ရက်ရက်စက်စက် သတ်ခဲ့သူ

    8 10. 2025 မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ ကလေးမုန့် တွေရောင်းနေတဲ့ နန်းမိုဟွမ်ခမ်း ဆိုသူ မှ

    ဘော်ဒါဆောင် ကျောင်းတက်နေသူ ၁၂ တန်းကျောင်းသူလေး နှင့် ကျောင်းပိတ်ရက်မှာ ထိုကျောင်းသူထံသို့သွားသူ ကျောင်းသူကောင်မလေး၏ အမေ အား

    ဘော်ဒါဆောင်မှမုန့်ရောင်းသူ မိုဟွမ်ခမ်း က 8 10 2025 ရက်နေ့ မနက် ၇:၃၀ မှာ သူ့ကို အကူအညီခဏပေးပါရန် ပြောပြီး ကျောင်းသူ၏အမေအား အပြင်သို့ခေါ်ဆောင်သွားသည်။

    ခဏ ဟုဆိုပြီးကြာနေသော အခါ ကျန်ရစ်ခဲ့သူ ကျောင်းသူက အမေဖြစ်သူအား ဖုန််းခေါ်ဆို၍မရတော့ပါ။

    ထိုအခါ မုန့်ရောင်းသူ မိုဟွမ်ခမ်း ကိုယ်တိုင် က ကျန်ရစ်ခဲ့သူထိုကျောင်းသူအား နင့်အမေ ခေါ်ခိုင်းလိုက်ကြောင်း

    နင့်အမေဖုန်း ကျကွဲ လို့ ဖုန်းဆက်မရနိုင်ကြောင်း

    နင့်အမေနှင့်သွားဖို့သူနဲ့လိုက်ခဲ့ ရန် ဆိုင်ကယ်နှင့် ပြင်ဦးလွင်မြို့ပြင် လူပြတ်သောနေရာသို့ခေါ်ဆောင်သွားပြီး ခဏနားမည် ဟု ကာ ဆိုင်ကယ်ရပ်ပြီးနားနေစဉ် ခဏအတွင်း ကျောင်းသူလေး၏ ဦးခေါင်းနောက်စေ့အား အသင့်ပါလာသော ဝိုင်ပုလင်းဖြင့် အားကုန်ရိုက်လိုက်ပြီး မှောက်သွားတဲ့အခါ ကျောင်းသူလေးကို ခွစီးထားပြီး ကျောင်းသူလေး၏ဦးခေါင်းနှင့်မြေကြီးကို ဆောင့်ရိုက်ပြီး မေ့မျော့ နေစဉ် ဓာတ်ဆီ ဖြင့်လောင်းပြီး မီးရှို့ နေစဉ်

    ကျောင်းသူကောင်မလေးမှာ နာကျင်မှု မီးလောင်စွဲမှု တို့နှင့် သတိရတချက် မရတချက် သတိရ တဲ့တချက်မှာ မီးလောင်စွဲနေတဲ့ အင်္ကျီ ကို ဆွဲချွတ်လိုက်ပြီး
    လမ်းဘေးမှာ ရှိတဲ့ ကြံခင်းခြံ ထဲသို့ ရှိသမျှ အားကုန် ထွက်ပြေးပြီး အနီးအနားကရွာသူရွာသူများ၏ ကူညီစောင့်ရှောက်မှုကြောင့် ဒဏ်ရာဒဏ်ချက်များနှင့် အသက်ချမ်းသာရာရပြီး အရေးပေါ် ဆေးရုံသို့ရောက်သွားသော်လည်း

    အမေဖြစ်သူမှာ လူသတ်မ မိုဟွမ်မ်ခမ်း၏ လူမဆန် လူစိတ်မရှိ ရက်ရက်စက်စက် သတ်ဖြတ်မှူကြောင့် အသက်သေဆုံးခဲ့ရပါပြီ

    လက်ရှိအချိန်မှာ လူသတ်မတရားခံ မိုဟွမ်ခမ်း ထွက်ပြေးလွတ်နေပါ သဖြင့် တွေ့ရှိပါက အောက်ပါ ဖုန်း နံပါတ်ဆီသို့ ဆက်သွယ်ပေး ပါရန် မေတ္တာရပ်ခံပါတယ်

    09 5026357

    09 444014959

    အသတ်ခံရသူမှာ ကျွန်မ အစ်မဖြစ်ပြီး ကျောင်းသူ ကောင်မလေး ကျွန်မ တူမလေး ဖြစ်ပါသည်။

    Credit

  • ကျင့်ဝတ်နဲ့စည်းကမ်းချိုး​ဖောက်ခဲ့တဲ့ရဲ​ဘော်​တွေကို အ​ရေးယူမယ်လို့ စဥ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

    ကျင့်ဝတ်နဲ့စည်းကမ်းချိုး​ဖောက်ခဲ့တဲ့ရဲ​ဘော်​တွေကို အ​ရေးယူမယ်လို့ စဥ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

    စည်းကမ်းချိုးဖောက်တဲ့ စတားလင့်အင်တာနက်စက်ပိုင်ရှင်ကိုလည်း အ​ရေးယူမယ်လို့အသိပေး

    အချင်းများမှုမှာ နှစ်ဘက်စလုံးပူး​ပေါင်း​ဆောင်ရွက်မှုလိုအပ်ချက်ရှိခဲ့သလို အားနည်းချက်တွေရှိခဲ့တယ်လို့ပြည်သူအချို့​မှတ်ချက်ပြု

    လူထုအပေါ် ဆက်ဆံပြုမှုရမယ့် စည်းကမ်းကျင့်ဝတ်တွေချိုးဖောက်ခဲ့တဲ့ရဲဘော်တွေကို ထိထိရောက်ရောက်သတိ​ပေး၊ အရေးယူမယ်လို့စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် စည်းကမ်းချိုးဖောက်တဲ့ စတားလင့် အင်တာနက် စက်ပိုင်ရှင်ကိုလည်း ထုတ်ပြန်ချမှတ်ထားတဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်း အရေးယူမယ်လို့ ဆိုပါတယ်။

    “စတားလင့် စက်ပိုင်ရှင်ဘက်ကိုတော့ စည်းမျဥ်းစည်း ကမ်းချိုးဖောက်မှုနဲ့သက်ဆိုင်တဲ့ ကဏ္ဍကိုပဲ အရေးယူသွားဖို့ရှိပြီးတော့ ဗီဒီယို ဖိုင်ထဲက ဖြစ်စဥ် ပေါ် မှာတော့ သီးခြားအရေးယူသွားဖို့ မရှိပါဘူး၊ရဲဘော်တွေကိုတော့ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေနဲ့ အရေးယူသွားမှာပါ”လို့ စဥ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

    “လက်ရှိ မြို့နယ်ရဲ့ အုပ်ချုပ်ရေး ယန္တယားကလည်း ပြည်သူ့အုပ်ချုပ်ရေး ယန္တရား အ ပြည့်အဝ အ ကောင်အထည်ဖော်နိုင်သေးတာမဟုတ်ဘဲ စစ်ဘက် အရပ်ဘက် တွဲ အုပ်ချုပ်ရတဲ့အခါ တချို့ သော ကိစ္စ တွေမှာ စစ်ဘက်ဆိုင်ရာ စည်းကမ်းတွေ ကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်တဲ့ကိစ္စလေးတွေမှာ လူထုနဲ့ မကြာခဏ ပွတ်တိုက်ပြဿနာတက်ရတာရှိပါတယ်။ဒီလိုမျိုးပြဿနာတွေ နည်းပါးသထက် နည်းပါးအောင် ကြိုးစားသွားပါမယ်၊ ဒေသတွင်း မှာနေကြတဲ့ ပြည်သူလူထုဘက်ကလည်း အရေးပေါ် အုပ်ချုပ်ရေး က ထုတ် ပြန်တဲ့ စည်းမျဥ်းစည်းကမ်းကို တိတိကျကျ လိုက်နာပေးကြဖို့ “သူက ဆက်ပြောပါတယ်။

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ရဲဘော်တွေနဲ့ ပြည်သူအချို့ ​ အချင်းများခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က သတင်းရရှိချက်အရ စဥ့်ကူးမြို့နယ် ကျေးရွာတစ်ရွာမှာ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ အသုံးပြုတဲ့ စတားလင့် အင်တာနက်ကို သိမ်းဆည်းဖို့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ပူး
    ပေါင်းအင်အား ငါးဦးကသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့်စတားလင့်အင်တာနက် ပိုင်ရှင်က တာဝန်ရှိသူ လာရောက်သိမ်းဆည်းမှ လက်ခံမယ်လို့ ပြန်လည်ပြောဆိုလို့ မွန်းလွဲ ၃ နာရီမှာအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်နဲ့ တာဝန် ရှိသူတစ်ဦး၊ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦး ထပ်မံသွားရောက်ခဲ့ပါတယ် ။အဲလိုသွား​ရောက်စဥ်မှာ ရဲ​ဘော်​တွေနဲ့ ပြည်သူ​တွေ အချင်းများခဲ့ပြီး ၊ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကို ​အောက်တိုဘာ ၁၂ ရက်​နေ့မှာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာ​တွေ့ရပါတယ် ။

    လေ့လာချက်အရ တာဝန်ကျရဲဘော်တွေအနေနဲ့ ကနဦး ကောင်းမွန်စွာရှင်းပြပြီး ပြဿနာမဖြစ်ပွားရေး ဦးတည်ဆောင်ရွက်ခဲ့တာ တွေ့ရတယ်လို့ စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က​ဖော်ပြထားပါတယ်။

    ဒါပေမယ့် ဖြစ်စဥ်နောက်ပိုင်းမှာ ရဲဘော်တွေအနေနဲ့ ပြည်သူလူထုအပေါ် ပြုမှုဆက်ဆံရမယ့်စည်းကမ်းနဲ့ကျင့်ဝတ်ကို ချိုးဖောက်ပြီး စိတ်လိုက်မာန်ပါ တုံ့ပြန်ခဲ့တာကို စိတ်မကောင်းစွာ တွေ့ရတယ်လို့ အသိပေးပါတယ်။

    ရုပ်သံဖိုင်မှာ စတားလင့်အင်တာနက်ကို ဆိုင်ဖွင့်ထားလို့ တားမြစ်ထားတဲ့ စည်ကမ်းချိုး​ဖောက်တယ်ဆိုပြီး အ​ရေးယူဖို့အိမ်ကိုလာ​ခေါ်တာမှာ ၊ပြည်သူ​တွေက စခန်းလိုက်ရမှာ​ကြောက်လို့မလိုက်ချင်​ကြောင်း၊ ပြစ်မှုကျူးလွန်ထားတာမရှိလို့ အကြမ်းမဖက်ဖို့ အနိုင်မကျင့်ဖို့​​ပြောတာကို​တွေ့ရပါတယ် ။ရဲ​ဘော်​တွေကလည်းအချင်းချင်းပြန်ထိန်းပြီး ရဲ​ဘော် ၂ ဦးကပဲ တာဝန်ရှိသူနဲ့စခန်းမှာရှင်းမယ်ဆိုပြီးထပ်ခါထပ်ခါ​ခေါ်သလို ၊အိမ်ရှင်ကလည်း ပြည်သူ​တွေက အကုန်လုံးကို​ကြောက်​နေရတယ်ဟု တစ်ဖက်နဲ့တဖက် မနားတမ်း​ပြောရင်းအချင်းများခဲ့တာကို​တွေ့ရပါတယ်။PDF တချို့လိုက်ပါလာကြ​ပေမယ့် စကားများကြချိန်မှာ ပါဝင်တာမ​တွေ့ရသလို ၊ရဲ​ဘော်​တွေက လက်နက်ထုတ်ပြတာမျိုးမ​တွေ့ရပါဘူး။

    စစ်တပ်ကအရပ်သားပြည်သူ​တွေကိုပါ ဒီနှစ်ထဲမှာပစ်မှတ်ထားဗုံးကြဲသတ်ဖြတ်တာ​တွေပိုလုပ်လာပြီးတဲ့​နောက် ​တော်လှန်​ရေးထိန်းချုပ်​တွေမှာ အင်တာနက်အသုံးပြုခွင့်ကန့်သတ်​လေ့ရှိပါတယ်။စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ကလည်းအလားတူကန့်သတ်ထားတယ်လို့သိရပါတယ်။

    အထက်ပါ အချင်းများမှုရုပ်သံဖိုင် ပျံ့နှံခဲ့ပြီး​နောက် လူမှုကွန်ယက်မှုလည်း စစ်အာဏာရှင်ကို​တော်လှန်​နေတဲ့ PDF ​တွေက စစ်တပ်လို အာဏာပြတယ်ဆိုပြီး ​ဝေဖန်မှု​တွေရှိပါတယ်။

    အလားတူ အချင်းများတဲ့ ပြည်သူ​တွေကိုလည်း စစ်တပ်ဆိုရင် အခုလို ​ဆက်ဆံမှာ မဟုတ်ပဲ PDF ​တွေ ၊လူငယ်ရဲ​ဘော်​တွေကိုကြ ​လေး​လေးစားစားမဆက်ဆံပဲ အကြမ်းဖက်ခံရတယ်၊အနိုင်ကျင့်ခံရတယ်ဆိုပြီး တစ်ခွန်းမခံရန်​တွေ့တယ်ဆိုပြီး ​ဝေဖန်မှု​တွေလည်းရှိပါတယ်။

    “ပြည်သူအိမ်ကိုဒီလိုမတရားဝင်ရောက်ဖမ်းဆီးအကြမ်းဖက်လို့ရတာလား”လို့အထက်ပါရုပ်သံမှတ်တမ်းကိုကြည့်ပြီး ပြည်သူတဦးကမှတ်ချက်ပြုပါတယ် ။

    “အကြမ်းဖက်လို့ပြောရအောင်ကလက်နက်နဲ့ခြိမ်းခြောက်တာလား။သောင်းကျန်းတာလား။တကယ် အကြမ်းဖက် စကစ ဆိုရင်ဒီလိုတွေလက်ညိုးထိုးပြီး ပြန်ပြောနိုင်မှာတောင် မဟုတ်ဘူးနော်။ ပြည်သူ့ဘက်တော်သားတွေမို့ပါးစပ်နဲ့ပြောနေတာလို့ပဲ မြင်ပါတယ်”လို့ပြည်သူ တဦးကသူအမြင်ကို​​မှတ်ချက်ပြုပါတယ်။

    အခြားပြည်သူတဦးက”စစ်ရေးဆိုတဲ့ခေါင်းစဥ်နဲ့ Wifi ပိတ်ခိုင်းတာကို အခကြေးငွေနဲ့ လုပ်တာကို ညှိတာဖြစ်ပါမယ်၊ MDY PDF ကလည်း တာဝန်အရဆိုပြီး ဒေါသပါတာကတော့ ကြည့်မကောင်းပါ၊ ပြည်သူနဲ့ဆက်ဆံတာကို ပိုပြီးစကားပြောတတ်တဲ့သူကိုသုံးသင့် “လို့မှတ်ချက်ပြုပါတယ်။

    “နှစ်ဖက်စလုံးမှားတယ်သေချာရှင်းကြရမှာလေ။ တစ်ဖက်ကလဲ(ပြည်သူ)ရှင်းပြတာလက်မခံ ၊ဟိုကလည်း(​တော်လှန်​ရေးရဲ​ဘော်​တွေကလည်း) ဒေါသထွက်”လို့သူထင်မြင်ချက်ကို​ရေးပါတယ်။

    စဥ့်ကူးမြို့နယ်တွင်းမှာ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်တာတွေမှာ သတင်းပေါက်ကြားမှုတွေ​ရှိနေတဲ့အပြင် လေကြောင်းတိုက်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်နေတာကြောင့် ၂၀၂၅ခုနှစ် မတ်လ ၁၆ ရက်ကစပြီး စတားလင့်အသုံးပြုမှုကို စည်းမျဥ်းစည်းကမ်းညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

    စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ထားတာကြောင့် ဒေသခံတွေအနေနဲ့စတားလင့်အင်တာနက်ကို အသုံးပြုနေရတာ ဖြစ်ပါတယ်။နယ်မြေလုံခြုံရေးကြောင့် အိမ်သုံးသီးသန့်ကိုပဲ ခွင့်ပြုပြီး လိုင်းခွဲအသုံးပြုတဲ့(Public Use)ကို အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားပါတယ်။

    ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက်က မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနယ်အတွင်းက နယ်မြေတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

    ဒါ့အပြင် ​ကျောင်း​တွေ ၊ဘုန်ကြီး​ကျောင်း​တွေ ၊​ဈေး​တွေ ၊ဌာနဆိုင်ရာရုံး​တွေ စတဲ့ လူစည်ကား​လေ့ရှိတဲ့​နေရာ​တွေကိုပါ စစ်တပ်က ပစ်မှတ်ထားဗုံးကြဲတာ​ကြောင့် ၂၀၂၅ ခုနှစ်ထဲမှာပဲ စဥ်ကူးမြို့နယ်မှာ​သေဆုံးဒဏ်ရာရသူ ရာနဲ့ချီရှိ​နေပြီဖြစ်ပါတယ်။

    (​ဒေသခံပြည်သူ​တချို့နဲ့ ​တော်လှန်​ရေး ရဲ​ဘော်အချို့ စကားများ​နေကြစဥ်/ စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်)

  • ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်း နှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်း နှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်းနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက ပြောဆိုသည်။

    အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဖြူမြို့နယ်၊ မြို့မရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    အလားတူ ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်တွင် ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအတွင်း တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်သားများကိုလည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီခန့် တွင်လည်း လောင်းလုံးမြို့နယ် ခလရ ၁၀၄ တပ်ရင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း (Drone Team ) နှင့် DEF (Drone Team) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ပြည်သူများ အနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်းထားပြီး တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိနိုင်သောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များ ကို လိုက်နာ ကျင့်ကြံ ကြပါရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန်မြင့်လာသည် နှင့်အမျှ ပြည်သူ့ဘက် အမှန်တရားဘက် ရပ်တည်လိုသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံးပူးပေါင်းပေးကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်း ဖိတ်ခေါ်ထားသည်။

  • ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဇနီးဖြစ်သူ ဖောက်ပြန်ထားတဲ့ ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဇနီးဖြစ်သူနဲ့ အတူ လက်ရှိပေါင်းသင်းနေထိုင်နေသူတို့ နှစ်ဦး ဇန်နဝါရီလအတွင်းမှာ ပြင်ဦးလွင်ရှိ ဟိုတယ်တစ်ခုတွင် ၂ ရက်ကြာသွားအိပ်ခဲ့တဲ့ သက်သေအထောက်အထားကို မင်းညီက ရရှိထားတာပါ။

    အခြားသော ဟိုတယ်တွေမှာ သွားအိပ်ခဲ့တဲ့ သက်သေတွေလည်း အပြည့်ရှိတယ်လို့ မင်းညီကပြောပါတယ်။

    ထို့အပြင် ဇနီးဟောင်းဟာ အဆိုပါအမျိုးသားနှင့်အတူ မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲမှာ ဆု နာမည်နဲ့ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ခဲ့သေးတယ်လို့ဆိုပါတယ်။

    ထိုအချိန်က မီဒီယာတစ်ခုမှာ သူမအားပြန်လည်ပတ်သက်မှာစိုးရိမ်လို့ နောက်မိန်းမယူရင်လဲ ကိုယ့်ခေါင်းက ငရဲပန်း သူများကိုပေးလိုက်ရလို့ ဝမ်းသာတယ်လို့ ဖြေကြားခဲ့ပြီး နောက် ၂ လအကြာမှာမှ မင်းညီက မိသားစုနဲ့အဆင်ပြေမယ့်သူကို ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    သို့သော်လည်း ဇနီးသည်ဟာ သူကိုယ်တိုင် တိတ်တိတ်ပုန်း ဖောက်ပြန်နေပြီး သူ့အားအမှုဖွင့် အကြပ်ကိုင်ကာ လက်ရှိနေထိုင်နေသော နေအိမ်အား လွှဲပြောင်းပေးပါက အမှုပိတ်ပေးမည်ဟုပြောသောကြောင့် မင်းညီက သက်သေအထောက်အထား အပြည့်အစုံနဲ့ ပုသိမ်ကြီးရဲစခန်းမှာ တလင်တမယားဥပဒေဖြင့် အမှုဖွင့်လိုက်ပါတယ်။